သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈမ်ားလာတဲ႔ ရွမ္းျပည္ေျမာက္ပိုင္းမွာ ၿမိဳ႕အဝင္အထြက္ စစ္ေဆး


မူဆယ္ ၿမိဳ႕၀င္ ၿမိဳ႕ထြက္ဂိတ္မွာ COVID-19 စစ္ေဆးမႈ ျပဳလုပ္

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕အခ်ိဳ႕မွာ COVID-19 ပိုးကူးစက္သူေတြ ရွိလာတဲ့အတြက္ ၿမိဳ႕၀င္ ၿမိဳ႕ထြက္ဂိတ္ေတြမွာ စစ္ေဆးမႈေတြ ျပဳလုပ္ေနျပဳလုပ္ေနပါတယ္။ လာ႐ႈိးၿမိဳ႕နဲ႔ သီေပါၿမိဳ႕ေတြမွာ ၿမိဳ႕၀င္ၿမိဳ႕ထြက္ စစ္ေဆးသလို၊ အတည္ျပဳလူနာေတြနဲ႔ ထိေတ႔ြခဲ့သူေတြကိုသီးျခားခဲြထားမယ့္ ကြာရန္တင္းစင္တာေတြကိုလည္းဖြင့္ထားပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုခင္ေမာင္စုိးမင္း ကေျပာျပပါမယ္။

ရွမ္းျပည္ေျမာက္ပိုင္း လားရိႈးၿမိဳ႕မွာ စစ္ကိုင္းတိုင္း တမူးၿမိဳ႕က ျပန္လာသူေတြကေန ကိုဗစ္ကပ္ေရာဂါ စတင္ကူးစက္ခဲ့တာမွာ တပတ္အတြင္း ပိုးေတြ႕ရွိသူ ၄၀ နီးပါးရွိေနပါတယ္။ ကိုဗစ္ ပိုးေတြ႕ရွိသူေတြ မ်ားလာတဲ့အတြက္ ၿမိဳ႕၀င္ဂိတ္ေတြမွာ အဖ်ားတိုင္းတာေတြ ခရီးသြား ရာဇ၀င္ ေကာက္ယူတာေတြကို ျပဳလုပ္ေနပါတယ္။

က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဇြန္ ၁၃ ရက္ တရက္တည္းမွာတင္ လားရိႈးၿမိဳ႕မွာ ပိုးေတြ႕ရွိသူ ၁၄ ဦးရွိၿပီး လားရိႈးေဆးရံုႀကီးမွာ ကုသဖို႔ ထားရွိထားရၿပီး ထိစပ္သူေတြအတြက္လည္း ကြာရတင္း စင္တာေတြ ျပင္ဆင္ေနတယ္လို႔ လားရိႈး COVID- 19 အေရးေပၚ အဖြဲ႕ တာ၀န္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“ဂိတ္ေတြမွာ ေဆးထိုးၿပီးေၾကာင္းစစ္တယ္။ ေနာက္ၿပီးေတာ့ ခရီးသြားေထာက္ခံစာ ပါမပါ စစ္တယ္လို႔ေတာ့ သိရတယ္။ စစ္တာေတာ့ စစ္တယ္။ ေဆးမထိုးလာလည္းဘဲ သူတို႔ရဲ႕ ခရီးသြားမွတ္တမ္းယူၿပီးေတာ့ ဒီတိုင္းလႊတ္တယ္လို႔ပဲ သိရတယ္။ ေဆးထိုးၿပီးသားမွတ္တမ္းရယ္။ လာတဲ့လမ္းေၾကာင္း ကိုယ့္ဆီးက ေဒသထြက္ခြါခြင့္ အဲ့ဒီကေန ေထာက္ခံခ်က္ေပါ့။ အဲ့ဒါစစ္တယ္လို႔ပဲသိတယ္။ အရင္တုန္းကေတာ့ ကြ်န္ေတာ္တို႔ ပရဟိတ အသင္းေတြ သြားၿပီးထိုင္တယ္ ကူညီေပးတာရွိတယ္။ အခုဒီဘက္ေနာက္ပိုင္းမွာ ကိုဗစ္စင္တာေတြ ဂိတ္ေတြမွာ သြားၿပီး ကူညီေပးတာမရွိေတာ့ ကြ်န္ေတာ္တို႔ အတိက်မသိရဘူး။ အရင္တုန္းကေတာ့ ေကာလိပ္မွာ လုပ္တယ္။ မိုးကုတ္၀ိပသာနာမွာလုပ္တယ္။ အခုေတာ့ မိုးကုတ္၀ိပသာနာမွာပဲ ကြာရတင္းစင္တာအတြက္ ျပင္ဆင္ေနၿပီလို႔သိရတယ္။”

ရွမ္းျပည္နယ္ သီေပါၿမိဳ႕မွာလည္း ပိုးေတြ႕လူနာ ၄ ဦးရွိၿပီ ျဖစ္တဲ့အတြက္ ကြာရတင္း စင္တာ ဖြင့္ၿပီး အတည္ျပဳလူနာနဲ႔ ထိေတ႔ြခဲ့သူေတြကို သီးျခားခြဲထားဖို႔ ပို႔ေဆာင္ထားတယ္လို႔ သီေပါၿမိဳ႕ ပရိဟိတ အသင္းတသင္းက တာ၀န္ရွိသူ တဦးက ေျပာပါတယ္။

“သီေပါၿမိဳ႕နယ္ နမ့္လမ္ ပထမေတာ့ ၃ ေယာက္ေပါ့ေနာ္။ သူ႔ရဲ႕ Contact က ၇ ေယာက္ ဒီေန႔ ထပ္ၿပီး စစ္လိုက္ေတာ့ ေနာက္တေယာက္ ထပ္တိုးတယ္။ အားလံုး ၄ ေယာက္ သူတို႔က သီေပါ ေဆးရံုကို လာပို႔တယ္ေလ။ ဒီေန႔ေတာ့ ထိစပ္သူ ၆ ေယာက္ကိုေတာ့ ကြာရတင္း စင္တာကို ပို႔လိုက္တယ္။ ဒီေန႔စၿပီး ကြာရတင္းစင္တာ လုပ္ထားတာေပါ့ေနာ္။ သူနဲ႔ထိစပ္တဲ့သူေတြကို သီးသန္႔ထားတာေပါ့။ ကြ်န္ေတာ္တို႔ အေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက ကြာရတင္းစင္တာ လုပ္ထားေပးတာ။ ဒီေန႔မွ လုပ္ထားတာ။”

ရွမ္းျပည္နယ္ေျမာက္ပိုင္းထဲကပဲ ကိုဗစ္အတည္ျပဳလူနာ မ႐ွိေသးတဲ့ မူဆယ္ ေက်ာက္မဲ စတဲ့ၿမိဳ႕ေတြမွာလည္း ၿမိဳ႕အ၀င္ေတြမွာ အဖ်ားတိုင္းတာေတြ ႏွာေခါင္းစည္းေ၀တာေတြ ျပဳလုပ္ေနပါတယ္။ ရွမ္းျပည္နယ္ထဲမွာ ကိုဗစ္ကူးစက္သူေတြရွိလာေပမယ့္ ေသဆံုးသူ ႐ွိတယ္လို႔ေတာ့ မသိရေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္သူ အခုရက္ပိုင္းမွာ ရာေက်ာ္႐ွိေနၿပီး ကိုဗစ္တတိယလႈိင္းျဖစ္ေနၿပီလားဆိုတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚေနပါတယ္။ အတည္ျပဳလူနာအမ်ားဆံုးက စစ္ကိုင္းတိုင္းနဲ႔ ရန္ကုန္ၿမိဳ႕ျဖစ္ပါတယ္။ ကိုဗစ္ေရာဂါကူးစက္မႈ စိုးရိမ္စရာေကာင္းေလာက္ေအာင္ မ်ားေနတ့ဲ အိႏၵိယႏိုင္ငံနဲ႔ ထိဆက္ေနတဲ့ စစ္ကိုင္းတိုင္း တမူးခရိုင္မွာဆိုရင္ ခမ္းပတ္ၿမိဳ႕ေစ်းပိတ္ထားရပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဇြန္ ၁၄ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ဓါတ္ခဲြနာမူနာ ၂၆၅၁ ခုမွာ အတည္ျပဳလုနာ ၂၂၃ ေယာက္ေတ႔ြ႐ွိၿပီး ေသဆံုးသူေနာက္ထပ္ ၄ ေယာက္႐ွိတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံမွာ စုစုေပါင္း ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၁ သိန္းခဲြနီးပါး႐ွိေနၿပီး ေသဆံုးသူ စုစုေပါင္း ၃၂၄၈ ေယာက္႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကူးစက်မှုများလာတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ မြို့အဝင်အထွက် စစ်ဆေး

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အချို့မှာ COVID-19 ပိုးကူးစက်သူတွေ ရှိလာတဲ့အတွက် မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြုလုပ်နေပါတယ်။ လာရှိုးမြို့နဲ့ သီပေါမြို့တွေမှာ မြို့ဝင်မြို့ထွက် စစ်ဆေးသလို၊ အတည်ပြုလူနာတွေနဲ့ ထိတေ့ွခဲ့သူတွေကိုသီးခြားခွဲထားမယ့် ကွာရန်တင်းစင်တာတွေကိုလည်းဖွင့်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကိုင်းတိုင်း တမူးမြို့က ပြန်လာသူတွေကနေ ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ခဲ့တာမှာ တပတ်အတွင်း ပိုးတွေ့ရှိသူ ၄၀ နီးပါးရှိနေပါတယ်။ ကိုဗစ် ပိုးတွေ့ရှိသူတွေ များလာတဲ့အတွက် မြို့ဝင်ဂိတ်တွေမှာ အဖျားတိုင်းတာတွေ ခရီးသွား ရာဇဝင် ကောက်ယူတာတွေကို ပြုလုပ်နေပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၁၃ ရက် တရက်တည်းမှာတင် လားရှိုးမြို့မှာ ပိုးတွေ့ရှိသူ ၁၄ ဦးရှိပြီး လားရှိုးဆေးရုံကြီးမှာ ကုသဖို့ ထားရှိထားရပြီး ထိစပ်သူတွေအတွက်လည်း ကွာရတင်း စင်တာတွေ ပြင်ဆင်နေတယ်လို့ လားရှိုး COVID- 19 အရေးပေါ် အဖွဲ့ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ဂိတ်တွေမှာ ဆေးထိုးပြီးကြောင်းစစ်တယ်။ နောက်ပြီးတော့ ခရီးသွားထောက်ခံစာ ပါမပါ စစ်တယ်လို့တော့ သိရတယ်။ စစ်တာတော့ စစ်တယ်။ ဆေးမထိုးလာလည်းဘဲ သူတို့ရဲ့ ခရီးသွားမှတ်တမ်းယူပြီးတော့ ဒီတိုင်းလွှတ်တယ်လို့ပဲ သိရတယ်။ ဆေးထိုးပြီးသားမှတ်တမ်းရယ်။ လာတဲ့လမ်းကြောင်း ကိုယ့်ဆီးက ဒေသထွက်ခွါခွင့် အဲ့ဒီကနေ ထောက်ခံချက်ပေါ့။ အဲ့ဒါစစ်တယ်လို့ပဲသိတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ ပရဟိတ အသင်းတွေ သွားပြီးထိုင်တယ် ကူညီပေးတာရှိတယ်။ အခုဒီဘက်နောက်ပိုင်းမှာ ကိုဗစ်စင်တာတွေ ဂိတ်တွေမှာ သွားပြီး ကူညီပေးတာမရှိတော့ ကျွန်တော်တို့ အတိကျမသိရဘူး။ အရင်တုန်းကတော့ ကောလိပ်မှာ လုပ်တယ်။ မိုးကုတ်ဝိပသာနာမှာလုပ်တယ်။ အခုတော့ မိုးကုတ်ဝိပသာနာမှာပဲ ကွာရတင်းစင်တာအတွက် ပြင်ဆင်နေပြီလို့သိရတယ်။”

ရှမ်းပြည်နယ် သီပေါမြို့မှာလည်း ပိုးတွေ့လူနာ ၄ ဦးရှိပြီ ဖြစ်တဲ့အတွက် ကွာရတင်း စင်တာ ဖွင့်ပြီး အတည်ပြုလူနာနဲ့ ထိတေ့ွခဲ့သူတွေကို သီးခြားခွဲထားဖို့ ပို့ဆောင်ထားတယ်လို့ သီပေါမြို့ ပရိဟိတ အသင်းတသင်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။

“သီပေါမြို့နယ် နမ့်လမ် ပထမတော့ ၃ ယောက်ပေါ့နော်။ သူ့ရဲ့ Contact က ၇ ယောက် ဒီနေ့ ထပ်ပြီး စစ်လိုက်တော့ နောက်တယောက် ထပ်တိုးတယ်။ အားလုံး ၄ ယောက် သူတို့က သီပေါ ဆေးရုံကို လာပို့တယ်လေ။ ဒီနေ့တော့ ထိစပ်သူ ၆ ယောက်ကိုတော့ ကွာရတင်း စင်တာကို ပို့လိုက်တယ်။ ဒီနေ့စပြီး ကွာရတင်းစင်တာ လုပ်ထားတာပေါ့နော်။ သူနဲ့ထိစပ်တဲ့သူတွေကို သီးသန့်ထားတာပေါ့။ ကျွန်တော်တို့ အထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကွာရတင်းစင်တာ လုပ်ထားပေးတာ။ ဒီနေ့မှ လုပ်ထားတာ။”

ရှမ်းပြည်နယ်မြောက်ပိုင်းထဲကပဲ ကိုဗစ်အတည်ပြုလူနာ မရှိသေးတဲ့ မူဆယ် ကျောက်မဲ စတဲ့မြို့တွေမှာလည်း မြို့အဝင်တွေမှာ အဖျားတိုင်းတာတွေ နှာခေါင်းစည်းဝေတာတွေ ပြုလုပ်နေပါတယ်။ ရှမ်းပြည်နယ်ထဲမှာ ကိုဗစ်ကူးစက်သူတွေရှိလာပေမယ့် သေဆုံးသူ ရှိတယ်လို့တော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ အခုရက်ပိုင်းမှာ ရာကျော်ရှိနေပြီး ကိုဗစ်တတိယလှိုင်းဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတည်ပြုလူနာအများဆုံးက စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်မြို့ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု စိုးရိမ်စရာကောင်းလောက်အောင် များနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ထိဆက်နေတဲ့ စစ်ကိုင်းတိုင်း တမူးခရိုင်မှာဆိုရင် ခမ်းပတ်မြို့ဈေးပိတ်ထားရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန် ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဓါတ်ခွဲနာမူနာ ၂၆၅၁ ခုမှာ အတည်ပြုလုနာ ၂၂၃ ယောက်တေ့ွရှိပြီး သေဆုံးသူနောက်ထပ် ၄ ယောက်ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁ သိန်းခွဲနီးပါးရှိနေပြီး သေဆုံးသူ စုစုပေါင်း ၃၂၄၈ ယောက်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG