သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းမွာ ကိုဗစ္ကြာရန္တင္းစင္တာေတြ တိုးခ်ဲ႕မည္


မွတ္တမ္းဓါတ္ပံု- ဒီဇင္ဘာ လ ၂၅ ရက္ေန႔က ရန္ုကုန္တိုင္းအတြင္း COVID အနီးကပ္ ေစာင့္ၾကည့္လူနုာမ်ားကိုေတြ႔ရစဥ္

(Zawgyi/Unicode)

ေန႔စဥ္ကိုဗစ္ကပ္ေရာဂါ အတည္ျပဳလူနာ ၁၀၀ ေက်ာ္ထိ ျပန္တက္လာေနတဲ့ ျမန္မာႏိုင္ငံမွာ သီးျခားခဲြထားတဲ့ ကြာရန္တင္းစင္တာ ၃၇ ခု ထား႐ွိဖုိ႔ က်န္းမာေရးဝန္ႀကီးဌာနက ျပင္ဆင္ေနတယ္လို႔ တာဝန္႐ွိသူက ဗီြအိုေအကို ေျပာပါတယ္။ လူဦးေရထူထပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္ ၂၂ ၿမိဳ႕နယ္မွာ လူ ၃၀၀၀ စာ ကြာရန္တင္းစင္တာေတြထားရွိဖို႔ စီစဥ္ေနတာနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ကေျပာျပပါမယ္။

စစ္အာဏာသိမ္းၿပီးေနာက္ အေျခအေနေတြ မတည္မၿငိမ္ျဖစ္ေနခ်ိန္ ကိုဗစ္ေရာဂါကူးစက္သူေတြ ျပန္တိုးေနပါတယ္။ အခုရက္ပိုင္းအတြင္း တရက္ကို ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္ထိ ေရာက္လာတာမွာ ဇြန္လ ၁၀ ရက္ေန႔ကဆို ၁၆၁ ေယာက္မွာ ကိုဗစ္ကပ္ေရာဂါပိုး စစ္ေဆး ေတြ႔႐ွိခဲ့ပါတယ္။ ေသဆံုးသူက ၄ ေယာက္ျဖစ္ပါတယ္။

အတည္ျပဳလူနာေတြ ျပန္မ်ားလာတဲ့အတြက္ လူေနထူထပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္ ၂၂ ၿမိဳ႕နယ္မွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက quarantine စင္တာေတြ ျပင္ဆင္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကိုေျပာပါတယ္။

“ရန္ကုန္ ကြာရန္တင္းစင္တာေတြနဲ႔ပတ္သတ္ၿပီးေတာ့ ရန္ကုန္ၿမိဳ႕နယ္ ၂၂ ၿမိဳ႕နယ္ရဲ႕ ၿမိဳ႕နယ္ ၃၇ ေနရာမွာ လူ ၃၀၀၀ စာ ကြာရန္တင္းစင္တာေဆာက္ဖို႔လုပ္ေနပါတယ္။ ျပင္ဆင္ေနတာက လည္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ က်န္းမာေရး ဌာနတို႔ ေပါင္းလုပ္ေနပါတယ္။ ဒါကေတာ့ တကယ္လို႔ ေရာဂါျဖစ္ပြားတာမ်ားလာလို႔ရွိရင္ သူတို႔နဲ႔ထိေတြ႕ဆက္စပ္သူေတြကို ကြာရန္တင္းထား ဖို႔ရည္႐ြယ္တာျဖစ္တယ္။ ေလာေလာဆယ္ Contact ေတြကို ႐ိုးမစင္တာကိုပို႔ေဆာင္ထားပါတယ္။"

လက္ရွိမွာ အတည္ျပဳလူနာေတြကို ေဖာင္ႀကီးမွာထား ကုသေပးေနတယ္လို႔ သူက ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကူးစက္မႈ ျပန္ျမင့္တက္ေနတဲ့ထဲက အတည္ျပဳလူနာ အမ်ားဆံုးေတြ႔႐ွိတာက စစ္ကိုင္းတိုင္း ျဖစ္ပါတယ္။ ဒုတိယနဲ႔ တတိယကေတာ့ ခ်င္းနဲ႔ ရန္ကုန္တိုင္းတို႔ဘဲျဖစ္တယ္လို႔ ေဒါက္တာ ေဒၚခင္ခင္ႀကီးကေျပာပါတယ္။ ရန္ကုန္တိုင္းကေတာ့ ထူတပ္တာမို႔ ျဖစ္ေနတာမို႔ သတိထားရမယ့္ အေျခအေနမွာရွိေနတယ္လို႔ေျပာပါတယ္။ အတည္ျပဳလူနာေတြထဲမွာ ေရာဂါ ျပင္းထန္မႈ အဆင့္အလိုက္ ေဆး႐ံုေတြခဲြ ကုသဖုိ႔ ျပင္ဆင္ထားတာကိုလည္း ေဒၚခင္ခင္ႀကီးက ခုလို ႐ွင္းျပပါတယ္။

“ သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္ေဆး႐ုံေတြမွာထားဖို႔ရည္႐ြယ္ထားပါတယ္။ ဒါဟာေရာဂါလကၡဏာမျပင္းတဲ့သူေတြ၊ သာမန္လကၡဏာ၊ ပိုးသာေတြ႕တယ္ ဘာမွမခံစားရသူ ေတြကို ၿမိဳ႕နယ္ေဆး႐ုံေတြမွာ ကုသမႈေပူမယ္။ တကယ္လို႔ ေရာဂါလကၡဏာႀကီးတယ္။ ေနာက္ခံ ေရာဂါ ရွိတယ္။ အသက္ႀကီးသူေတြက်ေတာ့ ေဆး႐ုံႀကီးေတြမွာကုမယ္လို႔ လက္ရွိမွာေဆာင္႐ြက္ထားပါတယ္။"

လက္ရွိ ျမန္မာမွာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာ ဆရာဝန္ေတြ သူနာျပဳေတြပါဝင္ေနၿပီး အဲဒီလို CDM ျပဳလုပ္သူေတြကိုလည္း စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက ေဆးကုသခြင့္လက္မွတ္ျပန္သိမ္းတာ ျပင္ပ ေဆး႐ုံေဆးခန္းေတြမွာ ကုသခြင့္မေပးတာစတဲ့ အေရးယူမႈေတြရွိေနတာမို႔ ကိုဗစ္တတိယလႈိင္းသာ ျဖစ္ လာမယ္ဆိုရင္ လက္ရွိ စစ္ေကာင္စီေအာက္ က်န္းမာေရးဝန္ႀကီးဌာနက ဘယ္ေလာက္ထိ ႀကံ့ႀကံ့ခံ ျပင္ ဆင္ထားႏိုင္မလဲ ဆိုတဲ့ ေမးခြန္းေတြထြက္ေပၚေနသလို ေသဆုံးသူတိုးလာေနတာေၾကာင့္ ျပည္တြင္းမွာ ကိုဗစ္တတိယလႈိင္းျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫႊန္ၾကား ေရးမႉး ေဒါက္တာခင္ခင္ႀကီးကေတာ့ အခုလိုေျပာျပပါ တယ္။

“ လက္ရွိ ကိုဗစ္ျဖစ္ေနတဲ့ ႏႈန္းက မ်ားတယ္ဆိုတဲ့ အေနအထားမဟုတ္ပါဘူး။ ဒီလိုစေနတာကိုေကာင္းေကာင္းထိန္းခ်ဳပ္ဖို႔က က်န္းမာေရး ဌာနတခုထဲ လုပ္လို႔မရပါဘူး။ ျပည္သူေတြမွာလဲတာဝန္ရွိပါတယ္။ ျပည္သူေတြကိုဗစ္ စည္းကမ္းေပါ့ေလ်ာ့တယ္ဆိုရင္ လက္ရွိေရာဂါျဖစ္ပြားမႈက မ်ားလာမွာျဖစ္ပါတယ္။ မ်ားလာမယ္ဆိုရင္ လက္ရွိအေနအထားကက်မတို႔ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တယ္။ သိပ္မ်ားလာၿပီဆိုရင္ေတာ့ အခက္အခဲ ျဖစ္လာမွာပါ။ ဒီေနရာမွာ quality care ဆိုတာကေတာ့ ခုနေျပာသလို က်န္းမာေရးေစာင့္ ေရွာက္မႈ ခက္လာမွာျဖစ္ပါတယ္။ ေရာဂါပိုးကူးစက္တာမ်ားလာရင္ဘယ္လိုလုပ္မလဲဆိုတာကိုလည္း က်မတို႔ ႀကိဳတင္ျပင္ဆင္ထားပါတယ္။"

ကိုဗစ္ကပ္ေရာဂါ ႐ွိ မ႐ွိ ေန႔စဥ္ စစ္ေဆးမႈႏႈန္းက စစ္အာဏာမသိမ္းခင္ကတရက္ကို ေသာင္းဂဏန္းေက်ာ္႐ွိခဲ့ရာက စစ္အာဏာသိမ္းၿပီးေနာက္ ေထာင္ဂဏန္းအထိ က်ဆင္းသြားပါတယ္။ ဇြန္လ ၁၀ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာ စုစုေပါင္း ၁ သိန္း ၄ ေသာင္းခဲြနီးပါး႐ွိေနၿပီး ေသဆံုးသူ ၃၂၃၇ ေယာက္ ျပန္လည္ေနေကာင္းလာသူ ၁ သိန္း ၃ ေသာင္း ၃ ေထာင္နီးပါး႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ရန်ကုန်တိုင်းမှာ ကိုဗစ်ကွာရန်တင်းစင်တာတွေ တိုးချဲ့မည်

(Unicode)

နေ့စဉ်ကိုဗစ်ကပ်ရောဂါ အတည်ပြုလူနာ ၁၀၀ ကျော်ထိ ပြန်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ သီးခြားခွဲထားတဲ့ ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ လူဦးရေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၂ မြို့နယ်မှာ လူ ၃၀၀၀ စာ ကွာရန်တင်းစင်တာတွေထားရှိဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

စစ်အာဏာသိမ်းပြီးနောက် အခြေအနေတွေ မတည်မငြိမ်ဖြစ်နေချိန် ကိုဗစ်ရောဂါကူးစက်သူတွေ ပြန်တိုးနေပါတယ်။ အခုရက်ပိုင်းအတွင်း တရက်ကို ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ထိ ရောက်လာတာမှာ ဇွန်လ ၁၀ ရက်နေ့ကဆို ၁၆၁ ယောက်မှာ ကိုဗစ်ကပ်ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူက ၄ ယောက်ဖြစ်ပါတယ်။

အတည်ပြုလူနာတွေ ပြန်များလာတဲ့အတွက် လူနေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၂ မြို့နယ်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက quarantine စင်တာတွေ ပြင်ဆင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“ရန်ကုန် ကွာရန်တင်းစင်တာတွေနဲ့ပတ်သတ်ပြီးတော့ ရန်ကုန်မြို့နယ် ၂၂ မြို့နယ်ရဲ့ မြို့နယ် ၃၇ နေရာမှာ လူ ၃၀၀၀ စာ ကွာရန်တင်းစင်တာဆောက်ဖို့လုပ်နေပါတယ်။ ပြင်ဆင်နေတာက လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကျန်းမာရေး ဌာနတို့ ပေါင်းလုပ်နေပါတယ်။ ဒါကတော့ တကယ်လို့ ရောဂါဖြစ်ပွားတာများလာလို့ရှိရင် သူတို့နဲ့ထိတွေ့ဆက်စပ်သူတွေကို ကွာရန်တင်းထား ဖို့ရည်ရွယ်တာဖြစ်တယ်။ လောလောဆယ် Contact တွေကို ရိုးမစင်တာကိုပို့ဆောင်ထားပါတယ်။"

လက်ရှိမှာ အတည်ပြုလူနာတွေကို ဖောင်ကြီးမှာထား ကုသပေးနေတယ်လို့ သူက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကူးစက်မှု ပြန်မြင့်တက်နေတဲ့ထဲက အတည်ပြုလူနာ အများဆုံးတွေ့ရှိတာက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယကတော့ ချင်းနဲ့ ရန်ကုန်တိုင်းတို့ဘဲဖြစ်တယ်လို့ ဒေါက်တာ ဒေါ်ခင်ခင်ကြီးကပြောပါတယ်။ ရန်ကုန်တိုင်းကတော့ ထူတပ်တာမို့ ဖြစ်နေတာမို့ သတိထားရမယ့် အခြေအနေမှာရှိနေတယ်လို့ပြောပါတယ်။ အတည်ပြုလူနာတွေထဲမှာ ရောဂါ ပြင်းထန်မှု အဆင့်အလိုက် ဆေးရုံတွေခွဲ ကုသဖို့ ပြင်ဆင်ထားတာကိုလည်း ဒေါ်ခင်ခင်ကြီးက ခုလို ရှင်းပြပါတယ်။

“ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ မြို့နယ်ဆေးရုံတွေမှာထားဖို့ရည်ရွယ်ထားပါတယ်။ ဒါဟာရောဂါလက္ခဏာမပြင်းတဲ့သူတွေ၊ သာမန်လက္ခဏာ၊ ပိုးသာတွေ့တယ် ဘာမှမခံစားရသူ တွေကို မြို့နယ်ဆေးရုံတွေမှာ ကုသမှုပေူမယ်။ တကယ်လို့ ရောဂါလက္ခဏာကြီးတယ်။ နောက်ခံ ရောဂါ ရှိတယ်။ အသက်ကြီးသူတွေကျတော့ ဆေးရုံကြီးတွေမှာကုမယ်လို့ လက်ရှိမှာဆောင်ရွက်ထားပါတယ်။"

လက်ရှိ မြန်မာမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဆရာဝန်တွေ သူနာပြုတွေပါဝင်နေပြီး အဲဒီလို CDM ပြုလုပ်သူတွေကိုလည်း စစ်အုပ်ချုပ်ရေး ကောင်စီက ဆေးကုသခွင့်လက်မှတ်ပြန်သိမ်းတာ ပြင်ပ ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မပေးတာစတဲ့ အရေးယူမှုတွေရှိနေတာမို့ ကိုဗစ်တတိယလှိုင်းသာ ဖြစ် လာမယ်ဆိုရင် လက်ရှိ စစ်ကောင်စီအောက် ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လောက်ထိ ကြံ့ကြံ့ခံ ပြင် ဆင်ထားနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေသလို သေဆုံးသူတိုးလာနေတာကြောင့် ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ အခုလိုပြောပြပါ တယ်။

“ လက်ရှိ ကိုဗစ်ဖြစ်နေတဲ့ နှုန်းက များတယ်ဆိုတဲ့ အနေအထားမဟုတ်ပါဘူး။ ဒီလိုစနေတာကိုကောင်းကောင်းထိန်းချုပ်ဖို့က ကျန်းမာရေး ဌာနတခုထဲ လုပ်လို့မရပါဘူး။ ပြည်သူတွေမှာလဲတာဝန်ရှိပါတယ်။ ပြည်သူတွေကိုဗစ် စည်းကမ်းပေါ့လျော့တယ်ဆိုရင် လက်ရှိရောဂါဖြစ်ပွားမှုက များလာမှာဖြစ်ပါတယ်။ များလာမယ်ဆိုရင် လက်ရှိအနေအထားကကျမတို့ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ သိပ်များလာပြီဆိုရင်တော့ အခက်အခဲ ဖြစ်လာမှာပါ။ ဒီနေရာမှာ quality care ဆိုတာကတော့ ခုနပြောသလို ကျန်းမာရေးစောင့် ရှောက်မှု ခက်လာမှာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်တာများလာရင်ဘယ်လိုလုပ်မလဲဆိုတာကိုလည်း ကျမတို့ ကြိုတင်ပြင်ဆင်ထားပါတယ်။"

ကိုဗစ်ကပ်ရောဂါ ရှိ မရှိ နေ့စဉ် စစ်ဆေးမှုနှုန်းက စစ်အာဏာမသိမ်းခင်ကတရက်ကို သောင်းဂဏန်းကျော်ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ထောင်ဂဏန်းအထိ ကျဆင်းသွားပါတယ်။ ဇွန်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၄ သောင်းခွဲနီးပါးရှိနေပြီး သေဆုံးသူ ၃၂၃၇ ယောက် ပြန်လည်နေကောင်းလာသူ ၁ သိန်း ၃ သောင်း ၃ ထောင်နီးပါးရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG