သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ျပည္တြင္းေလေၾကာင္း ခရီးစဥ္တခ်ိဳ႕ယာယီပိတ္


ရန္ကုန္မဂၤလာဒံုေလဆိပ္သို ့ေလယာဥ္မဆင္းသက္ခင္ က်န္းမာေရးလုပ္သားက ခရီးသည္မ်ားရဲ့ အပူခ်ိန္တိုင္းတာစဥ္ (ဓာတ္ပံု - Sam YEH / AFP)

(Zawgyi/Unicode)
ကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ တနသၤာရီတိုင္းအတြင္းက ၿမိဳ႕ ၆ ၿမိဳ႕ဆီ ေလေၾကာင္းခရီးစဥ္ပ်ံသန္းခြင့္ ယာယီပိတ္ထားပါတယ္။ အဲဒီထဲမွာပါဝင္တဲ့ ကေလးၿမိဳ႕မွာဆိုရင္ ဒီေန႔တရက္တည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁၀ ဦးအထိရွိခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို မဆုမြန္ကေျပာျပပါမယ္။

ကိုဗစ္ကပ္ေရာဂါ စိုးရိမ္ရေလာက္ေအာင္ ကူးစက္ေနတဲ့ ျမန္မာ့အိမ့္နီးခ်င္း အိႏၵိယနဲ႔ ထိုင္းႏိုင္ငံေတြနဲ႔ နယ္နမိတ္ ထိဆက္ေနတဲ့ ျမန္မာႏိုင္ငံက စစ္ကိုင္းတုိင္း၊ ႐ွမ္းျပည္နယ္နဲ႔ တနသၤာရီတိုင္းတို႔ဆီသြားတဲ့ ေလယာဥ္ခရီးစဥ္ေတြကို ျမန္မာႏိုင္ငံမွာ ယာယီရပ္ဆိုင္းထားပါတယ္။ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ျမင့္တက္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕၊ ထုိင္းႏိုင္ငံဖက္က ျပန္ဝင္လာသူေတြ အသြားမ်ားတဲ့ ႐ွမ္းျပည္နယ္ တာခ်ီလိတ္၊ က်ိဳင္းတုံ၊ တနသၤာရီတိုင္းထဲက ထားဝယ္၊ ၿမိတ္နဲ႔ ေကာ့ေသာင္းစတဲ့ ၿမိဳ႕ ၆ ၿမိဳ႕ဆီ ျပည္တြင္းေလေၾကာင္းလိုင္းအားလုံး ခရီးစဥ္ပ်ံသန္းခြင့္ ယာယီပိတ္ထားပါတယ္။

ကပ္ေရာဂါကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေမလ ၂၉ ရက္ကစၿပီး ဇြန္လ ၁၅ ရက္ေန႔အထိ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ညႊန္ၾကားခ်က္နဲ႔ ေလယာဥ္ခရီးစဥ္ေတြကို ယာယီရပ္ဆိုင္းထားတာပါ။ ဇြန္လ ၁၅ ရက္ေန႔အထိလို႔ ေျပာထားေပမဲ့ အဲဒီၿမိဳ႕ေတြဆီ ေလယာဥ္ခရီးစဥ္ေတြ ဘယ္ေတာ့ ျပန္စႏိုင္မလဲ အတိအက် မသိေသးဘူးလို႔ ျမန္မာအမ်ိဳးသားေလေၾကာင္းက လုပ္ငန္းလည္ပါတ္မႈဆိုင္ရာ အရာ႐ွိခ်ဳပ္ ဦးခပ္ခမ္းေမာင္က ဗြီအိုေအကိုေျပာပါတယ္။

"ဘယ္ေတာ့ျပန္ဖြင့္ေပးမလဲဆိုတာ သူတို႔ကေတာ့ ပထမ ၁၀ ရက္ေပါ့။ ၁၀ရက္ကို သူတို႔ေစာင့္ၾကည့္မယ္ေပါ့။ ဒါကေတာ့ သူတို႔ရဲ႕ အစီအစဥ္ေပါ့။ က်ေနာ္တို႔ကိုေတာ့ ဒီအခ်ိန္မွာ ေလယာဥ္ပ်ံေတြ ခရီးသည္ေတြကို ခုနကေျပာတဲ့ၿမိဳ႕ေတြကို ခရီးစဥ္မဆြဲပါနဲ႔ဆိုတဲ့ ၫႊန္ၾကားခ်က္လာေတာ့ က်ေနာ္တို႔က အဲဒီအတိုင္းပဲ သူတို႔ၫႊန္ၾကားတဲ့အတိုင္း လိုက္လုပ္ေပးရတာ။"

ကပ္ေရာဂါကူးစက္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ျပည္တြင္းေလေၾကာင္းခရီးစဥ္မွာ လိုက္ပါမယ့္သူေတြအေနနဲ႔ ကိုဗစ္ေရာဂါကင္းစင္ေၾကာင္း ေထာက္ခံစာ အရင္က လိုအပ္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ မတ္လေလာက္ကစၿပီး အဲဒီအစီအစဥ္မရွိေတာ့ဘူးလို႔ လည္းေျပာပါတယ္။ အိႏၵိယႏိုင္ငံက လာတဲ့ခရီးသည္ေတြအေနနဲ႔ သီးျခားခဲြ Quarantine ၁၄ ရက္နဲ႔ တျခားႏိုင္ငံကေန ေရာက္လာသူေတြကို Quarantine ၁၀ ရက္ဝင္ဖို႔ သတ္မွတ္ထားပါတယ္။

ေလယာဥ္ခရီးစဥ္ေတြ ယာယီပိတ္ခံထားရတဲ့ စစ္ကိုင္းတုိင္း ကေလးၿမိဳ႕မွာေတာ့ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ဒီေန႔ ၁ ရက္ထဲတင္ ၁၀ ဦးရွိပါတယ္။
ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ဖုိ႔ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ (Stay at Home) သတ္မွတ္ထားတဲ့ ကေလးၿမိဳ႕မွာ ေရာဂါကူးစက္ခံထားရသူကေတာ့ ၂၀၀ ဝန္းက်င္ရွိေနၿပီး၊ အဲဒီထဲမွာ ေရာဂါျပင္းထန္သူေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ ေရာဂါျဖစ္သူေတြကို ကုသေပးႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္းအင္အား မလုံေလာက္တာနဲ႔ ေဆးပစၥည္းကိရိယာ လိုအပ္ခ်က္အပါအဝင္ ေအာက္စီဂ်င္လိုအပ္ခ်က္ေတြလည္း ရွိလာေနၿပီလို႔ ကေလးၿမိဳ႕ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ ေစတနာရွင္လုပ္အားေပးတဦးက ဗြီအိုေအကိုေျပာပါတယ္။

"ေအာက္စီဂ်င္ကေတာ့ က်ေနာ္တို႔ၿမိဳ႕အေနနဲ႔ကေတာ့ လတ္တေလာက သိပ္မေလာက္ခ်င္ဘူးဗ်။ မေလာက္ခ်င္တဲ့အခါက်ေတာ့ က်ေနာ္တို႔ မုံ႐ြာကိုပို႔ဖို႔ စီစဥ္ၾကရတယ္ဗ်။ အဲဒီ ဗူးခြံေတြကိုေလ။ အဲလိုမ်ိဳးပဲ လုပ္ေနရတာဗ် အခုဟာက။"
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၉ ရက္ ၈နာရီထုတ္ျပန္ထားတဲ့ စာရင္းအရ ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ၁၃၆ ဦးနဲ႔ ေသဆုံးသူ ၅ ဦး ရွိခဲ့ပါတယ္။ အတည္ျပဳလူနာ အမ်ားဆံုးက စစ္ကိုင္းတိုင္းထဲမွာျဖစ္ၿပီး စုစုေပါင္း ၅၁ ေယာက္မွာ ၃၂ ေယာက္က ကေလးၿမိဳ႕က ျဖစ္ၾကပါတယ္။

....................................................................

ကိုဗစ်ကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ်တချို့ယာယီပိတ်

(Unicode)
ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက မြို့ ၆ မြို့ဆီ လေကြောင်းခရီးစဉ်ပျံသန်းခွင့် ယာယီပိတ်ထားပါတယ်။ အဲဒီထဲမှာပါဝင်တဲ့ ကလေးမြို့မှာဆိုရင် ဒီနေ့တရက်တည်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်ကပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါ စိုးရိမ်ရလောက်အောင် ကူးစက်နေတဲ့ မြန်မာ့အိမ့်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေနဲ့ နယ်နမိတ် ထိဆက်နေတဲ့ မြန်မာနိုင်ငံက စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဆီသွားတဲ့ လေယာဉ်ခရီးစဉ်တွေကို မြန်မာနိုင်ငံမှာ ယာယီရပ်ဆိုင်းထားပါတယ်။ ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ ထိုင်းနိုင်ငံဖက်က ပြန်ဝင်လာသူတွေ အသွားများတဲ့ ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ တနင်္သာရီတိုင်းထဲက ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းစတဲ့ မြို့ ၆ မြို့ဆီ ပြည်တွင်းလေကြောင်းလိုင်းအားလုံး ခရီးစဉ်ပျံသန်းခွင့် ယာယီပိတ်ထားပါတယ်။

ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မေလ ၂၉ ရက်ကစပြီး ဇွန်လ ၁၅ ရက်နေ့အထိ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နဲ့ လေယာဉ်ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားတာပါ။ ဇွန်လ ၁၅ ရက်နေ့အထိလို့ ပြောထားပေမဲ့ အဲဒီမြို့တွေဆီ လေယာဉ်ခရီးစဉ်တွေ ဘယ်တော့ ပြန်စနိုင်မလဲ အတိအကျ မသိသေးဘူးလို့ မြန်မာအမျိုးသားလေကြောင်းက လုပ်ငန်းလည်ပါတ်မှုဆိုင်ရာ အရာရှိချုပ် ဦးခပ်ခမ်းမောင်က ဗွီအိုအေကိုပြောပါတယ်။

"ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာ သူတို့ကတော့ ပထမ ၁၀ ရက်ပေါ့။ ၁၀ရက်ကို သူတို့စောင့်ကြည့်မယ်ပေါ့။ ဒါကတော့ သူတို့ရဲ့ အစီအစဉ်ပေါ့။ ကျနော်တို့ကိုတော့ ဒီအချိန်မှာ လေယာဉ်ပျံတွေ ခရီးသည်တွေကို ခုနကပြောတဲ့မြို့တွေကို ခရီးစဉ်မဆွဲပါနဲ့ဆိုတဲ့ ညွှန်ကြားချက်လာတော့ ကျနော်တို့က အဲဒီအတိုင်းပဲ သူတို့ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပေးရတာ။"

ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ပြည်တွင်းလေကြောင်းခရီးစဉ်မှာ လိုက်ပါမယ့်သူတွေအနေနဲ့ ကိုဗစ်ရောဂါကင်းစင်ကြောင်း ထောက်ခံစာ အရင်က လိုအပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး အဲဒီအစီအစဉ်မရှိတော့ဘူးလို့ လည်းပြောပါတယ်။ အိန္ဒိယနိုင်ငံက လာတဲ့ခရီးသည်တွေအနေနဲ့ သီးခြားခွဲ Quarantine ၁၄ ရက်နဲ့ တခြားနိုင်ငံကနေ ရောက်လာသူတွေကို Quarantine ၁၀ ရက်ဝင်ဖို့ သတ်မှတ်ထားပါတယ်။

လေယာဉ်ခရီးစဉ်တွေ ယာယီပိတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ကပ်ရောဂါကြောင့် သေဆုံးသူ ဒီနေ့ ၁ ရက်ထဲတင် ၁၀ ဦးရှိပါတယ်။
ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ (Stay at Home) သတ်မှတ်ထားတဲ့ ကလေးမြို့မှာ ရောဂါကူးစက်ခံထားရသူကတော့ ၂၀၀ ဝန်းကျင်ရှိနေပြီး၊ အဲဒီထဲမှာ ရောဂါပြင်းထန်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ရောဂါဖြစ်သူတွေကို ကုသပေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တာနဲ့ ဆေးပစ္စည်းကိရိယာ လိုအပ်ချက်အပါအဝင် အောက်စီဂျင်လိုအပ်ချက်တွေလည်း ရှိလာနေပြီလို့ ကလေးမြို့ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ စေတနာရှင်လုပ်အားပေးတဦးက ဗွီအိုအေကိုပြောပါတယ်။

"အောက်စီဂျင်ကတော့ ကျနော်တို့မြို့အနေနဲ့ကတော့ လတ်တလောက သိပ်မလောက်ချင်ဘူးဗျ။ မလောက်ချင်တဲ့အခါကျတော့ ကျနော်တို့ မုံရွာကိုပို့ဖို့ စီစဉ်ကြရတယ်ဗျ။ အဲဒီ ဗူးခွံတွေကိုလေ။ အဲလိုမျိုးပဲ လုပ်နေရတာဗျ အခုဟာက။"
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၉ ရက် ၈နာရီထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၆ ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိခဲ့ပါတယ်။ အတည်ပြုလူနာ အများဆုံးက စစ်ကိုင်းတိုင်းထဲမှာဖြစ်ပြီး စုစုပေါင်း ၅၁ ယောက်မှာ ၃၂ ယောက်က ကလေးမြို့က ဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG