သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ၿမိဳ႕၊ ရြာအႏွံ႔ အၾကမ္းဖက္ခံရမႈ ေသဆံုးသူ ၅ ဦးထက္မနည္း


မတ္လ ၂၉ ရက္ေန႔ ရန္ကုန္ သာေကတၿမိဳ႕နယ္ ဆႏ̔ၵျပပဲြအတြင္း ရဲနဲ႔ စစ္တပ္ဘက္က ျဖိဳခြင္းမႈအတြင္း ဒဏ္ရာရသူတဦးကို သယ္ေဆာင္လာတဲ့ ျမင္ကြင္း။ (မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတဝန္း စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵျပပြဲေတြအတြင္း မူဆယ္၊ ျမစ္ႀကီးနား၊ ေကာ့ေသာင္း စတဲ့ၿမိဳ႕ေတြမွာ ဒီေန႔လည္း ေသဆံုးသူေတြ ႐ွိပါတယ္။ နယ္စံုက ဆႏၵျပသတင္းေတြနဲ႔ စစ္တပ္ရဲ႕ ပစ္ခတ္ၿဖိဳခဲြမႈအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မေအးသႏၲာေက်ာ္ က တင္ျပပါမယ္။

ဒီေန႔ နယ္ၿမိဳ႕ေတြမွာ လုပ္ၾကတဲ့ ဆႏၵျပပြဲေတြထဲက ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ စစ္တပ္နဲ႔ရဲက ဒီေန႔အေစာပိုင္း ပစ္ခတ္ ၿဖိဳခြဲလို႔ အမ်ိဳးသား တဦး ေသဆံုးခဲ့ပါတယ္။ ပစ္ခံရတဲ့ အေျခအေနကုိ မူဆယ္ ၿမိဳ႕ခံ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“မနက္က ၁၀ နာရီေလာက္ေပါ့ေနာ္။ က်ေနာ္တို႔ မူဆယ္မွာရွိတဲ့ သပိတ္စခန္းနဲ႔ ဆႏၵျပတဲ့ အဖြဲ႕ေတြကို ရဲနဲ႔ စစ္တပ္ အင္အားအမ်ားႀကီးနဲ႔ ၿဖိဳခြဲတယ္ခင္ဗ်။ မ်က္ရည္ယိုဗံုးလည္းပစ္တယ္။ ပစ္ေတာ့ မူဆယ္ အ.ထ.က ၂ ေက်ာင္းနားမွာေပါ့ေနာ္။ တေယာက္ကို ေသနတ္က်ည္ဆံအစစ္ ေခါင္းမွန္တယ္။ ေခါင္းမွန္ေတာ့ ပထမေတာ့ ေဆးကုေပးေသးတယ္။ ေနာက္ေတာ့ က်ဆံုးသြားတယ္။ အေလာင္းကိုလည္း သူတို႔ ခ်က္ခ်င္း သၿဂိၤဳလ္လိုက္တယ္။ ဘာလို႔လဲဆိုေတာ့ အေလာင္းကို လာလုတယ္၊ ဘာညာျဖစ္မွာ ဆိုးတဲ့အတြက္ အေလာင္းကို ခ်က္ခ်င္း သၿဂိၤဳလ္လိုက္တယ္။ အခုဟာ ေသဆံုးျခင္းဟာ မူဆယ္ၿမိဳ႕ရဲ႕ ဒုတိယေျမာက္ေသဆံုးျခင္းေပါ့၊ ဆႏၵျပအဖြဲ႕ထဲကဆိုရင္ ဒုတိယေျမာက္ေသဆံုးျခင္းေပါ့။”

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ ႔မွာလည္း ဆႏၵျပသူတေယာက္ ေသနတ္ထိမွန္ ေသဆုံးခဲ့ပါတယ္။ မတ္လ ၂၇ ရက္ေန႔ကတည္းက ဆႏၵျပပြဲေတြကို ေန႔တိုင္း ပစ္ခတ္ ၿဖိဳခဲြခံေနရတဲ့ ရမ္ပူရပ္ကြက္မွာ ျဖစ္ပါတယ္။ ဒီကေန႔ မတ္လ ၃၀ ရက္ေန႔မွာေတာ့ အမ်ိဳးသမီးငယ္ တဦးေသဆံုးသြားတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ခံ တဦးက ေျပာပါတယ္။

“မိန္းကေလး တေယာက္က်ဆံုးသြားတယ္။ အသက္ ၂၃ ႏွစ္ ဒဏ္ရာရတဲ့ စာရင္းေတာ့ က်ေနာ္တို႔ မသိေသးဘူး။ အခုသိရသေလာက္က က်ဆံုးသြားတဲ့သူရဲ႕ အေလာင္းကို စစ္တပ္ကလဲ မေပးခ်င္ဘူးလို႔ ၾကားတယ္။ အဲ့ၿမိဳ႕နယ္က PCG အဖြဲ႕ေတြန႔ဲ အရပ္ဘက္ေတြကညွိေနတယ္။ စစ္တပ္ကလည္း မေပးခ်င္ဘူး ျဖစ္ေနတယ္။ ေနာက္ၿပီး ရမ္ပူကိုသြားတဲ့ ၾကက္ေျခနီ ကားေတြကိုလည္း ပစ္ခံရတယ္ေပါ့ေနာ္။ အဲ့ဒါလည္း ၾကားတယ္။ တပ္မေတာ္က ၂၇ ရက္ေန႔ကလည္းက ျဖစ္ေနတာ ရမ္ပူကို ဖိေနေတာ့ ျမစ္ႀကီးနား ေျမာက္ျခမ္းက စီတာပူရပ္ကြက္တို႔ ၁၃ ရပ္ကြက္တို႔ကလည္း ဆႏၵျပန္ျပေနၾကၿပီ အတားအဆီးေတြနဲ႔ လုပ္ေနတာေတာ့ ေတြ႕လိုက္တယ္။”

ျမန္မာႏိုင္ငံေတာင္ပိုင္းက တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕မွာလည္း ဒီက မတ္လ ၃၀ ရက္ မနက္ပိုင္းကတည္းက ၿမိဳ႕တြင္းမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ အနည္းဆံုး ၃ ဦးေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရရွိတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။ ထားဝယ္ၿမိဳ႕မွာေတာ့ မတ္လ ၂၇ ရက္ေန႔က လမ္းမေပၚမွာ ဆိုင္ကယ္စီးေနရင္း စစ္တပ္ယာဥ္တန္းက ပစ္ခတ္လို႔ ဆိုင္ကယ္ေပၚပါလာသူ အသက္ ၁၇ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ဒီကေန႔ ကြယ္လြန္သြားပါတယ္။

ခုလုိ ပစ္ခတ္ၿဖိဳခဲြေနေပမဲ့လည္း ျမန္မာႏိုင္ငံက ၿမိဳ႕ႀကီးေတြမွာသာမက ၿမိဳ႕ေလးေတြမွာလည္း ပံုစံမ်ဳိးစံုနဲ႔ စစ္အာဏာ႐ွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကို ျပည္သူေတြ ဆက္လုပ္ေနၾကဆဲျဖစ္ပါတယ္။ မႏၱေလးၿမိဳ႕၊ မံုရြာၿမိဳ႕ေတြမွာ ဆိုင္ကယ္ သပိတ္၊ လူမဲ့ သပိတ္ေတြအျပင္ လူဦးေရ ေထာင္ခ်ီၿပီး ဆက္လက္ ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။ ဒါ့အျပင္ ခင္ဦး၊ ဝက္လက္၊ မင္းလွ၊ မေကြး၊ တန႔္ဆည္၊ မလႈိင္၊ ေကာလင္းနဲ႔ ပဲခူးတို႔မွာလည္း လူေထာင္ခ်ီ လမ္းေလွ်ာက္သပိတ္ေတြအျပင္ ဆိုင္ကယ္သပိတ္၊ အထိုင္သပိတ္ေတြလည္း ျပဳလုပ္ၾကပါတယ္။

စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျပဳလုပ္တာေၾကာင့္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ေသဆံုးသူ ၅၁၀ ထက္မနည္း ရွိတယ္လု႔ိ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္းက ထုတ္ျပန္ထားပါတယ္။ စစ္တပ္နဲ႔ ရဲက ပစ္ခတ္လို႔ ေသနတ္ထိမွန္ ေသဆံုးသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္သလို ေသဆံုးသူ အမ်ားစုကလည္း လူငယ္ေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ မြို့၊ ရွာအနှံ့ အကြမ်းဖက်ခံရမှု သေဆုံးသူ ၅ ဦးထက်မနည်း

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း မူဆယ်၊ မြစ်ကြီးနား၊ ကော့သောင်း စတဲ့မြို့တွေမှာ ဒီနေ့လည်း သေဆုံးသူတွေ ရှိပါတယ်။ နယ်စုံက ဆန္ဒပြသတင်းတွေနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မအေးသန္တာကျော် က တင်ပြပါမယ်။

ဒီနေ့ နယ်မြို့တွေမှာ လုပ်ကြတဲ့ ဆန္ဒပြပွဲတွေထဲက ရှမ်းပြည်နယ် မူဆယ်မြို့မှာ စစ်တပ်နဲ့ရဲက ဒီနေ့အစောပိုင်း ပစ်ခတ် ဖြိုခွဲလို့ အမျိုးသား တဦး သေဆုံးခဲ့ပါတယ်။ ပစ်ခံရတဲ့ အခြေအနေကို မူဆယ် မြို့ခံ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မနက်က ၁၀ နာရီလောက်ပေါ့နော်။ ကျနော်တို့ မူဆယ်မှာရှိတဲ့ သပိတ်စခန်းနဲ့ ဆန္ဒပြတဲ့ အဖွဲ့တွေကို ရဲနဲ့ စစ်တပ် အင်အားအများကြီးနဲ့ ဖြိုခွဲတယ်ခင်ဗျ။ မျက်ရည်ယိုဗုံးလည်းပစ်တယ်။ ပစ်တော့ မူဆယ် အ.ထ.က ၂ ကျောင်းနားမှာပေါ့နော်။ တယောက်ကို သေနတ်ကျည်ဆံအစစ် ခေါင်းမှန်တယ်။ ခေါင်းမှန်တော့ ပထမတော့ ဆေးကုပေးသေးတယ်။ နောက်တော့ ကျဆုံးသွားတယ်။ အလောင်းကိုလည်း သူတို့ ချက်ချင်း သဂြိၤုလ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အလောင်းကို လာလုတယ်၊ ဘာညာဖြစ်မှာ ဆိုးတဲ့အတွက် အလောင်းကို ချက်ချင်း သဂြိၤုလ်လိုက်တယ်။ အခုဟာ သေဆုံးခြင်းဟာ မူဆယ်မြို့ရဲ့ ဒုတိယမြောက်သေဆုံးခြင်းပေါ့၊ ဆန္ဒပြအဖွဲ့ထဲကဆိုရင် ဒုတိယမြောက်သေဆုံးခြင်းပေါ့။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဆန္ဒပြသူတယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့ကတည်းက ဆန္ဒပြပွဲတွေကို နေ့တိုင်း ပစ်ခတ် ဖြိုခွဲခံနေရတဲ့ ရမ်ပူရပ်ကွက်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ အမျိုးသမီးငယ် တဦးသေဆုံးသွားတယ်လို့ မြစ်ကြီးနားမြို့ခံ တဦးက ပြောပါတယ်။

“မိန်းကလေး တယောက်ကျဆုံးသွားတယ်။ အသက် ၂၃ နှစ် ဒဏ်ရာရတဲ့ စာရင်းတော့ ကျနော်တို့ မသိသေးဘူး။ အခုသိရသလောက်က ကျဆုံးသွားတဲ့သူရဲ့ အလောင်းကို စစ်တပ်ကလဲ မပေးချင်ဘူးလို့ ကြားတယ်။ အဲ့မြို့နယ်က PCG အဖွဲ့တွေနဲ့ အရပ်ဘက်တွေကညှိနေတယ်။ စစ်တပ်ကလည်း မပေးချင်ဘူး ဖြစ်နေတယ်။ နောက်ပြီး ရမ်ပူကိုသွားတဲ့ ကြက်ခြေနီ ကားတွေကိုလည်း ပစ်ခံရတယ်ပေါ့နော်။ အဲ့ဒါလည်း ကြားတယ်။ တပ်မတော်က ၂၇ ရက်နေ့ကလည်းက ဖြစ်နေတာ ရမ်ပူကို ဖိနေတော့ မြစ်ကြီးနား မြောက်ခြမ်းက စီတာပူရပ်ကွက်တို့ ၁၃ ရပ်ကွက်တို့ကလည်း ဆန္ဒပြန်ပြနေကြပြီ အတားအဆီးတွေနဲ့ လုပ်နေတာတော့ တွေ့လိုက်တယ်။”

မြန်မာနိုင်ငံတောင်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာလည်း ဒီက မတ်လ ၃၀ ရက် မနက်ပိုင်းကတည်းက မြို့တွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။ ထားဝယ်မြို့မှာတော့ မတ်လ ၂၇ ရက်နေ့က လမ်းမပေါ်မှာ ဆိုင်ကယ်စီးနေရင်း စစ်တပ်ယာဉ်တန်းက ပစ်ခတ်လို့ ဆိုင်ကယ်ပေါ်ပါလာသူ အသက် ၁၇ နှစ်အရွယ်အမျိုးသားတစ်ဦး ဒီကနေ့ ကွယ်လွန်သွားပါတယ်။

ခုလို ပစ်ခတ်ဖြိုခွဲနေပေမဲ့လည်း မြန်မာနိုင်ငံက မြို့ကြီးတွေမှာသာမက မြို့လေးတွေမှာလည်း ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြည်သူတွေ ဆက်လုပ်နေကြဆဲဖြစ်ပါတယ်။ မန္တလေးမြို့၊ မုံရွာမြို့တွေမှာ ဆိုင်ကယ် သပိတ်၊ လူမဲ့ သပိတ်တွေအပြင် လူဦးရေ ထောင်ချီပြီး ဆက်လက် ဆန္ဒထုတ်ဖော်နေကြပါတယ်။ ဒါ့အပြင် ခင်ဦး၊ ဝက်လက်၊ မင်းလှ၊ မကွေး၊ တန့်ဆည်၊ မလှိုင်၊ ကောလင်းနဲ့ ပဲခူးတို့မှာလည်း လူထောင်ချီ လမ်းလျှောက်သပိတ်တွေအပြင် ဆိုင်ကယ်သပိတ်၊ အထိုင်သပိတ်တွေလည်း ပြုလုပ်ကြပါတယ်။

စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်တာကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ၅၁၀ ထက်မနည်း ရှိတယ်လု့ိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားပါတယ်။ စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ သေနတ်ထိမှန် သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်သလို သေဆုံးသူ အများစုကလည်း လူငယ်တွေ ဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG