သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို နည်းပညာကူညီမှု ရပ်ဖို့ အိန္ဒိယကုမ္ပဏီကို Justice for Myanmar တောင်းဆို


 Bharat လျှပ်စစ်ပစ္စည်းကုမ္ပဏီလိမိတက် BEL
Bharat လျှပ်စစ်ပစ္စည်းကုမ္ပဏီလိမိတက် BEL

(Zawgyi/Unicode)

အိန္ဒိယအစိုးရ ရှယ်ယာအများစုပိုင်ဆိုင်တဲ့ Bharat လျှပ်စစ်ပစ္စည်းကုမ္ပဏီလိမိတက် BEL ဟာ မြန်မာစစ်ကောင်စီ ကို နည်းပညာ အကူညီတွေ တင်ပို့ပေးနေတဲ့ အတွက် ဒီကုမ္ပဏီ ကရော သူနဲ့ ဖက်စပ်လုပ်ကိုင်နေသူတွေ အစုရှယ်ယာဝင်တွေကပါ ဒါကို ရပ်တန့်ကြဖို့ Justic for Myanmar လူ့အခွင့်ရေး အဖွဲ့က ဇွန်လ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းနေချိန်မှာ BEL က မြန်မာစစ်တပ်အတွက် နည်းပညာ အကူညီတွေ ဆက်ပေးနေတာ တွေ့ရတယ် လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စပြီး အခု အချိန်အထိ BEL ကနေ မြန်မာစစ်တပ်ကို ရေဒါနည်းပညာ ဆိုင်ရာ အထောက်အကူပစ္စည်းတွေ ပေးပို့နေတာ အနည်းဆုံး ၇ ကြိမ်ရှိနေတာကို အိန္ဒိယ ပို့ကုန် စာရင်းမှာ တွေ့ရှိရကြောင်းနဲ့ BEL အနေနဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ ချက်ချင်းရပ်ပစ်ဖို့နဲ့ သူတို့ရဲ့ မြန်မာနိုင်ငံထဲက ရုံးခန်းကိုပါ ပိတ်ပစ်ဖို့ Justic for Myanmar က တောင်းဆိုလိုက်ပါတယ်။

လွှဲပြောင်းပေးအပ်တဲ့ နည်းပညာတွေထဲမှာ အိန္ဒိယအစိုးရ အထောက်ကူပေးထားတဲ့ ကမ်းရိုးတန်း စောင့်ကြည့်စစ်ဆေးရေး စနစ်ပါ ပါဝင်ပြီး မြန်မာနိုင်ငံကို ရောင်းချခဲ့တဲ့ ဒီစံနစ်ဟာ ဒိန်းမတ်နိုင်ငံက Terma ကုမ္ပဏီရဲ့ နည်းပညာတွေပါဝင်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ Terma ကုမ္ပဏီကတော့ BEL ကနေ မြန်မာကို ရေဒါနည်းပညာ ပေးဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ငြင်းဆိုပါတယ်။

BEL ကုမ္ပဏီဟာ ဆွီဒင်က SAAB ၊ ပြင်သစ်နဲ့ နယ်သာလန်က Thales နဲ့ ဒိန်းမတ်က Terma အပြင် အစ္စရေး နဲ့ အီတလီက နည်းပညာကုမ္ပဏီကြီးတွေနဲ့ ပူးတွဲလုပ်ကိုင်နေတာ ဖြစ်ပြီး အမေရိကန်က Goldman Sachs နဲ့ ဂျပန်က နိပွန်အသက်အာမခံ လုပ်ငန်းတွေ အပါအဝင် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန် နဲ့ ပြင်သစ်က ကုမ္ပဏီကြီးတွေက လည်း အစုရှယ်ယာ အများအပြား ထည့်ဝင်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG