သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ႏွိပ္ကြပ္မႈ ႏိုင္ငံတကာစုေပါင္းတံု႔ျပန္ ဖို႔လိုအပ္ (ကုလေျပာခြင္႔ရ Stephane Dujarric)


မွတ္တမ္းဓါတ္ပံု - မတ္လ ၂ ရက္ေန႔တုန္းက ရန္ကုန္ဆႏၵျပပြဲကို တပ္မေတာ္သားေတြ ၿဖိဳခြဲစဥ္

(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ လံုျခံဳေရးတပ္ေတြက ႏိုင္ငံတဝွမ္းမွာ အရပ္သားေတြကို ဆက္လက္ဖိႏွိပ္ေနတာဟာ ႀကီးမားတဲ့ေဒသတြင္း႐ိုက္ခတ္မႈ ေတြကို ထပ္ျဖစ္လာ ေစတဲ့အတြက္ ႏိုင္ငံတကာက တညီတၫြတ္ထည္း တုံ႔ျပန္ဖို႔ လိုအပ္တယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေတာင္းဆိုေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ ႏိုင္ငံတလႊားက ျပည္သူေတြ အေပၚ လံုျခံဳေရးတပ္ေတြက ဆက္လက္ဖိႏွိပ္ေနတာအတြက္ အတြင္းေရးမွဴးခ်ဳပ္က ျပင္းျပင္းထန္ထန္ ဆက္ရႈတ္ခ်သလို ဒါဟာ ေဒသတြင္း ႀကီးမားတဲ့ ႐ိုက္ခတ္မႈေတြ ျဖစ္လာေနတာေၾကာင့္ ႏိုင္ငံတကာက တညီတၫြတ္ထည္း တုံ႔ျပန္ဖို႔ လိုအပ္ေနပါတယ္” လို႔ ေျပာသြားတာပါ။

ဇြန္လ ၁၅ ရက္ေန႔မွာ မေကြးတိုင္း ၊ ကင္းမရြာကို စစ္ေကာင္စီတပ္ေတြက မီးတင္ရႈိ႕ခဲ့တယ္ဆိုတဲ့ သတင္းေတြ ေၾကာင့္ အတြင္းေရးမွဴးခ်ဳပ္က အထူးစိုးရိမ္သလို စိတ္အေႏွာက္အယွက္လည္း ျဖစ္ရေၾကာင္း ဒါဟာ တခ်ိန္က ႐ိုဟင္ဂ်ာေတြ ျပည္ပထြက္ေျပးဖို႔ ျဖစ္လာေစတဲ့ ရခိုင္ေျမာက္ပိုင္းက ရြာေတြ စနစ္တက် မီးအရႈိ႕ခံခဲ့ရတာကို ျပန္ၿပီးသတိရေစတယ္ လို႔လည္း ေျပာပါတယ္။

ရြာေတြ မီးရႈိ႕တာ အပါအဝင္ လတ္တေလာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြကေန ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္ေရး အေျခေနသိသိသာသာ ဆိုးဝါးလာတာ ျပေနတယ္လို႔ ကုလဌာေနအဖြဲ႔ကလည္း ေျပာပါတယ္။

ဒီအၾကမ္းဖက္မႈေတြထဲမွာ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ထဲ KNDO ကရင္ အမ်ိဳးသား ကာကြယ္ေရးတပ္မေတာ္က ေမလ ၃၁ ရက္ေန႔မွာ ဖမ္းသြားတယ္လို႔ ေျပာတဲ့ သူေတြကို အစုလိုက္ျမဳပ္ႏွွံထားတဲ့ ေနရာ ၂ ခုပါ ေတြ႕ခဲ့ရတာေၾကာင့္ သက္ဆိုင္ရာ အဖြဲ႔ေတြ အေနနဲ႔ လူ႔အခြင့္ေရး ဆိုင္ရာ စံသတ္မွတ္ခ်က္ေတြကို ေလးစားလိုက္နာဖို႔ ေျပာပါတယ္။

အရပ္သားေတြကို ထိခိုက္မႈ နည္းႏိုင္သမွ်နည္းေအာင္လုပ္ေဆာင္ၾကဖို႔နဲ႔ က်ဴးလြန္သူေတြကို ထိုက္သင့္တဲ့ အျပစ္ဒဏ္က်ခံေစဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

ေသာၾကာေန႔မွာေတာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး အထူးေဆြးေႏြးပြဲ တရပ္က်င္းပဖို႔ရွိၿပီး ဒီေဆြးေႏြးပြဲမွာ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုုယ္စားလွယ္ Christine Schraner Burgener တက္ေရာက္ေဆြးေႏြးမွာ ျဖစ္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို ေျဖၾကားမွာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........

စစ်ကောင်စီ နှိပ်ကွပ်မှု နိုင်ငံတကာစုပေါင်းတုံ့ပြန် ဖို့လိုအပ် (ကုလပြောခွင့်ရ Stephane Dujarric)

(Unicode)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက နိုင်ငံတဝှမ်းမှာ အရပ်သားတွေကို ဆက်လက်ဖိနှိပ်နေတာဟာ ကြီးမားတဲ့ဒေသတွင်းရိုက်ခတ်မှု တွေကို ထပ်ဖြစ်လာ စေတဲ့အတွက် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ နိုင်ငံတလွှားက ပြည်သူတွေ အပေါ် လုံခြုံရေးတပ်တွေက ဆက်လက်ဖိနှိပ်နေတာအတွက် အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ဆက်ရှုတ်ချသလို ဒါဟာ ဒေသတွင်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနေတာကြောင့် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်နေပါတယ်” လို့ ပြောသွားတာပါ။

ဇွန်လ ၁၅ ရက်နေ့မှာ မကွေးတိုင်း ၊ ကင်းမရွာကို စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြောင့် အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်သလို စိတ်အနှောက်အယှက်လည်း ဖြစ်ရကြောင်း ဒါဟာ တချိန်က ရိုဟင်ဂျာတွေ ပြည်ပထွက်ပြေးဖို့ ဖြစ်လာစေတဲ့ ရခိုင်မြောက်ပိုင်းက ရွာတွေ စနစ်တကျ မီးအရှို့ခံခဲ့ရတာကို ပြန်ပြီးသတိရစေတယ် လို့လည်း ပြောပါတယ်။

ရွာတွေ မီးရှို့တာ အပါအဝင် လတ်တလော ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး အခြေနေသိသိသာသာ ဆိုးဝါးလာတာ ပြနေတယ်လို့ ကုလဌာနေအဖွဲ့ကလည်း ပြောပါတယ်။

ဒီအကြမ်းဖက်မှုတွေထဲမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲ KNDO ကရင် အမျိုးသား ကာကွယ်ရေးတပ်မတော်က မေလ ၃၁ ရက်နေ့မှာ ဖမ်းသွားတယ်လို့ ပြောတဲ့ သူတွေကို အစုလိုက်မြုပ်နှံထားတဲ့ နေရာ ၂ ခုပါ တွေ့ခဲ့ရတာကြောင့် သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ လူ့အခွင့်ရေး ဆိုင်ရာ စံသတ်မှတ်ချက်တွေကို လေးစားလိုက်နာဖို့ ပြောပါတယ်။

အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင်လုပ်ဆောင်ကြဖို့နဲ့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံစေဖို့လည်း တောင်းဆိုခဲ့ပါတယ်။

သောကြာနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အထူးဆွေးနွေးပွဲ တရပ်ကျင်းပဖို့ရှိပြီး ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တက်ရောက်ဆွေးနွေးမှာ ဖြစ်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG