သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့် အပြန်ဆုံးလွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို


Myanmar's State Counselor Aung San Suu Kyi (R) accompanies new President Win Myint (L) to take his oath of office at parliament in Naypyidaw, March 30, 2018.
Myanmar's State Counselor Aung San Suu Kyi (R) accompanies new President Win Myint (L) to take his oath of office at parliament in Naypyidaw, March 30, 2018.

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Eri Kaneko က ကြာသပတေးနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂက ထပ်ပြီးတောင်းဆိုပါတယ်။ ဒီလိုလွှတ်ပေးဖို့အတွက် လုံခြုံရေးကောင်စီကလည်း ဒါကို အထူးပြုပြောထားပါတယ်။ မြန်မာနိုင်ငံမှာ လုံခြုံရေးတာဝန်ယူထားသူတွေက တရားလက်လွတ်ဖမ်းဆီးနေတာ အပါအဝင် ခြိမ်းခြောက်အကြပ်ကိုင်တာတွေ၊ အကြမ်းဖက်မှုတွေ ဆက်ပြီးလုပ်နေတဲ့အတွက် ကုလသမဂ္ဂက အထူးစိုးရိမ်နေကြောင်း" ပြောသွားတာပါ။

မြန်မာနိုင်ငံတလွှား အကျဥ်းထောင်အသီးသီးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အများစု အဖမ်းခံနေရတဲ့ အကျဉ်းသား ၂၃၀၀ ဝန်းကျင်ကို ဇွန်လ ၃၀ မှာ ပြန်လွှတ်ပေးခဲ့ပြီး နောက်အခုလို ကုလသမဂ္ဂက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားသူ ရာနဲ့ချီကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး မန္တလေးတိုင်း မြင်းခြံမြို့မှာတော့ ဗုဒ္ဓဟူးနေ့ညမှာပဲ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ ရပ်ရွာအရေး တက်တက်ကြွကြွလုပ်သူတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

------------------

တိုက်ရိုက် လင့်ခ်








XS
SM
MD
LG