သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္လုပ္ရပ္ေတြ အားေပးေၾကာင္း စြပ္စဲြခ်က္ KNPP ပယ္ခ်


ကယားျပည္နယ္ ဒီးေမာ့ဆုိၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္ရဲ႕ ပစ္ခတ္မႈေတြေၾကာင့္ ေတာေတာင္ထဲ ပုန္းေအာင္ေနရတဲ့ ေဒသခံအခ်ဳိ႕။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားသူေတြရဲ႕ အၾကမ္းဖက္ တုိက္ခုိက္မႈေတြကုိ ပံ့ပုိးကူညီေနေၾကာင္း ျမန္မာစစ္ေကာင္စီရဲ႕ စြပ္စဲြခ်က္ကုိ စြပ္စဲြခံခဲ့ရတဲ့ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ KNPP က ပယ္ခ်လုိက္ပါတယ္။ ဆႏၵျပလူငယ္ေတြ ကုိယ့္ဘာသာ ခုခံကာကြယ္ႏုိင္ေအာင္ သင္တန္းေပးခဲ့တာသာ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ စေနေန႔က စစ္ေကာင္စီ သတင္းစာရွင္းလင္းပဲြမွာ KNPP အျပင္ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ဖဲြ႔နဲ႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးတုိ႔ကုိပါ အၾကမ္းဖက္လုပ္ရပ္ေတြကုိ အားေပးေနတယ္ ဆုိၿပီး စြပ္စဲြလုိက္တဲ့အေပၚ တုံ႔ျပန္ခ်က္ကုိေတာ့ ကုိဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

စစ္ေကာင္စီရဲ႕ ျပန္ၾကားေရး ဒုဝန္ႀကီးလည္းျဖစ္တဲ့ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက …

“အၾကမ္းဖက္သင္တန္းေတြ ေထာက္ပံ့မႈေတြမွာ EAO အဖြဲ႔အခ်ဳိ႕ရဲ႕ ပါဝင္ပတ္သက္ေနမႈကုိ က်ေနာ္တို႔ေျပာပါမယ္။ KNPP အဖြဲ႔ထံကေန ဧၿပီလ ၁၆ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ လက္နက္ငယ္နဲ႔ မုိင္းသင္တန္းတက္ၿပီး ျပန္လာတဲ့သူ ၇၄ ဦးကို ဧၿပီလ ၃၀ ရက္ေန႔မွာ ဖ႐ူဆုိၿမိဳ႕ ၿမိဳ႕ေရွာင္လမ္းမွာ ဖမ္းဆီးရမိတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။” လို႔ ေျပာပါတယ္။

ဒီအေပၚ KNPP အတြင္းေရးမွဴး ၁ ခူးဒန္နီယယ္ကေတာ့ အခုလို တုံ႔ျပန္ပါတယ္။

“အဲဒီတုန္းကလည္း သပိတ္က ရွိေနတုန္းဆုိေတာ့ သပိတ္ေမွာက္တဲ့အခ်ိန္မွာ ၿဖိဳခြဲလိုက္ရင္ ဘယ္လုိေရွာင္ရွားမွာတုိ႔၊ ဘယ္လုိကာကြယ္ရမလဲ စသျဖင့္ အဲဲဒါ အဓိက သင္ေပးတယ္။ လူငယ္ဆုိေတာ့လည္း အေျခခံလက္နက္ငယ္ကေတာ့ တရက္ႏွစ္ရက္ေလးကေတာ့ ဘာမွမဟုတ္ေလာက္ဘူးေပါ့ေလ။ တကယ္တမ္း ကၽြမ္းက်င္တဲ့ ရဲေဘာ္တေယာက္ ျဖစ္ဖို႔ဆုိတာက သင္တန္းေတြ အမ်ားႀကီး ရွိရတယ္။ မုိင္းေထာင္တဲ့ဟာက က်ေနာ္တုိ႔ မေပးဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အႏၱရာယ္လည္း ရွိတယ္။ ေနာက္ၿပီးေတာ့ ကုန္ၾကမ္း အမ်ားႀကီး စုေဆာင္းရတယ္။ အခ်ိန္ေပးရတယ္။ အဲဒီဟာက ဒီ တပတ္ႏွစ္ပတ္နဲ႔ကေတာ့ ဘယ္လိုမွ မျဖစ္ႏုိင္ပါဘူး။”

ဒါ့အျပင္ လက္နက္သင္တန္း ေပးတာအတြက္လည္း ခူးဒန္နီယယ္က…

“က်ေနာ္တုိ႔ လက္နက္ငယ္သင္တန္းမွာကေတာ့ ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့အခ်ိန္မွာ သူတုိ႔လက္ထဲမွာ လက္နက္ရေကာင္း ရႏုိင္တယ္ေပ့ါေလ။ အဲဒီလက္နက္ကုိ ဘယ္လုိအႏၱရာယ္ရွိလဲ၊ ဘယ္လုိအသုံးျပဳရမလဲ၊ တဖက္က တကယ္ပစ္မယ္ဆုိရင္ ဘယ္လို ျပန္သုံးရမလဲ ဆုိတာေတာ့ နည္းနည္းပါးပါး ပါတယ္ေလ။ အဓိကေတာ့ ကုိယ့္ကုိယ္ကို ကာကြယ္ဖုိ႔ေလာက္ပါပဲ။” လုိ႔ ေျပာပါတယ္။

ကယားျပည္နယ္အတြင္း ျဖစ္ေနတဲ့ တုိက္ပြဲေတြ အေပၚမွာလည္း ခူးဒန္နီယယ္က စုိးရိမ္တႀကီး ေျပာခဲ့ပါတယ္။

“ရဲစခန္းေတြကို လာတုိက္တဲ့လူကိုေတာ့ တပ္အေနနဲ႔က ျပန္တုိက္မွာပဲ။ လက္နက္ကုိင္တဲ့လူ အခ်င္းခ်င္းကေတာ့ ျပႆနာမရွိဘူး။ သုိ႔ေသာ္ ဘာမွမသိတဲ့ ေက်းရြာက လူထုေတြ၊ ရပ္ကြက္ထဲက လူထုေတြကိုေတာ့ ရမ္းမပစ္သင့္ဘူးေပါ့။ ဘုရားေက်ာင္းတို႔၊ ဘုန္းႀကီးကေ်ာင္းတုိ႔၊ ေဆး႐ုံ ေဆးခန္းတို႔ဆုိရင္ အမ်ားသူငါ အသုံးျပဳေနတဲ့ အေဆာက္အဦးေတြကို မပစ္ခတ္ရဘူး၊ အဲဒီမွာ အေျခမခ်ရဘူး။ သုိ႔ေသာ္ အဲဒီဟာကိုပဲ ဦးတည္ၿပီးမွ ပစ္ေနေတာ့ လက္နက္ႀကီးေတြနဲ႔ ရမ္းထုေတာ့လည္း ဘာမွမဆုိင္တဲ့ လူထုက ထြက္ေျပးေနရတယ္။ ရြာထဲက်တယ္၊ ထိတာမ်ားေနၿပီေလ။”

စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ၿငိမ္းခ်မ္းေရးကို မထိခုိက္ေစခ်င္လုိ႔ပါလုိ႔ ဆုိပါတယ္။

“ဒါေတြကို က်ေနာ္တုိ႔ ေျပာေနျခင္းသည္ NCA ကို လုိက္နာႏုိင္ေအာင္လို႔၊ ၿငိမ္းခ်မ္းေရးအတြက္ အေႏွာင့္အယွက္ မျဖစ္ႏုိင္ေအာင္လို႔ ေျပာေနျခင္း ျဖစ္ပါတယ္။ ခင္ဗ်ားတုိ႔ EAO အဖြဲ႔ေတြ အကုန္ပါတာမဟုတ္ဘူး။ EAO အဖြဲ႔ အဖြဲ႔အစည္းႀကီးထဲကမွ တခ်ဳိ႕ တပ္မဟာတခ်ဳိ႕နဲ႔ တခ်ဳိ႕ တပ္ရင္းတခ်ဳိ႕က လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ ခင္ဗ်ားတုိ႔ သင္ေပးလိုက္တဲ့ ခင္ဗ်ားတို႔ရဲ႕ တပည့္ေတြဟာ ဒီႏုိင္ငံထဲ ဒီထဲမွာ ၿမိဳ႕ထဲဝင္ၿပီး ေက်ာင္းေတြကို ဗုံးခြဲေနတယ္၊ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ ေနရာေတြမွာ ဗုံးခြဲေနတယ္ဆုိတာ က်ေနာ္ အသိေပးလိုက္ျခင္း ျဖစ္ပါတယ္။”

ဒါေပမယ့္ ခူးဒန္နီယယ္ကေတာ့ ၿငိမ္းခ်မ္းေရးက စစ္အာဏာသိမ္းတာေၾကာင့္ ထိခုိက္ၿပီးသြားပါၿပီလို႔ ျပန္စြပ္စြဲလိုက္ပါတယ္။

“ၿငိမ္းခ်မ္းေရး အေနနဲ႔ကေတာ့ ဒီအာဏာသိမ္းၿပီးကတည္းက ၿငိမ္းခ်မ္းေရးက ပ်က္စီးသြားၿပီ။ အမွန္ကေတာ့ အာဏာမသိမ္းရင္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္က သူ႔ဟာသူ ရွိေနမွာပဲ။ အာဏာသိမ္းလုိက္တာနဲ႔ ေနရာတကာ ဆႏၵျပလာတယ္၊ လူထုေတြ ၿဖဳိခြဲမႈခံရတယ္၊ ပစ္သတ္ခံရတယ္၊ တုိက္ပြဲေတြ ျဖစ္လာတယ္၊ လက္နက္ကုိင္ တုိင္းရင္းသား အဖြဲ႔အစည္းေတြကလည္း တုိက္ပြဲေတြ ျဖစ္လာတယ္။ ဆုိေတာ့ သင္တန္းေပး႐ုံနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခုိက္တာမ်ဳိးကေတာ့ မရွိပါဘူး။ က်ေနာ္တုိ႔ ေႏြရာသီတုိင္း လူငယ္စြမ္းရည္ျမႇင့္တင္ေရး သင္တန္းဆုိတာ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းတုိင္းက ေပးတာပါပဲ။ မုိင္းေထာင္တဲ့ အဆင့္အထိကေတာ့ က်ေနာ္တုိ႔မွာ မရွိဘူး။”

အခုၿငိမ္းခ်မ္းေရးကို ဘယ္လို ျပန္တည္ေဆာက္ဖို႔ အႀကံျပဳခ်င္ပါလဲလုိ႔ ေမးရာမွာ ခူးဒန္နီယယ္က …

“အမွန္ကေတာ့ ဗမာျပည္တခုလုံးက ဒီလုိဆက္သြားေနလုိ႔ကေတာ့ မျဖစ္ေတာ့ဘူး။ ဆုိင္ရာ အဖြဲ႔အစည္းတုိင္း ႏုိင္ငံေရးပါတီတုိင္းက တုိင္းျပည္ကို ေအးခ်မ္းေအာင္ ဘယ္လိုလုပ္မလဲ၊ ႏုိင္္ငံေရးလမ္းေၾကာင္းေပၚ ဘယ္လုိျပန္သြားမလဲ ဆိုတဲ့ဟာေတာ့ ေဆြးေႏြးသင့္တယ္။ တဖက္မွာ ႏုိင္ငံေတာ္ရဲ႕ အႀကီးအကဲေတြကိုလည္း ဖမ္းထားတာေတြ ရွိတယ္ေလ။ သူတို႔ ေထာင္ထဲမွာ ရွိေနသေရြ႕ကေတာ့ ဒီကိစၥ ေျပလည္မွာမဟုတ္ဘူး။ အဲဒါေၾကာင့္ လႊတ္ေပးသင့္တဲ့လူေတြ လႊတ္ေပး၊ ေဆြးေႏြးသင့္တဲ့လူေတြနဲ႔ ေဆြးေႏြးမွသာလွ်င္ ဒီျပႆနာက ေျပလည္ႏုိင္မယ္။” လို႔ ေျပာပါတယ္။

တကယ္ေတာ့ စစ္ေကာင္စီဘက္ကလည္း အရင္အာဏာသိမ္းခဲ့သလုိ ေနာက္ဆုံးမွာ ျပန္ထိန္းခ်ဳပ္ႏုိင္မယ္လုိ႔ ယူဆေနခ်ိန္မွာ ဆန္႔က်င္ေတာ္လွန္သူေတြဘက္ကလည္း ဒီတေခါက္ေတာ့ သူတုိ႔ ႏုိင္ကုိ ႏုိင္မွရမယ္လို႔ ဆက္တုိက္ပြဲဝင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အကြမ်းဖက်လုပ်ရပ်တွေ အားပေးကြောင်း စွပ်စွဲချက် KNPP ပယ်ချ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီနေကြောင်း မြန်မာစစ်ကောင်စီရဲ့ စွပ်စွဲချက်ကို စွပ်စွဲခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KNPP က ပယ်ချလိုက်ပါတယ်။ ဆန္ဒပြလူငယ်တွေ ကိုယ့်ဘာသာ ခုခံကာကွယ်နိုင်အောင် သင်တန်းပေးခဲ့တာသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ စနေနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ KNPP အပြင် KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကိုပါ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးနေတယ် ဆိုပြီး စွပ်စွဲလိုက်တဲ့အပေါ် တုံ့ပြန်ချက်ကိုတော့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက …

“အကြမ်းဖက်သင်တန်းတွေ ထောက်ပံ့မှုတွေမှာ EAO အဖွဲ့အချို့ရဲ့ ပါဝင်ပတ်သက်နေမှုကို ကျနော်တို့ပြောပါမယ်။ KNPP အဖွဲ့ထံကနေ ဧပြီလ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လက်နက်ငယ်နဲ့ မိုင်းသင်တန်းတက်ပြီး ပြန်လာတဲ့သူ ၇၄ ဦးကို ဧပြီလ ၃၀ ရက်နေ့မှာ ဖရူဆိုမြို့ မြို့ရှောင်လမ်းမှာ ဖမ်းဆီးရမိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။” လို့ ပြောပါတယ်။

ဒီအပေါ် KNPP အတွင်းရေးမှူး ၁ ခူးဒန်နီယယ်ကတော့ အခုလို တုံ့ပြန်ပါတယ်။

“အဲဒီတုန်းကလည်း သပိတ်က ရှိနေတုန်းဆိုတော့ သပိတ်မှောက်တဲ့အချိန်မှာ ဖြိုခွဲလိုက်ရင် ဘယ်လိုရှောင်ရှားမှာတို့၊ ဘယ်လိုကာကွယ်ရမလဲ စသဖြင့် အဲဒါ အဓိက သင်ပေးတယ်။ လူငယ်ဆိုတော့လည်း အခြေခံလက်နက်ငယ်ကတော့ တရက်နှစ်ရက်လေးကတော့ ဘာမှမဟုတ်လောက်ဘူးပေါ့လေ။ တကယ်တမ်း ကျွမ်းကျင်တဲ့ ရဲဘော်တယောက် ဖြစ်ဖို့ဆိုတာက သင်တန်းတွေ အများကြီး ရှိရတယ်။ မိုင်းထောင်တဲ့ဟာက ကျနော်တို့ မပေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ်လည်း ရှိတယ်။ နောက်ပြီးတော့ ကုန်ကြမ်း အများကြီး စုဆောင်းရတယ်။ အချိန်ပေးရတယ်။ အဲဒီဟာက ဒီ တပတ်နှစ်ပတ်နဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

ဒါ့အပြင် လက်နက်သင်တန်း ပေးတာအတွက်လည်း ခူးဒန်နီယယ်က…

“ကျနော်တို့ လက်နက်ငယ်သင်တန်းမှာကတော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ သူတို့လက်ထဲမှာ လက်နက်ရကောင်း ရနိုင်တယ်ပေ့ါလေ။ အဲဒီလက်နက်ကို ဘယ်လိုအန္တရာယ်ရှိလဲ၊ ဘယ်လိုအသုံးပြုရမလဲ၊ တဖက်က တကယ်ပစ်မယ်ဆိုရင် ဘယ်လို ပြန်သုံးရမလဲ ဆိုတာတော့ နည်းနည်းပါးပါး ပါတယ်လေ။ အဓိကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လောက်ပါပဲ။” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ်မှာလည်း ခူးဒန်နီယယ်က စိုးရိမ်တကြီး ပြောခဲ့ပါတယ်။

“ရဲစခန်းတွေကို လာတိုက်တဲ့လူကိုတော့ တပ်အနေနဲ့က ပြန်တိုက်မှာပဲ။ လက်နက်ကိုင်တဲ့လူ အချင်းချင်းကတော့ ပြဿနာမရှိဘူး။ သို့သော် ဘာမှမသိတဲ့ ကျေးရွာက လူထုတွေ၊ ရပ်ကွက်ထဲက လူထုတွေကိုတော့ ရမ်းမပစ်သင့်ဘူးပေါ့။ ဘုရားကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ဆေးရုံ ဆေးခန်းတို့ဆိုရင် အများသူငါ အသုံးပြုနေတဲ့ အဆောက်အဦးတွေကို မပစ်ခတ်ရဘူး၊ အဲဒီမှာ အခြေမချရဘူး။ သို့သော် အဲဒီဟာကိုပဲ ဦးတည်ပြီးမှ ပစ်နေတော့ လက်နက်ကြီးတွေနဲ့ ရမ်းထုတော့လည်း ဘာမှမဆိုင်တဲ့ လူထုက ထွက်ပြေးနေရတယ်။ ရွာထဲကျတယ်၊ ထိတာများနေပြီလေ။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေးကို မထိခိုက်စေချင်လို့ပါလို့ ဆိုပါတယ်။

“ဒါတွေကို ကျနော်တို့ ပြောနေခြင်းသည် NCA ကို လိုက်နာနိုင်အောင်လို့၊ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် မဖြစ်နိုင်အောင်လို့ ပြောနေခြင်း ဖြစ်ပါတယ်။ ခင်ဗျားတို့ EAO အဖွဲ့တွေ အကုန်ပါတာမဟုတ်ဘူး။ EAO အဖွဲ့ အဖွဲ့အစည်းကြီးထဲကမှ တချို့ တပ်မဟာတချို့နဲ့ တချို့ တပ်ရင်းတချို့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ သင်ပေးလိုက်တဲ့ ခင်ဗျားတို့ရဲ့ တပည့်တွေဟာ ဒီနိုင်ငံထဲ ဒီထဲမှာ မြို့ထဲဝင်ပြီး ကျောင်းတွေကို ဗုံးခွဲနေတယ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဗုံးခွဲနေတယ်ဆိုတာ ကျနော် အသိပေးလိုက်ခြင်း ဖြစ်ပါတယ်။”

ဒါပေမယ့် ခူးဒန်နီယယ်ကတော့ ငြိမ်းချမ်းရေးက စစ်အာဏာသိမ်းတာကြောင့် ထိခိုက်ပြီးသွားပါပြီလို့ ပြန်စွပ်စွဲလိုက်ပါတယ်။

“ငြိမ်းချမ်းရေး အနေနဲ့ကတော့ ဒီအာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးက ပျက်စီးသွားပြီ။ အမှန်ကတော့ အာဏာမသိမ်းရင် ငြိမ်းချမ်းရေး ဖြစ်စဉ်က သူ့ဟာသူ ရှိနေမှာပဲ။ အာဏာသိမ်းလိုက်တာနဲ့ နေရာတကာ ဆန္ဒပြလာတယ်၊ လူထုတွေ ဖြိုခွဲမှုခံရတယ်၊ ပစ်သတ်ခံရတယ်၊ တိုက်ပွဲတွေ ဖြစ်လာတယ်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း တိုက်ပွဲတွေ ဖြစ်လာတယ်။ ဆိုတော့ သင်တန်းပေးရုံနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တာမျိုးကတော့ မရှိပါဘူး။ ကျနော်တို့ နွေရာသီတိုင်း လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက ပေးတာပါပဲ။ မိုင်းထောင်တဲ့ အဆင့်အထိကတော့ ကျနော်တို့မှာ မရှိဘူး။”

အခုငြိမ်းချမ်းရေးကို ဘယ်လို ပြန်တည်ဆောက်ဖို့ အကြံပြုချင်ပါလဲလို့ မေးရာမှာ ခူးဒန်နီယယ်က …

“အမှန်ကတော့ ဗမာပြည်တခုလုံးက ဒီလိုဆက်သွားနေလို့ကတော့ မဖြစ်တော့ဘူး။ ဆိုင်ရာ အဖွဲ့အစည်းတိုင်း နိုင်ငံရေးပါတီတိုင်းက တိုင်းပြည်ကို အေးချမ်းအောင် ဘယ်လိုလုပ်မလဲ၊ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိုပြန်သွားမလဲ ဆိုတဲ့ဟာတော့ ဆွေးနွေးသင့်တယ်။ တဖက်မှာ နိုင်ငံတော်ရဲ့ အကြီးအကဲတွေကိုလည်း ဖမ်းထားတာတွေ ရှိတယ်လေ။ သူတို့ ထောင်ထဲမှာ ရှိနေသရွေ့ကတော့ ဒီကိစ္စ ပြေလည်မှာမဟုတ်ဘူး။ အဲဒါကြောင့် လွှတ်ပေးသင့်တဲ့လူတွေ လွှတ်ပေး၊ ဆွေးနွေးသင့်တဲ့လူတွေနဲ့ ဆွေးနွေးမှသာလျှင် ဒီပြဿနာက ပြေလည်နိုင်မယ်။” လို့ ပြောပါတယ်။

တကယ်တော့ စစ်ကောင်စီဘက်ကလည်း အရင်အာဏာသိမ်းခဲ့သလို နောက်ဆုံးမှာ ပြန်ထိန်းချုပ်နိုင်မယ်လို့ ယူဆနေချိန်မှာ ဆန့်ကျင်တော်လှန်သူတွေဘက်ကလည်း ဒီတခေါက်တော့ သူတို့ နိုင်ကို နိုင်မှရမယ်လို့ ဆက်တိုက်ပွဲဝင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG