(Zawgyi/Unicode)
မေလးရွားႏုိင္ငံမွာ အလုပ္လုပ္ေနၾကတဲ့ ႏုိင္ငံျခားသားအလုပ္သမား ၆၅ ေယာက္က ထိုက္သင့္တဲ့ လုပ္အားခရရွိေရးအတြက္ အေမရိကန္ ေမာ္ေတာ္ကားတာယာစက္႐ံု Goodyear ကို တရားစြဲထားတဲ့အမႈမွာ တရား႐ံုးက အလုပ္သမားေတြကို အႏုိင္ေပးလိုက္ၿပီလို႔ ေရွ႕ေနတဦးကေျပာပါတယ္။
ဒါဟာ ႏိုင္ငံျခားသား အလုပ္သမားေတြအတြက္ ေအာင္ပြဲတခုျဖစ္ေၾကာင္းနဲ႔ စက္မႈဇုန္ဆုိင္ရာ တရား႐ံုးရဲ႕ဆံုးျဖတ္ခ်က္ဟာ ေရႊ႕ေျပာင္းအလုပ္သမားေတြအေပၚမွာလည္း ခြဲျခားဆက္ဆံမႈမရွိသင့္ေၾကာင္းကို ျပသလုိက္တာျဖစ္တယ္လို႔ အလုပ္သမားေတြရဲ႕ အက်ဳိးေဆာင္ေရွ႕ေနက ေျပာပါတယ္။ ျမန္မာ၊ အိႏၵိယနဲ႔ နီေပါ အလုပ္သမားေတြဟာ အလုပ္ခ်ိန္အေျပာင္းအလဲဆိုင္ရာ ခြင့္ျပဳခ်က္ေတြ၊ ႏွစ္စဥ္အပိုဆုေၾကးနဲ႔ လစာတုိးျမွင့္ခံစားခြင့္ေတြအပါအဝင္ အလုပ္သမားရပိုင္ခြင့္ဆိုင္ရာ သေဘာတူညီခ်က္ပါ အက်ဳိးအျမတ္ေတြကို ခံစားခြင့္ရသြားၿပီျဖစ္ေၾကာင္း အက်ဳိးေဆာင္ေရွ႕ေန ခ်န္ဒရာစီဂါရန္ ရာဂ်န္ဒရန္ (Chandrasegaran Rajandran) က ေျပာပါတယ္။
ကုမၸဏီဘက္ကေတာ့ ဒီအလုပ္သမားေတြကို အလုပ္သမားသမဂၢက ကိုယ္စားမျပဳေၾကာင္း ျငင္းထားပါတယ္။ အခု တရားလိုအလုပ္သမားအုပ္စုဟာ GoodYear တာယာစက္႐ံုကို စက္မႈဇုန္ တရား႐ံုးမွာ အမႈႏိုင္ခဲ့တဲ့ ႏုိင္ငံျခားသား အလုပ္သမားအုပ္စုေတြထဲက တတိယေျမာက္အုပ္စုျဖစ္ေၾကာင္း ေရွ႕ေန ခ်န္ဒရာစီဂါရန္ က ေျပာပါတယ္။
အလုပ္သမား ၁၁၉ ေယာက္ပါတဲ့ အေစာပိုင္းအမႈေတြအတြက္ Goodyear Malaysia Berhad စက္႐ံုဘက္က အယူခံဝင္ထားၿပီး ဇူလိုင္ ၂၆ မွာ ဆံုးျဖတ္ခ်က္ခ်မယ့္အေၾကာင္း ေရွ႕ေနက ေျပာပါတယ္။ အလုပ္သမားေတြက သူတို႔ရရမယ့္ လုပ္အားခ စုစုေပါင္း အေမရိကန္ေဒၚလာ ၁.၂ သန္း၊ မေလးရွား ရင္းဂစ္ ၅ သန္းကို ေတာင္းဆိုထားတာျဖစ္ပါတယ္။
.......................................................................................
GoodYear မလေးရှားကုမ္ပဏီခွဲကို တရားစွဲထားတဲ့ မြန်မာအပါအဝင် ပြည်ပလုပ်သားတွေအနိုင်ရ
(Unicode)
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမား ၆၅ ယောက်က ထိုက်သင့်တဲ့ လုပ်အားခရရှိရေးအတွက် အမေရိကန် မော်တော်ကားတာယာစက်ရုံ Goodyear ကို တရားစွဲထားတဲ့အမှုမှာ တရားရုံးက အလုပ်သမားတွေကို အနိုင်ပေးလိုက်ပြီလို့ ရှေ့နေတဦးကပြောပါတယ်။
ဒါဟာ နိုင်ငံခြားသား အလုပ်သမားတွေအတွက် အောင်ပွဲတခုဖြစ်ကြောင်းနဲ့ စက်မှုဇုန်ဆိုင်ရာ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာလည်း ခွဲခြားဆက်ဆံမှုမရှိသင့်ကြောင်းကို ပြသလိုက်တာဖြစ်တယ်လို့ အလုပ်သမားတွေရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ မြန်မာ၊ အိန္ဒိယနဲ့ နီပေါ အလုပ်သမားတွေဟာ အလုပ်ချိန်အပြောင်းအလဲဆိုင်ရာ ခွင့်ပြုချက်တွေ၊ နှစ်စဉ်အပိုဆုကြေးနဲ့ လစာတိုးမြှင့်ခံစားခွင့်တွေအပါအဝင် အလုပ်သမားရပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပါ အကျိုးအမြတ်တွေကို ခံစားခွင့်ရသွားပြီဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ချန်ဒရာစီဂါရန် ရာဂျန်ဒရန် (Chandrasegaran Rajandran) က ပြောပါတယ်။
ကုမ္ပဏီဘက်ကတော့ ဒီအလုပ်သမားတွေကို အလုပ်သမားသမဂ္ဂက ကိုယ်စားမပြုကြောင်း ငြင်းထားပါတယ်။ အခု တရားလိုအလုပ်သမားအုပ်စုဟာ GoodYear တာယာစက်ရုံကို စက်မှုဇုန် တရားရုံးမှာ အမှုနိုင်ခဲ့တဲ့ နိုင်ငံခြားသား အလုပ်သမားအုပ်စုတွေထဲက တတိယမြောက်အုပ်စုဖြစ်ကြောင်း ရှေ့နေ ချန်ဒရာစီဂါရန် က ပြောပါတယ်။
အလုပ်သမား ၁၁၉ ယောက်ပါတဲ့ အစောပိုင်းအမှုတွေအတွက် Goodyear Malaysia Berhad စက်ရုံဘက်က အယူခံဝင်ထားပြီး ဇူလိုင် ၂၆ မှာ ဆုံးဖြတ်ချက်ချမယ့်အကြောင်း ရှေ့နေက ပြောပါတယ်။ အလုပ်သမားတွေက သူတို့ရရမယ့် လုပ်အားခ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၂ သန်း၊ မလေးရှား ရင်းဂစ် ၅ သန်းကို တောင်းဆိုထားတာဖြစ်ပါတယ်။