သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယား စစ္ေဘးေရွာင္ ဦးေရမ်ားျပားလာမႈ စိုးရိမ္ဖြယ္ (ကုလေျပာခြင္႔ရ Farhan Haq)


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

(Zawgyi/Unicode)

ကယားျပည္နယ္ အတြင္း တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပး တိမ္းေရွာင္ရသူေတြ ပိုၿပီး မ်ားလာေနတာနဲ႔ အတူ အထူး စိုးရိမ္စရာ ကိစၥ ျဖစ္ေနေၾကာင္း ျမန္မာဆုိင္ရာ ကုလသမဂၢ အဖြဲ႔က သတိေပးထားပါတယ္။

“ျမန္မာႏုိင္ငံ အေရွ႕ေတာင္ပိုင္း ေဒသတြင္း ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေဒသတြင္းမွာဘဲ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ ၁၆၀,၀၀၀ ေက်ာ္ ရွိေနၿပီ ျဖစ္ေၾကာင္း ကုလသမဂၢ အဖြဲ႔က ေျပာပါတယ္။ ဒီထဲမွာ ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF နဲ႔ စစ္ေကာင္စီ တပ္ေတြၾကား တိုက္ပြဲေတြေၾကာင့္ ကယားျပည္နယ္တြင္း အိုးအိမ္စြန္႔ထြက္ေျပးသူ ၁၀၀,၀၀၀ ေက်ာ္လည္း ပါ၀င္ေၾကာင္း” ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယ ေျပာခြင့္ရ Farhan Haq က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ျမန္မာႏုိင္ငံ အေနာက္ပိုင္းက ခ်င္းျပည္နယ္မွာလည္း ၿပီးခဲ႔တဲ႔လက တိုက္ပြဲေတြ ျဖစ္ခဲ႔ၿပီးေနာက္ပိုင္း လူေပါင္း ၂၀,၀၀၀ နီးပါး အိုးအိမ္စြန္႔ခြာ ထြက္ေျပး တိမ္းေရွာင္ေနၾကရသလို ကခ်င္နဲ႔ ရွမ္းျပည္နယ္တြင္းမွာလည္း လူေပါင္း ေထာင္ခ်ီ အိုးအိမ္စြန္႔ၿပီး တိမ္းေရွာင္ေနၾကရေၾကာင္း ကုလသမဂၢက ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......

ကယား စစ်ဘေးရှောင် ဦးရေများပြားလာမှု စိုးရိမ်ဖွယ် (ကုလပြောခွင့်ရ Farhan Haq)

(Unicode)

ကယားပြည်နယ် အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေး တိမ်းရှောင်ရသူတွေ ပိုပြီး များလာနေတာနဲ့ အတူ အထူး စိုးရိမ်စရာ ကိစ္စ ဖြစ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။

“မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းမှာဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၆၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။ ဒီထဲမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်တွင်း အိုးအိမ်စွန့်ထွက်ပြေးသူ ၁၀၀,၀၀၀ ကျော်လည်း ပါဝင်ကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းက ချင်းပြည်နယ်မှာလည်း ပြီးခဲ့တဲ့လက တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း လူပေါင်း ၂၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ကချင်နဲ့ ရှမ်းပြည်နယ်တွင်းမှာလည်း လူပေါင်း ထောင်ချီ အိုးအိမ်စွန့်ပြီး တိမ်းရှောင်နေကြရကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG