သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္ေတြ အကူအညီေပးခြင့္ျပဳဖို႔ ပုပ္ရဟန္းမင္းႀကီး ပန္ၾကား


ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္။ (ဧၿပီ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရၿပီး စားနပ္ရိကၡာ ျပတ္လတ္မႈဒဏ္ ခံေနရတဲ့ ဒုကၡသည္ေတြအတြက္ အကူအညီေတြ ေပးခြင့္ျပဳဖို႔ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တနဂၤေႏြေန႔က ေမတၱာရပ္ခံလိုက္ပါတယ္။ ဒါ့အျပင္ ေဘးကင္းရာေနရာအျဖစ္ သတ္မွတ္ထားတဲ့ ဘာသာေရး အေဆာက္အဦေတြကို တိုက္ခိုက္တာေတြမလုပ္ဘဲ ေလးစားမႈရွိဖို႔ ပုပ္ရဟန္းမင္းႀကီးက တိုက္တြန္းခဲ့ပါတယ္။

စိန႔္ပီတာရင္ျပင္မွာရွိတဲ့ ဝတ္ျပဳဆုေတာင္းလာသူေတြကို တနဂၤေႏြေန႔က ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေကာင္းခ်ီးေပးရာမွာ ျမန္မာႏုိင္ငံက ကက္သလစ္ဂုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီးေတြနဲ႔ တသားတည္းရွိေနေၾကာင္း အခုလို မိန႔္ၾကားခဲ့ပါတယ္။

”ၿပီးခဲ့တဲ့သီတင္းပတ္က ကမၻာကို ေမတၱာရပ္ခံခဲ့တဲ့ ျမန္မာ ဂိုဏ္းအုပ္ဘုန္းေတာ္ႀကီးေတြရဲ႕ အသံကို ကၽြႏ္ုပ္ ထပ္မံေျပာၾကားပါမယ္။ လူေပါင္း ေထာင္နဲ႔ခ်ီ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရၿပီး ငတ္မြတ္ေခါင္းပါးမႈေၾကာင့္ ေသဆံုးၾကရတဲ့ စိတ္ႏွလံုးေၾကကဲြဖြယ္ အျဖစ္ေတြကို ကမၻာက အာ႐ုံစိုက္လာဖို႔ သူတို႔က ေမတၱာရပ္ခံ ေျပာၾကားထားတာပါ။”

ျမန္မာႏိုင္ငံမွာ ႏုိင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔လည္း ပုပ္ရဟန္းမင္းႀကီးက ျမန္မာစစ္ေခါင္းေဆာင္ေတြကို ႀကိမ္ဖန္မ်ားစြာ ေမတၱာရပ္ခံထားၿပီး ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ေထာက္ခံတဲ့ ျမန္မာဂုိဏ္းအုပ္ဘုန္းေတာ္ႀကီးေတြကေန စစ္ေကာင္စီကို ေမတၱာရပ္ခံ ပန္ၾကားထားတဲ့စာမွာ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရသူေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ခြင့္ျပဳဖို႔၊ ခရစ္ယာန္ဘုရားရွစ္ခိုးေက်ာင္းေတြ၊ ေစတီပုထိုးနဲ႔ ဘုန္းႀကီးေက်ာင္းေတြ၊ ဗလီေက်ာင္းေတြ၊ ဘုရားေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ေဆး႐ုံေတြ အစရွိတဲ့ အႏၱရာယ္မျပဳဖို႔ သတ္မွတ္ထားတဲ့ ေနရာေတြကို ျမန္မာစစ္တပ္အေနနဲ႔ ႐ုိေသေလးစားဖို႔ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဒုက္ခသည်တွေ အကူအညီပေးခွင့်ပြုဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လတ်မှုဒဏ် ခံနေရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးခွင့်ပြုဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါ့အပြင် ဘေးကင်းရာနေရာအဖြစ် သတ်မှတ်ထားတဲ့ ဘာသာရေး အဆောက်အဦတွေကို တိုက်ခိုက်တာတွေမလုပ်ဘဲ လေးစားမှုရှိဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာရှိတဲ့ ဝတ်ပြုဆုတောင်းလာသူတွေကို တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကောင်းချီးပေးရာမှာ မြန်မာနိုင်ငံက ကက်သလစ်ဂုဏ်းချုပ် ဘုန်းတော်ကြီးတွေနဲ့ တသားတည်းရှိနေကြောင်း အခုလို မိန့်ကြားခဲ့ပါတယ်။

”ပြီးခဲ့တဲ့သီတင်းပတ်က ကမ္ဘာကို မေတ္တာရပ်ခံခဲ့တဲ့ မြန်မာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေရဲ့ အသံကို ကျွန်ုပ် ထပ်မံပြောကြားပါမယ်။ လူပေါင်း ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးကြရတဲ့ စိတ်နှလုံးကြေကွဲဖွယ် အဖြစ်တွေကို ကမ္ဘာက အာရုံစိုက်လာဖို့ သူတို့က မေတ္တာရပ်ခံ ပြောကြားထားတာပါ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို ကြိမ်ဖန်များစွာ မေတ္တာရပ်ခံထားပြီး ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထောက်ခံတဲ့ မြန်မာဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကနေ စစ်ကောင်စီကို မေတ္တာရပ်ခံ ပန်ကြားထားတဲ့စာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုဖို့၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေ၊ စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဗလီကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ အစရှိတဲ့ အန္တရာယ်မပြုဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို မြန်မာစစ်တပ်အနေနဲ့ ရိုသေလေးစားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG