သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ NCA လက္မွတ္ထိုးတိုင္းရင္းသားအဖဲြ႕ေတြနဲ႔ေတြ႕ဖို႔ ထိုင္းအစိုးရကမ္းလွမ္း


NCA ကို လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ အစိုးရနဲ ့ေဆြးေႏြးခဲ့စဥ္ 04.07.2019 (ဓာတ္ပံု - Official Publication)

(Zawgyi/Unicode)

ျမန္မာျပည္ရဲ့ လက္ရိွ အေျခအေနနဲ႔ ပတ္သက္ၿပီး ေတြ႔ဆံုေဆြးေႏြးဖို႔အတြက္ ထုိင္းႏိုင္ငံအစိုးရက တႏိုင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ကမ္းလွမ္းထားပါတယ္။ ဒီကမ္းလွမ္းခ်က္နဲ႔ပတ္သက္ၿပီး တုိင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ ေတြ႔ဆံုဖြယ္အလားအလာရိွေပမဲ့ ကိုဗစ္ကပ္ေရာဂါနဲ႔ ခရီး သြားလာေရးအခက္အခဲအရ အခ်ိဳ႔အဖဲြ႔ေတြကေတာ့ online က တစ္ဆင့္ ေဆြးေႏြးဖို႔ ရိွေနပါတယ္။ ဒီသတင္းရန္ကုန္က ေပးပို႔ထားတာကို ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

လက္ရိွ ျမန္မာႏိုင္ငံေရးအေျခအေနနဲ႔ပတ္သက္ၿပီး ထိုင္းႏိုင္ငံအစိုးရက NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ေမလ အေစာပိုင္းက စတင္ကမ္းလွမ္းခဲ့တာပါ။ဒီလို ကမ္းလွမ္းခဲ့တာနဲ႔အတူ အခ်ိဳ႔ လက္နက္ကိုင္အဖဲြ႔ေတြနဲ႔လည္း ေတြ႔ဆံုခဲ့တယ္လို႔ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖဲြ႔ခ်ဳပ္ PNLO ရဲ့ နာယက ဗိုလ္မႈးၾကီးခြန္ဥကၠာက VOA ေျပာပါတယ္။

“ ေမလတုန္းက တစ္ခါေတြ႔ၿပီးၿပီ။ ေမလတုန္းက ၃ဖဲြ႔ပဲေတြ႔တယ္။ KNU ေတြ႔တယ္၊ RCSS ေတြ႔တယ္။ ကရင္နီေတြ႔တယ္။ အဲဒီ ၃ေနရာသြားေတြ႔တာေတာ့ က်ေနာ္ လိုက္ေမးတယ္။ မင္းတို႔ NCA အတိုင္းေနမလား။ ခ်ိဳးေဖာက္ၿပီးေတာ့ တုိက္မလား ေမးတယ္တဲ့။ NCA အတိုင္းေနတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ ဆက္လုပ္တယ္ဆုိရင္ေတာ့ ထုိင္းက သူတုိ႔ လိုအပ္သလို ကူညီမယ္ေပါ့ဗ်ာ။ တုိက္ဖုိ႔ ဆံုးျဖတ္တယ္ဆုိရင္ေတာ့ တိုက္ေပါ့။ သို ့ေသာ္ ထုိင္းကေတာ့ အားမေပးဘူးေပါ့။ ဒါေျဗာင္ေျပာတာ။ ၿငိမ္းခ်မ္းေရးဆက္လုပ္ေပါ့။ အပစ္အခတ္ရပ္စဲေရး ဆက္ထိန္းေပါ့။ ဒါဆိုရင္ သူတုိ႔နဲ႔ အဆင္ေျပတယ္ေပါ့။”

ဒီလအတြင္းမွာေတာ့ NCA အပစ္ရပ္ ၁၀ဖဲြ႔နဲ႔ ေတြ႔ဆံုဖို႔ ထပ္မံ ကမ္းလွမ္းေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ ပါတယ္။
ဒီေတြ႔ဆံုပဲြဟာ ထိုင္းအစိုးရနဲ႔ တစ္ဖဲြ႔ခ်င္း ေတြ႔ဆံုေဆြးေႏြးမယ့္ အလားအလာရိွေနၿပီး ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ေတြ႔ဆံုမယ္ဆုိတာေတာ့ ဆံုးျဖတ္ႏိုင္တဲ့အေျခအေန မရိွေသးပါဘူး။

ထိုင္းအစိုးရကဘက္က ကမ္းလွမ္းတာကို ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္က အေၾကာင္းၾကားတာျဖစ္ေၾကာင္းနဲ႔ ထုိင္းအစုိးရနဲ႔ ေတြ႔ဆုံ ေဆြးေႏြးမယ့္ အလားအလားကုိ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ဒုဥကၠဌ ၃ျဖစ္တဲ့ ေဒၚေစာျမရာဇာလင္းက အခုလို ေျပာပါတယ္။

“ က်မကေတာ့ ေခၚတဲ့အေၾကာင္းရင္းကိုေတာ့ က်မ မသိဘူး။ ဒါေပမဲ့ က်မတို႔ ရံုးက ေျပာတာကေတာ့ ထိုင္းက အစိုးရက သူတုိ႔ေတြနဲ႔ ေတြ႔ဖို႔အတြက္ အဖဲြ႔တုိင္းကို ဖိတ္ေခၚတယ္ဆုိတာမ်ိဳးကေတာ့ က်မတုိ႔ စာကို ရတယ္။ ရတယ္ဆုိေတာ့ က်မတို႔က စဥ္းစားတယ္။ ထိုင္းဘက္ကမ္းကို က်မတုိ႔ သြားလို႔ မရဘူး။ အခုေလာေလာဆည္မွာ Quarantine ေတြ ရိွတယ္။ အဲဒါေၾကာင့္မို႔ က်မတို႔ အေၾကာင္းျပန္တာကေတာ့ ဘာအေၾကာင္းနဲ႔ ေတြ႔မွာလဲ။ ေတြ႔မယ္ဆုိရင္က်မတို႔က Online နဲ႔ ေတြ႔မယ္လုိ႔ပဲ က်မတုိ႔ ပါတီအေနအထားကေတာ့ စာျပန္ထားပါတယ္။ ဒါေပမဲ့ က်မ သတင္းမွာ ေတြ႔ရသေလာက္ဆုိရင္ တခ်ိဳ႔အဖဲြ႔အစည္းေတြကေတာ့ သူတုိ႔ေတြနဲ႔ ေတြ႔ဖို႔ ဆုိတာမ်ိဳး က်မ ၾကားရပါတယ္။”

ထိုင္းအစိုးရကဘက္က ကမ္းလွမ္းတာကို ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္က အေၾကာင္းၾကားတာျဖစ္ေၾကာင္း ေျပာပါတယ္။ အဓိက ေတြ႔ဆံုေဆြးေႏြးဖို႔ ကမ္းလွမ္းတာကေတာ့ ျမန္မာျပည္ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး အေျဖရွာႏိုင္ေရးအတြက္ ျဖစ္ႏိုင္ေၾကာင္းလည္း ေဒၚေစာျမရာဇာလင္းက သံုးသပ္ ေျပာဆုိပါတယ္။

“ က်မထင္တာကေတာ့ ထုိင္းအစိုးရအေနနဲ႔ လက္ရိွ ႏိုင္ငံေရးအေပၚမွာ တစ္ဖဲြ႔ခ်င္းစီရင္ ဆႏၵသေဘာထားကို ေမးႏိုင္တယ္။ ၿပီးလုိ႔ရိွရင္ သူတုိ႔ေတြက လက္ရိွႏိုင္ငံေရးရဲ့ အေျဖ၊ ႏိုင္ငံေရးရဲ့ အေျခအေနတစ္ခုအေပၚမွာ တစ္ခုခု ဘယ္လုိ အေျဖရွာႏိုင္မလဲလို႔ စဥ္းစားတဲ့ ပံုမ်ား ျဖစ္ေလမလားေပါ့။ အဲလိုပံုစံမ်ိဳးလည္း က်မ စဥ္းစားပါတယ္။”

တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြအေနနဲ႔ ေနရာေဒသအသီးသီးမွာ အေျခစိုက္ေနတာေၾကာင့္ ထုိင္းအစုိးရနဲ႔ ေတြ႔ဆံုေဆြးေႏြးေရးနဲ႔ပတ္သက္ၿပီး ဘယ္အဖဲြ႔က ဘယ္ေနရာမွာ ေတြ႔ဆံုမယ္ဆုိတာ ႏွစ္ဘက္အၾကား ညိွႏိႈင္းဖို႔ ရိွေနၿပီး အေစာဆံုး ဒီလကုန္ပိုင္းေလာက္ ေတြ႔ဆံုပဲြေတြ စတင္ဖြယ္ရိွေၾကာင္း ခန္႔မွန္းတာေတြ ရိွေနပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ NCA လက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဖို့ ထိုင်းအစိုးရကမ်းလှမ်း

(Unicode)

မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့အတွက် ထိုင်းနိုင်ငံအစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တွေ့ဆုံဖွယ်အလားအလာရှိပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ခရီး သွားလာရေးအခက်အခဲအရ အချို့အဖွဲ့တွေကတော့ online က တစ်ဆင့် ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီသတင်းရန်ကုန်က ပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရက NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မေလ အစောပိုင်းက စတင်ကမ်းလှမ်းခဲ့တာပါ။ဒီလို ကမ်းလှမ်းခဲ့တာနဲ့အတူ အချို့ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက VOA ပြောပါတယ်။

“ မေလတုန်းက တစ်ခါတွေ့ပြီးပြီ။ မေလတုန်းက ၃ဖွဲ့ပဲတွေ့တယ်။ KNU တွေ့တယ်၊ RCSS တွေ့တယ်။ ကရင်နီတွေ့တယ်။ အဲဒီ ၃နေရာသွားတွေ့တာတော့ ကျနော် လိုက်မေးတယ်။ မင်းတို့ NCA အတိုင်းနေမလား။ ချိုးဖောက်ပြီးတော့ တိုက်မလား မေးတယ်တဲ့။ NCA အတိုင်းနေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လုပ်တယ်ဆိုရင်တော့ ထိုင်းက သူတို့ လိုအပ်သလို ကူညီမယ်ပေါ့ဗျာ။ တိုက်ဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ တိုက်ပေါ့။ သို့သော် ထိုင်းကတော့ အားမပေးဘူးပေါ့။ ဒါဗြောင်ပြောတာ။ ငြိမ်းချမ်းရေးဆက်လုပ်ပေါ့။ အပစ်အခတ်ရပ်စဲရေး ဆက်ထိန်းပေါ့။ ဒါဆိုရင် သူတို့နဲ့ အဆင်ပြေတယ်ပေါ့။”

ဒီလအတွင်းမှာတော့ NCA အပစ်ရပ် ၁၀ဖွဲ့နဲ့ တွေ့ဆုံဖို့ ထပ်မံ ကမ်းလှမ်းကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။
ဒီတွေ့ဆုံပွဲဟာ ထိုင်းအစိုးရနဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးမယ့် အလားအလာရှိနေပြီး ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ဆုံမယ်ဆိုတာတော့ ဆုံးဖြတ်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး။

ထိုင်းအစိုးရကဘက်က ကမ်းလှမ်းတာကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အကြောင်းကြားတာဖြစ်ကြောင်းနဲ့ ထိုင်းအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမယ့် အလားအလားကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ၃ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“ ကျမကတော့ ခေါ်တဲ့အကြောင်းရင်းကိုတော့ ကျမ မသိဘူး။ ဒါပေမဲ့ ကျမတို့ ရုံးက ပြောတာကတော့ ထိုင်းက အစိုးရက သူတို့တွေနဲ့ တွေ့ဖို့အတွက် အဖွဲ့တိုင်းကို ဖိတ်ခေါ်တယ်ဆိုတာမျိုးကတော့ ကျမတို့ စာကို ရတယ်။ ရတယ်ဆိုတော့ ကျမတို့က စဉ်းစားတယ်။ ထိုင်းဘက်ကမ်းကို ကျမတို့ သွားလို့ မရဘူး။ အခုလောလောဆည်မှာ Quarantine တွေ ရှိတယ်။ အဲဒါကြောင့်မို့ ကျမတို့ အကြောင်းပြန်တာကတော့ ဘာအကြောင်းနဲ့ တွေ့မှာလဲ။ တွေ့မယ်ဆိုရင်ကျမတို့က Online နဲ့ တွေ့မယ်လို့ပဲ ကျမတို့ ပါတီအနေအထားကတော့ စာပြန်ထားပါတယ်။ ဒါပေမဲ့ ကျမ သတင်းမှာ တွေ့ရသလောက်ဆိုရင် တချို့အဖွဲ့အစည်းတွေကတော့ သူတို့တွေနဲ့ တွေ့ဖို့ ဆိုတာမျိုး ကျမ ကြားရပါတယ်။”

ထိုင်းအစိုးရကဘက်က ကမ်းလှမ်းတာကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အကြောင်းကြားတာဖြစ်ကြောင်း ပြောပါတယ်။
အဓိက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကတော့ မြန်မာပြည်နိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေရှာနိုင်ရေးအတွက် ဖြစ်နိုင်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက သုံးသပ် ပြောဆိုပါတယ်။

“ ကျမထင်တာကတော့ ထိုင်းအစိုးရအနေနဲ့ လက်ရှိ နိုင်ငံရေးအပေါ်မှာ တစ်ဖွဲ့ချင်းစီရင် ဆန္ဒသဘောထားကို မေးနိုင်တယ်။ ပြီးလို့ရှိရင် သူတို့တွေက လက်ရှိနိုင်ငံရေးရဲ့ အဖြေ၊ နိုင်ငံရေးရဲ့ အခြေအနေတစ်ခုအပေါ်မှာ တစ်ခုခု ဘယ်လို အဖြေရှာနိုင်မလဲလို့ စဉ်းစားတဲ့ ပုံများ ဖြစ်လေမလားပေါ့။ အဲလိုပုံစံမျိုးလည်း ကျမ စဉ်းစားပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နေရာဒေသအသီးသီးမှာ အခြေစိုက်နေတာကြောင့် ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဘယ်နေရာမှာ တွေ့ဆုံမယ်ဆိုတာ နှစ်ဘက်အကြား ညှိနှိုင်းဖို့ ရှိနေပြီး အစောဆုံး ဒီလကုန်ပိုင်းလောက် တွေ့ဆုံပွဲတွေ စတင်ဖွယ်ရှိကြောင်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG