သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံသားေတြ ျပန္ပို႔မႈ မေလးရွား ဆိုင္းငံ့မည္


မွတ္တမ္းဓါတ္ပံု - ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔က မေလးရွားႏိုင္ငံက ျမန္မာႏိုင္ငံသားမ်ားကို ျပန္ပို႔စဥ္

(Zawgyi/Unicode)
ျမန္မာႏိုင္ငံအေရး အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (Asean) အေရးေပၚ အစည္းအေ၀းေခၚယူမယ့္ အစီအစဥ္ ၿပီးဆုံးတဲ့ အခ်ိန္အထိ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ပို႔ေရး ဆိုင္းငံ့ထားဖို႔ မေလးရွားအာဏာပိုင္ေတြ ဆုံးျဖတ္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ အာဆီယံအသင္းမွာ အေရးေပၚ အစည္းအေ၀း က်င္းပဖို႔ အဆိုျပဳထားတဲ့ အစီအစဥ္ ေနာက္ပိုင္းအထိ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ပို႔ေနတာေတြကို ဆိုင္းငံထားဖို႔ ဗုဒၶဟူးေန႔က အစိုးရအဖဲြ႕ အစည္းအေ၀းမွာ တင္ျပခဲ့ေၾကာင္း အစိုးရအသိုင္းအ၀န္းနဲ႔ နီးစပ္သူေတြကို ကိုးကားၿပီး ႐ိုက္တာ သတင္းက ေဖာ္ျပခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သား အစိုးရေခါင္းေဆာင္ေတြကို ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္ၿပီး သီတင္းပတ္ အနည္းငယ္ အတြင္းမွာပဲ မေလးရွားေရာက္ ျမန္မာႏိုင္ငံသား ၁ ေထာင္ေက်ာ္ကို ျမန္မာေရတပ္ စစ္သေဘၤာေတြနဲ႔ ေနရပ္ျပန္ပို႔လိုက္တဲ့အတြက္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြၾကား စိုးရိမ္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။ လူ၀င္မႈႀကီးၾကပ္ေရး ဥပေဒနဲ႔ ဖမ္းဆီးခံထားရသူေတြ အပါအ၀င္ ျမန္မာႏိုင္ငံသားေတြကို တရား႐ုံးက ေနရပ္ျပန္မပို႔ဖို႔ ဆုံးျဖတ္ထားတဲ့ ၾကားမွာပဲ မေလးရွား အာဏာပိုင္ေတြက အစီအစဥ္အတိုင္း ျပန္ပို႔လိုက္တဲ့အတြက္လည္း ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့တာပါ။

ေနရပ္ျပန္ပို႔ခံရသူေတြထဲမွာ ျမန္မာႏိုင္ငံေရာက္ရင္ အျပစ္ေပး အေရးယူခံရမယ့္ အႏၲရာယ္ရွိသူေတြနဲ႔ အရြယ္မေရာက္ေသးသူေတြ ပါ၀င္ေၾကာင္းလည္း ေျပာဆိုခဲ့ၾကပါတယ္။ ျမန္မာအာဏာပိုင္ေတြကေတာ့ မေလးရွားေရာက္ ျမန္မာေတြကို ေနရပ္ျပန္ပို႔ဖို႔ ေနာက္ထပ္ စစ္သေဘၤာေတြ ေစလႊတ္ခြင့္ျပဳဖို႔ အေၾကာင္းၾကားထားတယ္လို႔လည္း တာ၀န္ရွိသူေတြနဲ႔ နီးစပ္သူတဦးကို ကိုးကားၿပီး သတင္းက ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြအေပၚ လုံျခံဳေရးတပ္ဖဲြ႕ေတြက အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ ေသေက်ထိခိုက္မႈေတြနဲ႔ ဖမ္းဆီးမႈေတြ တိုးလာေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံလည္း အဖဲြ႕၀င္ျဖစ္တဲ့ အာဆီယံအသင္းက အေရးေပၚ အစည္းအေ၀းေခၚဖို႔ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံကို အင္ဒိုနီးရွားႏိုင္ငံက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တိုက္တြန္းထားတာပါ။ အင္ဒိုနီးရွား ႏိုင္ငံရဲ႕ တိုက္တြန္းခ်က္ကိုေတာ့ မေလးရွားႏိုင္ငံကလည္း ေထာက္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

မြန်မာနိုင်ငံသားတွေ ပြန်ပို့မှု မလေးရှား ဆိုင်းငံ့မည်

(Unicode)
မြန်မာနိုင်ငံအရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အရေးပေါ် အစည်းအဝေးခေါ်ယူမယ့် အစီအစဉ် ပြီးဆုံးတဲ့ အချိန်အထိ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေး ဆိုင်းငံ့ထားဖို့ မလေးရှားအာဏာပိုင်တွေ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အာဆီယံအသင်းမှာ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ အဆိုပြုထားတဲ့ အစီအစဉ် နောက်ပိုင်းအထိ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့နေတာတွေကို ဆိုင်းငံထားဖို့ ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း အစိုးရအသိုင်းအဝန်းနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီး သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို မြန်မာရေတပ် စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့လိုက်တဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးခံထားရသူတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို တရားရုံးက နေရပ်ပြန်မပို့ဖို့ ဆုံးဖြတ်ထားတဲ့ ကြားမှာပဲ မလေးရှား အာဏာပိုင်တွေက အစီအစဉ်အတိုင်း ပြန်ပို့လိုက်တဲ့အတွက်လည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံရောက်ရင် အပြစ်ပေး အရေးယူခံရမယ့် အန္တရာယ်ရှိသူတွေနဲ့ အရွယ်မရောက်သေးသူတွေ ပါဝင်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ဖို့ နောက်ထပ် စစ်သင်္ဘောတွေ စေလွှတ်ခွင့်ပြုဖို့ အကြောင်းကြားထားတယ်လို့လည်း တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေကျေထိခိုက်မှုတွေနဲ့ ဖမ်းဆီးမှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံအသင်းက အရေးပေါ် အစည်းအဝေးခေါ်ဖို့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားတာပါ။ အင်ဒိုနီးရှား နိုင်ငံရဲ့ တိုက်တွန်းချက်ကိုတော့ မလေးရှားနိုင်ငံကလည်း ထောက်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG