သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီဇိုရမ္ဘက္ ခိုလံႈသူ ျမန္မာႏုိင္ငံသား တေသာင္းေက်ာ္ၿပီ


ျမန္မာႏုိင္ငံက ထြက္ေျပးၿပီး မီဇိုရမ္ျပည္နယ္ထဲက ယာယီဒုကၡသည္စခန္းမွာ ခုိလႈံေနတဲ့ ျမန္မာရဲတပ္ဖြဲ႔ဝင္မ်ား လက္သုံးေခ်ာင္းေထာင္ ဆႏၵျပေနတဲ့ျမင္ကြင္း။ (မတ္ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံကေန အိႏၵိယကို မၾကာခင္ သီတင္းပတ္ေတြအတြင္း ဝင္ေရာက္လာသူ ၇၀၀ ေက်ာ္ ရွိေနတယ္လို႔ အိႏၵိယအရာရွိတဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး အိႏၵိယ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ အဲဒီထဲမွာ အမ်ားစုက အရပ္သားေတြျဖစ္ၿပီး ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္အိုေတြပါ ပါေနတယ္လို႔ ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီကစၿပီး အခုခ်ိန္အထိ အိႏၵိယႏိုင္ငံထဲ လာေရာက္ခိုလႈံတဲ့ ျမန္မာႏိုင္ငံသားက တေသာင္းေက်ာ္ရွိေနၿပီး အဲဒီထဲမွာ ဇြန္လ ၁၄ ရက္ေန႔က မီဇုိရမ္ကို ေရာက္လာတဲ့ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ဆလိုုင္း Lian Luai နဲ႔အတူ လႊတ္ေတာ္အမတ္ ၂၂ ဦးထက္မနည္း ပါေနတယ္လို႔လည္း ရဲအရာရွိက ေျပာပါတယ္။ ဒါေပမယ့္ အမ်ားအျပား ျမန္မာျပည္ျပန္သြားတာလည္း ရွိတယ္လို႔ ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္ထဲက ေဒသ ၁၁ ခုမွာ ျမန္မာေတြက ေဒသ ၁၀ ခုမွာ ေနထိုင္ေနၾကတာျဖစ္ၿပီး နယ္စပ္ Champhai ေဒသတခုတည္းမွာတင္ ျမန္မာႏိုင္ငံသား ၄,၃၀၀ ေက်ာ္ရွိေနသလို အိုက္ေဇာမွာေတာ့ ျမန္မာ ၁,၆၀၀ ေက်ာ္ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံသားေတြဟာ ေဖေဖာ္ဝါရီလက စၿပီး တဖြဲဖြဲ ဝင္ေရာက္ေနတာျဖစ္ၿပီး အမ်ားစုဟာ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္အိုေတြ ျဖစ္တာေၾကာင့္ လံုၿခံဳေရး တာဝန္ရွိသူေတြက လူသားခ်င္းစာနာမႈအရ သိပ္တားဆီးတာမ်ိဳး မရွိေၾကာင္းနဲ႔ အခုအခါမွာ နယ္စပ္မွာ ယာယီဒုကၡသည္စခန္းေတြ ေဆာက္လုပ္ေပးထားတယ္လိို႔လည္း ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္ထဲက ေဒသ ၆ ခုဟာ ျမန္မာနဲ႔ ကီလိုမီတာ ၅၁၀ ရွည္တဲ့ နယ္စပ္တေလွ်ာက္မွာ တည္ရွိတာျဖစ္ၿပီး အဲဒီေဒသခံေတြဟာ ျမန္မာႏုိင္ငံထဲက ခ်င္းတိုင္းရင္းသားေတြနဲ႔ အမ်ိဳးႏြယ္တူေတြ ျဖစ္တဲ့အတြက္ ၂ ႏိုင္ငံသားေတြ ပံုမွန္ ကူးလူးသြားလာေလ့ရွိတဲ့ ေဒသေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မီဇိုရမ်ဘက် ခိုလှုံသူ မြန်မာနိုင်ငံသား တသောင်းကျော်ပြီ

မြန်မာနိုင်ငံကနေ အိန္ဒိယကို မကြာခင် သီတင်းပတ်တွေအတွင်း ဝင်ရောက်လာသူ ၇၀၀ ကျော် ရှိနေတယ်လို့ အိန္ဒိယအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ အများစုက အရပ်သားတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါနေတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီကစပြီး အခုချိန်အထိ အိန္ဒိယနိုင်ငံထဲ လာရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသားက တသောင်းကျော်ရှိနေပြီး အဲဒီထဲမှာ ဇွန်လ ၁၄ ရက်နေ့က မီဇိုရမ်ကို ရောက်လာတဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း Lian Luai နဲ့အတူ လွှတ်တော်အမတ် ၂၂ ဦးထက်မနည်း ပါနေတယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။ ဒါပေမယ့် အများအပြား မြန်မာပြည်ပြန်သွားတာလည်း ရှိတယ်လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက ဒေသ ၁၁ ခုမှာ မြန်မာတွေက ဒေသ ၁၀ ခုမှာ နေထိုင်နေကြတာဖြစ်ပြီး နယ်စပ် Champhai ဒေသတခုတည်းမှာတင် မြန်မာနိုင်ငံသား ၄,၃၀၀ ကျော်ရှိနေသလို အိုက်ဇောမှာတော့ မြန်မာ ၁,၆၀၀ ကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ဖေဖော်ဝါရီလက စပြီး တဖွဲဖွဲ ဝင်ရောက်နေတာဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တာကြောင့် လုံခြုံရေး တာဝန်ရှိသူတွေက လူသားချင်းစာနာမှုအရ သိပ်တားဆီးတာမျိုး မရှိကြောင်းနဲ့ အခုအခါမှာ နယ်စပ်မှာ ယာယီဒုက္ခသည်စခန်းတွေ ဆောက်လုပ်ပေးထားတယ်လို့လည်း ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက ဒေသ ၆ ခုဟာ မြန်မာနဲ့ ကီလိုမီတာ ၅၁၀ ရှည်တဲ့ နယ်စပ်တလျှောက်မှာ တည်ရှိတာဖြစ်ပြီး အဲဒီဒေသခံတွေဟာ မြန်မာနိုင်ငံထဲက ချင်းတိုင်းရင်းသားတွေနဲ့ အမျိုးနွယ်တူတွေ ဖြစ်တဲ့အတွက် ၂ နိုင်ငံသားတွေ ပုံမှန် ကူးလူးသွားလာလေ့ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG