သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ Goodyear ကုမၸဏီ လုပ္သားေတြကို ေခါင္းပံုျဖတ္တယ္လို႔ စြပ္စဲြခံရ


မေလးရွားႏိုင္ငံ Shah Alam ၿမိဳ႕က Goodyear Tier & Rubber ကုမၸဏီ ျမင္ကြင္း။ (ေမ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ကားတာယာေတြ ထုတ္လုပ္ေနတဲ့ Goodyear Tier & Rubber ကုမၸဏီဟာမေလးရွားစက္႐ုံက အလုပ္သမားေတြကို လုပ္အားခမေပးတာ၊ တရားမ၀င္ အခ်ိန္ပိုဆင္းခိုင္းတာ၊ ႏုိ္င္ငံျခားအလုပ္သမားေတြကို ၿခိ္မ္းေျခာက္တာေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြြနဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒီိကိစၥနဲ႔ပတ္သက္ၿပီး ရိုက္တာသတင္းက Goodyear ကုမၸဏီက လက္ရွိနဲ႔ အရင္အလုပ္သမားေဟာင္းေတြ၊ မေလးရွား အလုပ္သမား၀န္ႀကီးဌာန အရာရွိေတြကိုပါေမးျမန္းခဲ့တာပါ။

အလုပ္သမား လစာေတြကို ကုမၸဏီက မွားယြင္းတြက္ခ်က္တာေတြ ရွိသလို အခ်ိန္ပိုမတရားခုိင္းေစတာေတြလည္း ရွိေနၿပီး ႏုိင္ငံျခားအလုပ္သမားေတြရဲ ႔ ႏိုင္ငံကူးလက္မွတ္ေတြကိုလည္း သိမ္းထားတယ္လို သူတို႔က ေျပာၾကပါတယ္။ ႏုိင္ငံျခားအလုပ္သမားေတြကို လုပ္အားခအျပည့္ မေပးတဲ့ကိစၥနဲ႔ တရားလြန္ အခ်ိန္ပိုအလုပ္ဆင္းခုိင္းခဲ့တဲ့ ျပစ္မႈနဲ႔ Goodyear ကုမၸဏီကို ၂၀၂၀ ခုနွစ္မွာ ဒဏ္ေငြခ်မွတ္ခဲ့တယ္လို႔ မေလးရွားအလုပ္သမား၀န္ႀကီးဌာနကေျပာပါတယ္။ ၈ ႏွစ္ၾကာ ႏုိင္ငံကူးလက္မွတ္သိမ္းခံခဲ့ရတဲ့ အလုပ္သမားေဟာင္း တေယာက္ကလည္း သူ႔စာအုပ္ျပန္ရေၾကာင္း ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ လက္မွတ္ထိုးထားတ့ဲ စာရြက္တခုကို ရိုက္တာသတင္းကိုျပသခဲ့ပါတယ္။

ျပည္ပအလုပ္သမားေတြ ၁၈၅ ေယာက္က သူတို႔ရပိုင္ခြင့္ေတြ အျပည့္အ၀အရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး Goodyear ကုမၸဏိိီကို အလုပ္သမားသမဂၢက ၂၀၁၉ နဲ႔ ၂၀၂၀ ခုႏွစ္ထဲမွာ ၃ ႀကိမ္တရားစြြဲခဲ့တာမွာ ၂ မႈႏုိင္ခဲ့ပါတယ္။ ျပည္ပအလုပ္သမားေတြကို ျပည္တြင္း၀န္ထမ္းေတြလို တန္းတူ ခံစားခြင့္ေပးဖို႔၊ လစာေတြအျပည့္ျပန္ေပးဖို႔ မႏွစ္က ဆုံးျဖတ္ခ်က္ကို တရားရုံးအင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ရိုက္တာသတင္းဌာနက ၾကည့္ရႈခြင့္ရခဲ့တဲ့ စာရြက္စာတမ္းေတြမွာေတာ့ ျပည္ပေရႊ ႔ေျပာင္းအလုပ္သမားေတြက တလကို ၂၂၉ နာရီေလာက္ထိ အခ်ိန္ပိုလုပ္ရတာကို ေတြ႕ရပါတယ္။ မေလးရွားမွာ နာရီ ၁၀၄ နာရီထက္ေက်ာ္ၿပီး အခိ်န္ပိုအလုပ္လုပ္ခြင့္ မရွိပါဘူး။ နီေပါလ္၊ ျမန္မာနဲ႔ အိႏၵိယက အလုပ္သမားေတြကို ကုမၸဏီက ေပးဖို႔ရွိတဲ့ လုပ္အားခက ေဒၚလာ ၁.၂၁ သန္းရွိတယ္လို႔ အလုပ္သမားေတြရဲ ႔ေရွ ႔ေနကေျပာပါတယ္။ Goodyear ကုမၸဏီကေတာ့ တရားရုံးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုမွတ္ခ်က္မ်ိဳးမွာ မေပးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားမှာ Goodyear ကုမ္ပဏီ လုပ်သားတွေကို ခေါင်းပုံဖြတ်တယ်လို့ စွပ်စွဲခံရ

အမေရိကန်ကားတာယာတွေ ထုတ်လုပ်နေတဲ့ Goodyear Tier & Rubber ကုမ္ပဏီဟာမလေးရှားစက်ရုံက အလုပ်သမားတွေကို လုပ်အားခမပေးတာ၊ တရားမဝင် အချိန်ပိုဆင်းခိုင်းတာ၊ နိုင်ငံခြားအလုပ်သမားတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းက Goodyear ကုမ္ပဏီက လက်ရှိနဲ့ အရင်အလုပ်သမားဟောင်းတွေ၊ မလေးရှား အလုပ်သမားဝန်ကြီးဌာန အရာရှိတွေကိုပါမေးမြန်းခဲ့တာပါ။

အလုပ်သမား လစာတွေကို ကုမ္ပဏီက မှားယွင်းတွက်ချက်တာတွေ ရှိသလို အချိန်ပိုမတရားခိုင်းစေတာတွေလည်း ရှိနေပြီး နိုင်ငံခြားအလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း သိမ်းထားတယ်လို သူတို့က ပြောကြပါတယ်။ နိုင်ငံခြားအလုပ်သမားတွေကို လုပ်အားခအပြည့် မပေးတဲ့ကိစ္စနဲ့ တရားလွန် အချိန်ပိုအလုပ်ဆင်းခိုင်းခဲ့တဲ့ ပြစ်မှုနဲ့ Goodyear ကုမ္ပဏီကို ၂၀၂၀ ခုနှစ်မှာ ဒဏ်ငွေချမှတ်ခဲ့တယ်လို့ မလေးရှားအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။ ၈ နှစ်ကြာ နိုင်ငံကူးလက်မှတ်သိမ်းခံခဲ့ရတဲ့ အလုပ်သမားဟောင်း တယောက်ကလည်း သူ့စာအုပ်ပြန်ရကြောင်း ၂၀၂၀ နှစ်ဆန်းပိုင်းမှာ လက်မှတ်ထိုးထားတဲ့စာရွက်တခုကို ရိုက်တာသတင်းကိုပြသခဲ့ပါတယ်။

ပြည်ပအလုပ်သမားတွေ ၁၈၅ ယောက်က သူတို့ရပိုင်ခွင့်တွေ အပြည့်အဝအရတဲ့ကိစ္စနဲ့ပတ်သက်ပြီး Goodyear ကုမ္ပဏီကို အလုပ်သမားသမဂ္ဂက ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်ထဲမှာ ၃ ကြိမ်တရားစွဲခဲ့တာမှာ ၂ မှုနိုင်ခဲ့ပါတယ်။ ပြည်ပအလုပ်သမားတွေကို ပြည်တွင်းဝန်ထမ်းတွေလို တန်းတူ ခံစားခွင့်ပေးဖို့၊ လစာတွေအပြည့်ပြန်ပေးဖို့ မနှစ်က ဆုံးဖြတ်ချက်ကို တရားရုံးအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့တဲ့ စာရွက်စာတမ်းတွေမှာတော့ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေက တလကို ၂၂၉ နာရီလောက်ထိ အချိန်ပိုလုပ်ရတာကို တွေ့ရပါတယ်။ မလေးရှားမှာ နာရီ ၁၀၄ နာရီထက်ကျော်ပြီး အချိန်ပိုအလုပ်လုပ်ခွင့် မရှိပါဘူး။ နီပေါလ်၊ မြန်မာနဲ့ အိန္ဒိယက အလုပ်သမားတွေကို ကုမ္ပဏီက ပေးဖို့ရှိတဲ့ လုပ်အားခက ဒေါ်လာ ၁.၂၁ သန်းရှိတယ်လို့ အလုပ်သမားတွေရဲ့ရှေ့နေကပြောပါတယ်။ Goodyear ကုမ္ပဏီကတော့ တရားရုံးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်မျိုးမှာ မပေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG