သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ႓ာ့ဒုကၡသည္ အေရအတြက္ မႀကံဳစဘူး မ်ားျပားေန


ဆိုမာလီႏုိင္ငံမွာ ခုိလႈံေနရတဲ့ ယီမင္ဒုကၡသည္အခ်ဳိ႕။ (ဒီဇင္ဘာ ၁၆၊ ၂၀၁၅)

(Zawgyi / Unicode)

ဒီကေန႔ တနဂၤေႏြေန႔ဟာ ကမၻာ့ဒုကၡသည္မ်ားေန႔ ျဖစ္ပါတယ္။ ကမၻာတဝန္းက ဒုကၡသည္ေတြကုိ ခ်ီးက်ဴးဂုဏ္ျပဳတဲ့အေနနဲ႔ ႏွစ္စဥ္ ဇြန္လ ၂၀ ရက္ေန႔ကုိ ကမၻာ့ဒုကၡသည္မ်ားေန႔အျဖစ္ ကုလသမဂၢက သတ္မွတ္ထားတာပါ။

ဒုကၡသည္ေတြရဲ႕ဘဝကုိ စာနာနားလည္ၿပီး မွ်ေဝခံစားႏုိင္ဖုိ႔နဲ႔ သူတုိ႔ရဲ႕ဘဝေတြ ျပန္လည္ တည္ေဆာက္ႏုိင္ေရးအတြက္ ႀကံ့ႀကံ့ခံ ရပ္တည္ႏုိင္စြမ္းကုိ အသိအမွတ္ျပဳတဲ့အေနနဲ႔ ကမၻာ့ဒုကၡသည္မ်ားေန႔အျဖစ္ သတ္မွတ္ထားတာလုိ႔ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢအဖြဲ႔ႀကီးျဖစ္တဲ့ UNHCR က ေျပာပါတယ္။

“အၾကမ္းဖက္မႈေတြ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြ၊ စစ္ပြဲေတြကေန ထြက္ေျပးလာၾကရတဲ့ သန္းေပါင္းမ်ားစြာေသာ ဒုကၡသည္ေတြရဲ႕ သတၱိစြမ္းအားနဲ႔ လူသားဆန္မႈေတြကုိ အသိအမွတ္ျပဳထားတဲ့ ဒုကၡသည္မ်ားေန႔အတြက္ ကမၻာတဝန္းက ျပည္သူေတြနဲ႔အတူ ကၽြႏု္ပ္လည္း ဒီကေန႔ ပါဝင္ဆင္ႏႊဲပါတယ္” လုိ႔ အေမရိကန္သမၼတ Joe Biden ရဲ႕ ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒုကၡသည္ေတြ နယ္ေျမသစ္မွာ အေျခခ်ေနထုိင္ေရး အပါအဝင္ သူတုိ႔ရဲ႕ဘဝေတြ ေျပလည္ေရးအတြက္ စာနာမႈဆုိင္ရာ အကူအညီေတြ ထပ္ေလာင္း ေထာက္ပံ့ေပးေရး၊ ဒုကၡသည္ေတြ ေဘးကင္းလုံၿခံဳစြာ အေျခခ် ေနထုိင္ႏုိင္ေရးအတြက္ လက္ရွိျဖစ္ေပၚေနတဲ့ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းသြားေအာင္ သံတမန္ေရးနည္းလမ္းနဲ႔ ႀကိဳးပမ္းေဆာင္ရြက္ေရးတုိ႔အတြက္ သႏၷိ႒ာန္ျပဳပါေၾကာင္းလည္း သမၼတ Biden ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ တုိင္းျပည္အသီးသီးက ခရီးသြားလာခြင့္ေတြ ကန္႔သတ္ ထိန္းခ်ဳပ္ထားေပမယ့္ လက္ရွိအခ်ိန္မွာ ဒုကၡသည္အေရအတြက္ဟာ မႀကံဳဘူးတဲ့ အတုိင္းအတာနဲ႔ အမ်ားဆုံးကုိ ေရာက္ေနတယ္လုိ႔ UNHCR ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း စစ္ပြဲေတြ၊ အၾကမ္းဖက္မႈေတြ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြေၾကာင့္ ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ အေရအတြက္ဟာ ၈၂.၄ သန္း ရွိတယ္လုိ႔ UNHCR က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမ႓ာ့ဒုကၡသည္ အေရအတြက္ မႀကံဳစဘူး မ်ားျပားေန
please wait

No media source currently available

0:00 0:01:38 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကမ္ဘာ့ဒုက္ခသည် အရေအတွက် မကြုံစဘူး များပြားနေ

ဒီကနေ့ တနင်္ဂနွေနေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက ဒုက္ခသည်တွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။

ဒုက္ခသည်တွေရဲ့ဘဝကို စာနာနားလည်ပြီး မျှဝေခံစားနိုင်ဖို့နဲ့ သူတို့ရဲ့ဘဝတွေ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းကို အသိအမှတ်ပြုတဲ့အနေနဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ထားတာလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်တဲ့ UNHCR က ပြောပါတယ်။

“အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ စစ်ပွဲတွေကနေ ထွက်ပြေးလာကြရတဲ့ သန်းပေါင်းများစွာသော ဒုက္ခသည်တွေရဲ့ သတ္တိစွမ်းအားနဲ့ လူသားဆန်မှုတွေကို အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်များနေ့အတွက် ကမ္ဘာတဝန်းက ပြည်သူတွေနဲ့အတူ ကျွနု်ပ်လည်း ဒီကနေ့ ပါဝင်ဆင်နွှဲပါတယ်” လို့ အမေရိကန်သမ္မတ Joe Biden ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေ နယ်မြေသစ်မှာ အခြေချနေထိုင်ရေး အပါအဝင် သူတို့ရဲ့ဘဝတွေ ပြေလည်ရေးအတွက် စာနာမှုဆိုင်ရာ အကူအညီတွေ ထပ်လောင်း ထောက်ပံ့ပေးရေး၊ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ အခြေချ နေထိုင်နိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်ရေးတို့အတွက် သန္နိဋ္ဌာန်ပြုပါကြောင်းလည်း သမ္မတ Biden ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တိုင်းပြည်အသီးသီးက ခရီးသွားလာခွင့်တွေ ကန့်သတ် ထိန်းချုပ်ထားပေမယ့် လက်ရှိအချိန်မှာ ဒုက္ခသည်အရေအတွက်ဟာ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ အများဆုံးကို ရောက်နေတယ်လို့ UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်အတွင်း စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၈၂.၄ သန်း ရှိတယ်လို့ UNHCR က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG