သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပဲြ မၿငိမ္းေသးတဲ႔ ဖားကန္႔ ေဒသ


မွတ္တမ္းဓါတ္ပံု - ၂၀၁၂ စက္တင္ဘာ ၂၂ ရက္တုန္းက ေတြ႔ရတဲ့ KIA တပ္သားမ်ား

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္မွာ ဇြန္လ ၁၅ ရက္ မနက္က စစ္ေကာင္စီတပ္နဲ႔ KIA အၾကားမွာ ပစ္ခတ္တိုက္ခိုက္မႈ တစ္ၾကိမ္ျဖစ္ပြားခဲ့ပါတယ္။ လက္နက္ေတြဖမ္းမိလို႔လံုၿခံဳေရးတင္းၾကပ္ထားတဲ့ ေရႊကူၿမိဳ႔မွာလည္း ႐ွာေဖြစစ္ေဆးမႈေတြ စစ္တပ္က ဆက္လုပ္ေနပါတယ္။ ကခ်င္ျပည္နယ္ဖက္မွာ ျဖစ္ေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စုိးမင္း က ေျပာျပပါမယ္။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႔နယ္ လံုးခင္းေက်းရြာအုပ္စု နမ့္ဂ်မ္ရြာအနီးမွာ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ ေအအိုင္ေအတို႔ ဇြန္လ ၁၅ ရက္ မေန႔ မနက္က တိုက္ပြဲ ျဖစ္ပြားခဲ့တာပါ။ တိုက္ပဲြျဖစ္ပြားတာနဲ႔ပတ္သက္ၿပီး ေဒသခခံတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ ဒီမနက္ဟို နမ္ဂ်မ္၊ ကံဆီးဘက္မွာ ျဖစ္တယ္။၇နာရီ၊ ၈နာရီေလာက္မွာ ျဖစ္တယ္။ ဒီက ဟို လႈပ္ရွားတပ္ေတြနဲ႔ ထိပ္တုိက္သြားေတြ႔တယ္လို႔ ေျပာတယ္။ တိုက္ပဲြေတာ့ သိပ္ေတာ့ မၾကာလုိက္ဘူး။”

အဂၤါေန႔က ျဖစ္ခဲ့တဲ့တိုက္ပြဲအတြင္း အထိအခိုက္ အေသအေပ်ာက္အေျခအေနကို မသိရေသးပါဘူး။

တိုက္ပြဲျဖစ္ထားေပမဲ့ ဖားကန္႔ၿမိဳ႔အတြင္းမွာ လံုၿခံဳေရးအေျခအေနဟာ ပံုမွန္အတိုင္းရိွေနတယ္လို႔လည္း ေဒသခံက ဆက္ ေျပာပါတယ္။

“ တျခား တင္းၾကပ္တာေတာ့ မရိွဘူး။ တစ္ခါတေလ လမ္းမွာ လွ်ပ္တျပက္ စစ္ေဆးတာတို႔ ဘာတို႔ေတာ့ ရိွ တယ္။က်ေနာ္တုိ႔ ဖားကန္႔မွာက ည ၉ နာရီ မထြက္ရေလ။ လူ ၅ေယာက္ မစုရေပါ့။ အဲလို စာ ထုတ္ထားတယ္။ ”

ကခ်င္သတင္းမီဒီယာေတြမွာေတာ့ ကံဆီးရြာဘက္က ဆင္းလာတဲ့ စစ္ေကာင္စီတပ္ကို KIA က ၾကားျဖတ္ မိုင္းခဲြတုိက္ခိုက္ၿပီး ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္းနဲ႔ ေတာတြင္းမွာျဖစ္ပြားတာေၾကာင့္ အထိအခုိက္အေျခအေန မသိရေသးေၾကာင္း ေဒသခံေတြကို ကိုးကားၿပီး ေဖာ္ျပၾကပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ တတိယပတ္ အတြင္းကေတာ့ ဖားကန္႔ေဒသ ကံဆီးရြာဘက္မွာ တိုက္ပဲြျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီ တပ္စခန္းတခ်ိဳ႕ကို KIA ကသိမ္းပိုက္ခဲ့ပါတယ္။ အဲဒါေၾကာင့္ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန ထိုးစစ္ဆင္တိုက္ခုိက္ၿပီး တပ္စခန္းေတြကို ျပန္လည္ သိမ္းယူခဲ့ပါတယ္။

ကခ်င္ျပည္နယ္ထဲကပဲ ေရႊကူနဲ႔ ဗန္းေမာ္ၾကားက စင္းခမ္းတံတားမွာ တနဂၤေႏြေန႔က လက္နက္ေတြေတြ႔ရိွၿပီးေနာက္ ေရႊကူၿမိဳ႔မွာ စစ္တပ္က ပိုက္စိတ္တိုက္ ႐ွာေဖြတာေတြ လုပ္ေနပါတယ္။ တနလၤာေန႔အထိလည္း ေဒသခံ ၁၀ေယာက္ေလာက္ကို ဖမ္းဆီးခဲ့ပါတယ္။

ဒီေန႔ထိလည္း ေရႊကူၿမိဳ႔ လံုၿခံဳေရးအေျခအေနဟာ ဆက္လက္တင္းၾကပ္ေနေၾကာင္းနဲ႔ ဖမ္းဆီးတဲ့သူ ၂၀ေလာက္ ရိွေနေၾကာင္း ေရႊကူၿမိဳ႔ခံတစ္ဦးက ေျပာပါတယ္။

“ အေျခအေနကေတာ့ တအားဆိုးတာေပါ့။ ဟုိေန႔က ေသနတ္ကိုင္တဲ့၊ ဖမ္းမိတဲ့ လင္မယား ၂ ေယာက္ကေန စၿပီးေတာ့ ဆက္စပ္မႈေတြက အမ်ားၾကီး လိုက္ေနတာကို။ အခုက လူေပါင္း ၂၀ ေက်ာ္ရိွတယ္ ဖမ္းထားၿပီတဲ့။ အိမ္ေတြ ရွာတာက ေန႔ေရာ၊ ညေရာ မနက္ေကာ အဲဒါမ်ိဳးျဖစ္သြားတာကိုး။”

လူ ၂၀ ေက်ာ္ေလာက္ ဖမ္းဆီးခံရတယ္ဆုိတာ သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။ အျခားေရႊကူေဒသခံေတြကေတာ့ အနည္းဆံုး ၁၀ ေယာက္ေလာက္ကို ဖမ္းဆီးထားတယ္လို႔ ၾကားသိရေၾကာင္း ေျပာပါတယ္။

လက္ရိွ ဖမ္းဆီးမႈေတြဟာ ဒီလ ၄ ရက္ေန႔က ေရႊကူၿမိဳ႔ ၿမိဳ႔မရဲစခန္းကို ၀င္ေရာက္တုိက္ခုိက္တဲ့ အဖဲြ႔ေတြနဲ႔ ဆက္စပ္ေနတယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ေရႊကူၿမိဳ႔နယ္အတြင္း ရဲစခန္းနဲ႔ ဧရာ၀တီျမစ္တြင္း သြားလာတဲ့ စစ္ေရယာဥ္ေတြ တိုက္ခိုက္တာေတြ မၾကာခနျဖစ္ခဲ့သလို ဒီလ ၄ရက္ေန႔ကေတာ့ KIA နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ပူးေပါင္းၿပီး ေရႊကူၿမိဳ႔မ ရဲစခန္းကို တိုက္ခိုက္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ လေတြတုန္းကလဲ KIA က ေက်ာက္ၾကီးရြာ ရဲစခန္းကို ၂ၾကိမ္ တုိက္ခိုက္တာေတြ ရိွခဲ့ပါတယ္။

ကခ်င္ျပည္နယ္အတြင္းမွာ ၂၀၁၈ ခုႏွစ္တည္းက တုိက္ပဲြေတြ ၿငိမ္သက္ေနခဲ့ရာက စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လ ၁၁ ရက္ေန႔က စလို႔ ကခ်င္ျပည္နယ္ ၿမိဳ႔နယ္အေတာ္မ်ားမ်ားမွာ တုိက္ပဲြေတြ ျပန္လည္စတင္ခဲ့တာ အခုဆိုရင္ ၃ လ ေက်ာ္လာၿပီ ျဖစ္ပါတယ္။

တိုက္ပဲြ မၿငိမ္းေသးတဲ႔ ဖားကန္႔ ေဒသ
please wait

No media source currently available

0:00 0:03:23 0:00
တိုက္႐ိုက္ လင့္ခ္


..............

တိုက်ပွဲ မငြိမ်းသေးတဲ့ ဖားကန့် ဒေသ

(Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၅ ရက် မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လက်နက်တွေဖမ်းမိလို့လုံခြုံရေးတင်းကြပ်ထားတဲ့ ရွှေကူမြို့မှာလည်း ရှာဖွေစစ်ဆေးမှုတွေ စစ်တပ်က ဆက်လုပ်နေပါတယ်။ ကချင်ပြည်နယ်ဖက်မှာ ဖြစ်နေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ့်ဂျမ်ရွာအနီးမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် အေအိုင်အေတို့ ဇွန်လ ၁၅ ရက် မနေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး ဒေသခခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီမနက်ဟို နမ်ဂျမ်၊ ကံဆီးဘက်မှာ ဖြစ်တယ်။၇နာရီ၊ ၈နာရီလောက်မှာ ဖြစ်တယ်။ ဒီက ဟို လှုပ်ရှားတပ်တွေနဲ့ ထိပ်တိုက်သွားတွေ့တယ်လို့ ပြောတယ်။ တိုက်ပွဲတော့ သိပ်တော့ မကြာလိုက်ဘူး။”

အင်္ဂါနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း အထိအခိုက် အသေအပျောက်အခြေအနေကို မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ထားပေမဲ့ ဖားကန့်မြို့အတွင်းမှာ လုံခြုံရေးအခြေအနေဟာ ပုံမှန်အတိုင်းရှိနေတယ်လို့လည်း ဒေသခံက ဆက် ပြောပါတယ်။

“ တခြား တင်းကြပ်တာတော့ မရှိဘူး။ တစ်ခါတလေ လမ်းမှာ လျှပ်တပြက် စစ်ဆေးတာတို့ ဘာတို့တော့ ရှိ တယ်။ကျနော်တို့ ဖားကန့်မှာက ည ၉ နာရီ မထွက်ရလေ။ လူ ၅ယောက် မစုရပေါ့။ အဲလို စာ ထုတ်ထားတယ်။ ”

ကချင်သတင်းမီဒီယာတွေမှာတော့ ကံဆီးရွာဘက်က ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို KIA က ကြားဖြတ် မိုင်းခွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ တောတွင်းမှာဖြစ်ပွားတာကြောင့် အထိအခိုက်အခြေအနေ မသိရသေးကြောင်း ဒေသခံတွေကို ကိုးကားပြီး ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တတိယပတ် အတွင်းကတော့ ဖားကန့်ဒေသ ကံဆီးရွာဘက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်စခန်းတချို့ကို KIA ကသိမ်းပိုက်ခဲ့ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တပ်စခန်းတွေကို ပြန်လည် သိမ်းယူခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲကပဲ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခမ်းတံတားမှာ တနင်္ဂနွေနေ့က လက်နက်တွေတွေ့ရှိပြီးနောက် ရွှေကူမြို့မှာ စစ်တပ်က ပိုက်စိတ်တိုက် ရှာဖွေတာတွေ လုပ်နေပါတယ်။ တနင်္လာနေ့အထိလည်း ဒေသခံ ၁၀ယောက်လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီနေ့ထိလည်း ရွှေကူမြို့ လုံခြုံရေးအခြေအနေဟာ ဆက်လက်တင်းကြပ်နေကြောင်းနဲ့ ဖမ်းဆီးတဲ့သူ ၂၀လောက် ရှိနေကြောင်း ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

“ အခြေအနေကတော့ တအားဆိုးတာပေါ့။ ဟိုနေ့က သေနတ်ကိုင်တဲ့၊ ဖမ်းမိတဲ့ လင်မယား ၂ ယောက်ကနေ စပြီးတော့ ဆက်စပ်မှုတွေက အများကြီး လိုက်နေတာကို။ အခုက လူပေါင်း ၂၀ ကျော်ရှိတယ် ဖမ်းထားပြီတဲ့။ အိမ်တွေ ရှာတာက နေ့ရော၊ ညရော မနက်ကော အဲဒါမျိုးဖြစ်သွားတာကိုး။”

လူ ၂၀ ကျော်လောက် ဖမ်းဆီးခံရတယ်ဆိုတာ သီးခြားအတည်ပြုချက် မရသေးပါဘူး။ အခြားရွှေကူဒေသခံတွေကတော့ အနည်းဆုံး ၁၀ ယောက်လောက်ကို ဖမ်းဆီးထားတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

လက်ရှိ ဖမ်းဆီးမှုတွေဟာ ဒီလ ၄ ရက်နေ့က ရွှေကူမြို့ မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ အဖွဲ့တွေနဲ့ ဆက်စပ်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့နယ်အတွင်း ရဲစခန်းနဲ့ ဧရာဝတီမြစ်တွင်း သွားလာတဲ့ စစ်ရေယာဉ်တွေ တိုက်ခိုက်တာတွေ မကြာခနဖြစ်ခဲ့သလို ဒီလ ၄ရက်နေ့ကတော့ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရွှေကူမြို့မ ရဲစခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကလဲ KIA က ကျောက်ကြီးရွာ ရဲစခန်းကို ၂ကြိမ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်တည်းက တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁၁ ရက်နေ့က စလို့ ကချင်ပြည်နယ် မြို့နယ်အတော်များများမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၃ လ ကျော်လာပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG