သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးသေကၤတျပသူ ျမန္မာေဘာလံုးသမားကို မေလးရွားေဘာလံုးအဖဲြ႔ခ်ဳပ္ အေရးယူ


ေဘာလံုးကစားသမား ဟိန္းထက္ေအာင္ (ယာ)။ (မတ္ ၂၂၊ ၂၀၁၉)

[Zawgyi/Unicode]

မေလးရွားႏိုင္ငံက ေဘာလံုး ကလပ္အသင္းမွာ ကစားတဲ့ ျမန္မာေဘာလံုးသမားတဦး ပြဲစဥ္တခု ကစားရင္း စစ္အာဏာရွင္ဆန႔္က်င္ေရး ျမန္မာဆႏၵျပသူေတြရဲ႕ သေကၤတ လက္ ၃ ေခ်ာင္းေထာင္ခဲ့လို႔ ေနာက္ပြဲတပြဲ မကန္ရဘူးလို႔ တားျမစ္ခံရတယ္။ ဒုတိယအုပ္စုဘက္က Selangor FC II က ကစားသမား ဟိန္းထက္ေအာင္က မတ္လ အေစာပိုင္း က PDRM FC အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ သူက အဲဒီလို ႏိုင္ငံေရးသေကၤတ လက္၃ ေခ်ာင္းေထာင္ျပခဲ့တာ ျဖစ္ပါတယ္။

သူဂိုးဝင္လို႔ ေအာင္ပြဲခံတုန္း အဲဒီလို လက္ေထာင္ျပခဲ့တဲ့ပံုက ဆိုရွယ္မီဒီယာမွာ လူၾကည့္မ်ား ပ်ံ႕ႏွ႔ံသြားခဲ့တာပါ။ ဒါေပမဲ့ သူအဲဒီလို လုပ္တာဟာ ကစားသမားေတြအေနနဲ႔ လူအမ်ားမႏွစ္ၿမဳိ႕မယ့္ အမူအရာေတြ၊ ေျပာဆိုမႈေတြ မလုပ္ရဆိုတဲ့ စည္းမ်ဥ္းကို ခ်ဳိးေဖာက္ရာေရာက္တယ္။ အားကစားသမားတဦးလိုက္နာရမယ့္ အမူအက်င့္နဲ႔ မကိုက္ညီဘူးလို႔ မေလးရွားေဘာလံုးအသင္းက ေျပာပါတယ္။ ဒီေသာၾကာေန႔မွာ Perak FC II ကလပ္နဲ႔ ကန္ရမယ့္ ပြဲမွာ သူမပါဝင္ဖို႔ တားျဖစ္ခံရတဲ့ ကိုဟိန္းထက္ေအာင္အေနနဲ႔ ဒါမ်ဳိးထပ္လုပ္ရင္ ပိုႀကီးေလးတဲ့ အျပစ္ဒဏ္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ေဘာလံုးဆိုတာ လူေတြကို ေပါင္းစည္းေစဖို႔ပဲျဖစ္ၿပီး ကြဲျပားေအာင္လုပ္ဖို႔ မဟုတ္တာေၾကာင့္ ဟိုဘက္ဒီဘက္ဆိုၿပီး ဘက္လိုက္ပါဝင္ဖို႔ မသင့္ဘူးလို႔ ေဘာလံုးအသင္း စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠ႒က ေျပာပါတယ္။ လက္သံုးေခ်ာင္းေထာင္ျပတဲ့ သေကၤတျပဳလုပ္တာက ေဟာလီးဝုဒ္႐ုပ္ရွင္ကားတကားျဖစ္တဲ့ Hunger Games မွာ ပါတာျဖစ္ၿပီး အာရွတလႊား ဒီမိုကေရစီအေရးလႈပ္ရွားမႈရဲ႕ သေကၤတျဖစ္လာတာပါ။ ပထမ ထိုင္းႏိုင္ငံက ဒီမိုကေရစီအေရးဆႏၵျပပြဲေတြမွာ သံုးခဲ့ၾကၿပီး ဒီႏွစ္ ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးမွာ သံုးၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးသင်္ကေတပြသူ မြန်မာဘောလုံးသမားကို မလေးရှားဘောလုံးအဖွဲ့ချုပ်အရေးယူ

မလေးရှားနိုင်ငံက ဘောလုံး ကလပ်အသင်းမှာ ကစားတဲ့ မြန်မာဘောလုံးသမားတဦး ပွဲစဉ်တခု ကစားရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာဆန္ဒပြသူတွေရဲ့ သင်္ကေတ လက် ၃ ချောင်းထောင်ခဲ့လို့ နောက်ပွဲတပွဲ မကန်ရဘူးလို့ တားမြစ်ခံရတယ်။ ဒုတိယအုပ်စုဘက်က Selangor FC II က ကစားသမား ဟိန်းထက်အောင်က မတ်လ အစောပိုင်း က PDRM FC အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာမှာ သူက အဲဒီလို နိုင်ငံရေးသင်္ကေတ လက်၃ ချောင်းထောင်ပြခဲ့တာ ဖြစ်ပါတယ်။

သူဂိုးဝင်လို့ အောင်ပွဲခံတုန်း အဲဒီလို လက်ထောင်ပြခဲ့တဲ့ပုံက ဆိုရှယ်မီဒီယာမှာ လူကြည့်များ ပျံ့နှံ့သွားခဲ့တာပါ။ ဒါပေမဲ့ သူအဲဒီလို လုပ်တာဟာ ကစားသမားတွေအနေနဲ့ လူအများမနှစ်မြို့မယ့် အမူအရာတွေ၊ ပြောဆိုမှုတွေ မလုပ်ရဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်ရာရောက်တယ်။ အားကစားသမားတဦးလိုက်နာရမယ့် အမူအကျင့်နဲ့ မကိုက်ညီဘူးလို့ မလေးရှားဘောလုံးအသင်းက ပြောပါတယ်။ ဒီသောကြာနေ့မှာ Perak FC II ကလပ်နဲ့ ကန်ရမယ့် ပွဲမှာ သူမပါဝင်ဖို့ တားဖြစ်ခံရတဲ့ ကိုဟိန်းထက်အောင်အနေနဲ့ ဒါမျိုးထပ်လုပ်ရင် ပိုကြီးလေးတဲ့ အပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘောလုံးဆိုတာ လူတွေကို ပေါင်းစည်းစေဖို့ပဲဖြစ်ပြီး ကွဲပြားအောင်လုပ်ဖို့ မဟုတ်တာကြောင့် ဟိုဘက်ဒီဘက်ဆိုပြီး ဘက်လိုက်ပါဝင်ဖို့ မသင့်ဘူးလို့ ဘောလုံးအသင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ လက်သုံးချောင်းထောင်ပြတဲ့ သင်္ကေတပြုလုပ်တာက ဟောလီးဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Hunger Games မှာ ပါတာဖြစ်ပြီး အာရှတလွှား ဒီမိုကရေစီအရေးလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်လာတာပါ။ ပထမ ထိုင်းနိုင်ငံက ဒီမိုကရေစီအရေးဆန္ဒပြပွဲတွေမှာ သုံးခဲ့ကြပြီး ဒီနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ သုံးကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG