သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ကိုဗစ္ကူးစက္မႈ ၁ သိန္းခဲြနီးပါး ရွိေနၿပီ


ရန္ကုန္ ဧရာဝတီကိုဗစ္စင္တာမွာ ကိုဗစ္လူနာေတြကို ျပဳစု ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ေဖေဖာ္ဝါရီလ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ႏုိင္ငံတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ ကန္႔သတ္မႈေတြကို လ်စ္လ်ဴ႐ႈၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပေနတဲ့ ျမန္မာႏို္င္ငံမွာ တနဂၤႏြန႔က ၂၄ နာရီအတြင္း COVID-19 ကူးစက္ခံရသူ အတည္ျပဳလူနာသစ္ ၃၇၃ ေယာက္ရွိေနၿပီး အခုဆို ကူးစက္ခံရသူ ၁၄၅,၀၀၀ ေက်ာ္ေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇြန္လ ၁၃ ရက္ တနဂၤေႏြေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဒါဟာ စေနည ၈ နာရီကေန တရက္အတြင္း ကူးစက္မႈျဖစ္ၿပီး ဓာတ္ခြဲနမူနာ ၃,၀၀၀ နီးပါးကို စစ္ေဆးရာက ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္အထိ ေသဆံုးရသူက ၃,၂၄၄ ေယာက္ ရွိေနတာပါ။ ဓာတ္ခြဲစစ္ေဆးသူ ၂ သိန္းခြဲေက်ာ္ထဲမွာ ျပန္သက္သာလာသူက ၁၃၀,၀၀၀ ေက်ာ္ ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ေမလကုန္ပိုင္းကစၿပီး ၂၄ နာရီအတြင္း ကူးစက္ခံရတဲ့ အတည္ျပဳလူနာဟာ တရက္ကို ၁၀၀ ေလာက္ ျဖစ္လာေနတာေၾကာင့္ တခ်ိဳ႕ၿမိဳ႕နယ္ေတြအတြက္ ေနအိမ္မွာပဲေနဖို႔ Stay at Home အမိန္႔ ထုတ္ျပန္ခဲ့တာပါ။ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ ျမင့္တက္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕မွာ ဇြန္လ ၁၀ ရက္ေန႔က တရက္တည္းမွာ ေသဆံုးရသူက ၁၀ ဦး ရွိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့ ေဒသေတြက အတည္ျပဳလူနာ အမ်ားဆံုးျဖစ္တဲ့ စစ္ကိုင္းတိုင္းနဲ႔ ဒုတိယအမ်ားဆံုးက ခ်င္းျပည္နယ္နဲ႔ ရန္ကုန္တိုင္းတို႔ ျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေသာၾကာေန႔က ဗြီအိုေအကို ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ မႏွစ္က မတ္လ ၂၃ ရက္ေန႔မွာ COVID-19 ကူးစက္ခံရသူ ၂ ေယာက္ကို စေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာနိုင်ငံ ကိုဗစ်ကူးစက်မှု ၁ သိန်းခွဲနီးပါး ရှိနေပြီ

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ကန့်သတ်မှုတွေကို လျစ်လျူရှုပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံမှာ တနင်္ဂနွန့က ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ အတည်ပြုလူနာသစ် ၃၇၃ ယောက်ရှိနေပြီး အခုဆို ကူးစက်ခံရသူ ၁၄၅,၀၀၀ ကျော်နေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၁၃ ရက် တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ စနေည ၈ နာရီကနေ တရက်အတွင်း ကူးစက်မှုဖြစ်ပြီး ဓာတ်ခွဲနမူနာ ၃,၀၀၀ နီးပါးကို စစ်ဆေးရာက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိ သေဆုံးရသူက ၃,၂၄၄ ယောက် ရှိနေတာပါ။ ဓာတ်ခွဲစစ်ဆေးသူ ၂ သိန်းခွဲကျော်ထဲမှာ ပြန်သက်သာလာသူက ၁၃၀,၀၀၀ ကျော် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မေလကုန်ပိုင်းကစပြီး ၂၄ နာရီအတွင်း ကူးစက်ခံရတဲ့ အတည်ပြုလူနာဟာ တရက်ကို ၁၀၀ လောက် ဖြစ်လာနေတာကြောင့် တချို့မြို့နယ်တွေအတွက် နေအိမ်မှာပဲနေဖို့ Stay at Home အမိန့် ထုတ်ပြန်ခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ ဇွန်လ ၁၀ ရက်နေ့က တရက်တည်းမှာ သေဆုံးရသူက ၁၀ ဦး ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ဒေသတွေက အတည်ပြုလူနာ အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ ဒုတိယအများဆုံးက ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့ ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သောကြာနေ့က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က မတ်လ ၂၃ ရက်နေ့မှာ COVID-19 ကူးစက်ခံရသူ ၂ ယောက်ကို စတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG