သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ အေျခအေန အာရွေရးရာသုေတသီ ပါေမာကၡ Welsh နဲ႔ ဆက္သြယ္ေမးျမန္းခန္း


ရန္ကုန္ၿမိဳ႕က စစ္အာဏာဖီဆန္ ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi/Unicode)

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာနိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ လူထု စုစည္း လႈပ္ရွားမႈက အရင္နဲ႔မတူသလို ျမန္မာစစ္တပ္ရဲ့ အက်ိဳးစီးပြား ပုံသ႑ာန္ကလည္း ၁၉၈၈ မတိုင္ခင္ကနဲ႔ မတူဘဲ ေျပာင္းလဲေနၿပီလို႔ Asia Research Institute, University of Nottingham Malaysia တကၠသိုလ္က ေလ့လာသုံးသပ္သူ Dr. Bridget Welsh က ေျပာပါတယ္။ ကိုရဲမင္းထြန္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။

အာရွေရးရာသုေတသီ ပါေမာကၡ Welsh နဲ႔ ဆက္သြယ္ေမးျမန္းခန္း
အာရွေရးရာသုေတသီ ပါေမာကၡ Welsh နဲ႔ ဆက္သြယ္ေမးျမန္းခန္း

ရဲမင္းထြန္း။။ ပါေမာကၡ Dr. Bridget Welsh အေနနဲ႔ ၁၉၈၈ ခုႏွစ္က အာဏာသိမ္းခဲ့တာနဲ႔ ေနာက္ပိုင္း အျဖစ္အပ်က္ေတြ အေၾကာင္း ေကာင္းေကာင္း သိဖူးၿပီးသားပါ။ အခုေနာက္ဆုံး ေဖေဖာ္ဝါရီ ၁ ရက္က ျဖစ္ပြားခဲ့တဲ့ အာဏာသိမ္းမႈနဲ႔ ၁၉၈၈ ခုႏွစ္က အာဏာသိမ္းမႈကို ဘယ္လို ႏွိုင္းယွဥ္ ၾကည့္နိုင္ပါသလဲ။

Dr. Bridget Welsh ။။ အခုတစ္ႀကိမ္ အာဏာသိမ္းမႈ ျဖစ္ပြားအၿပီးမွာေတာ့ လူထု ရဲ့ စုစည္းမႈ ပုံစံက ၁၉၈၈ ခုႏွစ္ကထက္ ပိုၿပီးျမန္ဆန္တာကို ေတြ႕ရတယ္။ ဆႏၵျပမႈပုံစံကလည္း ေတာ္ေတာ္ေလး ကြာသြားတာကို ေတြ႕ရတယ္။ အခု ဆႏၵျပပြဲေတြမွာ နည္းပညာကို ေကာင္းေကာင္းသုံးၾကသလို ၂၀၁၀ ခုႏွစ္ကစၿပီး ရရွိ ခဲ့တဲ့ နိုင္ငံေရး အခင္းအက်င္းေအာက္မွာ လူထု စုစည္းလႈပ္ရွားမႈ ပုံစံ ေပါင္းစုံကို အသုံးျပဳေနၾကပါတယ္။

၁၉၈၈ ခုႏွစ္ အာဏာသိမ္းမႈမွာ စစ္တပ္က အာဏာကို ဆက္ၿပီး ကိုင္ဆုပ္ထားလိုတဲ့အခ်က္၊ စီးပြားေရးကို ဖြင့္ေပးသင့္ မသင့္ စဥ္းစားရတဲ့ အခ်က္ေတြ ပါခဲ့ပါတယ္။ ၿပီးေတာ့ စစ္တပ္က သိပ္ၿပီး အထီးက်န္ေနတဲ့ အဖြဲ႕အစည္းတစ္ရပ္ ျဖစ္ခဲ့တယ္။

၂၀၂၁ ခုႏွစ္မွာေတာ့ စစ္တပ္က စီးပြားေရးမွာ ေတာ္ေတာ္ေလး ရင္းႏွီးျမဳပ္ႏွံထားၿပီး ျဖစ္ပါတယ္။ နိုင္ငံေရးအရလည္း နိုင္ငံတကာနဲ႔ ထိေတြ႕မႈ ရွိေနသလို အထီးက်န္ေနတဲ့ အဖြဲ႕လည္း မဟုတ္ေတာ့ဘူး။

အက်ိဳးဆက္ အေနနဲ႔ မတူညီတဲ့ အေျခအေနေအာက္မွာ အရင္တုန္းက ေျပာခဲ့တဲ့ သေဘာတရားႀကီးကို ျပန္ေျပာင္းေျပာရင္း အာဏာသိမ္းတာ တရားဝင္ ျဖစ္ေအာင္ အေတာ္ ႀကိဳးစား ေျပာဆိုေနရတယ္။

ရဲမင္းထြန္း ။။ Dr. Welsh ေျပာသလိုဆိုရင္ အရင္ အေျခအေနနဲ႔ မတူသလို စစ္တပ္ အရာရွိေတြကလည္း အေျပာင္းအလဲေတြ ျဖစ္ကုန္ၿပီ။ ဒါဆို ဖိလစ္ပိုင္ က ဗိုလ္ခ်ဳပ္ႀကီး Fidel Ramos လို ျပည္သူဘက္က ရပ္တည္တဲ့ ေခါင္းေဆာင္မ်ိဳး ေပၚေပါက္လာနိုင္တယ္လို႔ ထင္မိသလား။ စစ္တပ္ မ်ိဳးဆက္သစ္ကို အားကိုးနိုင္လိမ့္မယ္လို႔ လူထု ၾကားမွာ ေမၽွာ္လင့္ခ်က္ေတြ ထားေနၾကတာ ရွိပါတယ္။ ဒါေပမယ့္ အခုေတြ႕ရတာက အရင္နဲ႔ တစ္ပုံစံတည္း လူထုအေပၚ အေတာ္ေလး တင္းတင္းမာမာ ရွိေနတာကို ေတြ႕ရပါတယ္။

Dr. Bridget Welsh ။။ အခု အာဏာသိမ္းမႈမွာ အဖြဲ႕အစည္းအေနနဲ႔ မဟုတ္ဘဲ မင္းေအာင္လွိုင္ တစ္ဦးတစ္ေယာက္တည္းကပဲ အာဏာခ်ဳပ္ကိုင္ထားတယ္ ဆိုတာကို နားလည္ဖို႔ အေရးႀကီးပါတယ္။ မတ္လထဲ NLD အစိုးရ ဖြဲ႕စည္းျဖစ္ခဲ့ရင္ သူ ကာကြယ္ေရး ဦးစီးခ်ဳပ္ ရာထူးကေန ဖယ္ရွားခံရမွာျဖစ္လို႔ ဒါကို ကာကြယ္ဖို႔ သူ႔ ဘာသာ ရာထူး ရယူလိုက္တာပါ။

ဒီေတာ့ ျမန္မာစစ္တပ္က ပုံစံ ႏွစ္မ်ိဳးၾကား ပိတ္မိေနသလို ျဖစ္ေနတယ္။ အတိတ္က ဗိုလ္ခ်ဳပ္မႉႀကီး သန္းေရႊတို႔ ေတြးေခၚခဲ့တဲ့ တိုင္းျပည္ကို ကာကြယ္ ေစာင့္ေရွာက္သူ၊ အုပ္ခ်ဳပ္သူဆိုတဲ့ သမားရိုးက်ပုံစံ ရွိတဲ့ စစ္တပ္နဲ႔ ပို ပြင့္လင္းၿပီး အာဏာကို မၽွေဝ က်င့္သုံးမယ့္ဆိုတဲ့ စစ္တပ္ ပုံစံႏွစ္ခုအၾကား ေရြးခ်ယ္ စရာ ျဖစ္လာေနပါတယ္။

လက္ရွိ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က အရင္မ်ိဳးဆက္ေဟာင္းေတြ အၾကား ေပါက္ဖြားလာတာပါ။ ၿပီးခဲ့တဲ့ ႏွစ္ေတြထဲ စစ္တပ္ထဲ သူ႔ကိုသစၥာ ခံ သူ ေတြကိုသာ ရာထူး တိုးျမႇင့္ခန္႔အပ္တာကို ေတြ႕ရတယ္။

အခု အာဏာသိမ္းမႈက တပ္မေတာ္အေပၚ ျပန္ၿပီးအႏၲရာယ္ ရွိေနတယ္ဆိုတာကို တပ္မေတာ္ကို ခိုင္ျမဲတဲ့ အဖြဲ႕အစည္း တစ္ခုအျဖစ္ ျမင္ခ်င္သူေတြ ေတြးမိသလား မေတြးမိဘူးလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာ ျဖစ္လာေနပါတယ္။

ရဲမင္းထြန္း ။။ ဟုတ္ကဲ့။ အခု ျဖစ္ပြားေနတဲ့ တစ္နိုင္ငံလုံး ဆႏၵျပပြဲေတြ ဘက္ ျပန္ၾကည့္ရေအာင္ပါ။။ တစ္နိုင္ငံလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ႀကီးႀကီးမားမား ဆႏၵ ျပေနတဲ့ တစ္ခ်ိန္တည္းမွာပဲ ဝန္ထမ္းေတြအေပၚ စစ္တပ္က ေတာ္ေတာ္ေလး ဖိႏွိပ္ေနတာကို ေတြ႕ရပါတယ္။ ဘာေၾကာင့္ ဝန္ထမ္းေတြ အေပၚ ဒီေလာက္ ဖိႏွိပ္ေနရတာလဲ။

Dr. Bridget Welsh ။။ ၁၉၈၈ ခုႏွစ္တုန္းက စစ္တပ္နဲ႔ အရပ္ဖက္အၾကား တင္းမာမႈ ျမင့္တက္ခဲ့တယ္။ ဒါေၾကာင့္ စစ္တပ္က သူ႔ဘာသာ ဗ်ဴရိုကေရစီနဲ႔ စစ္တပ္ ေဆး႐ုံးေတြ၊ တပ္နယ္ေျမေတြ ဖန္တီးၿပီး တုံ႔ျပန္ခဲ့တယ္။ စစ္တပ္ မိသားစုေတြနဲ႔ နိုင္ငံျခားေရး ဝန္ႀကီးဌာနလို ေနရာေတြမွာ စစ္တပ္ကလူေတြကို ခန္႔အပ္ခဲ့တယ္။

ဒါေပမဲ့ ေဖေဖာ္ဝါရီ ၁ရက္ေန႔ အာဏာသိမ္းၿပီးခ်ိန္မွာေတာ့ အရပ္ဘက္နယ္ထဲက ဝန္ထမ္းေတြက သူတို႔ ထင္သလို သူတို႔အေပၚ သစၥာခံသင့္သေလာက္ မခံေတာ့ဘူးဆိုတာကို သူတို႔ ကိုယ္တိုင္ ေတြ႕လာရတယ္။ ဒါက ၁၉၈၈ ခုႏွစ္ကနဲ႔ မတူဘဲ ေျပာင္းလဲသြားၿပီဆိုတာကို ျပသလိုက္တာပါဘဲ။

ဝန္ထမ္းေတြ မရွိဘဲ တိုင္းျပည္ မအုပ္ခ်ဳပ္နိုင္ဘူးဆိုတာကို ျမန္မာ စစ္တပ္ သေဘာေပါက္လိမ့္မယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ ဟိုး အရင္ကလုပ္ဖူးသလို ျပင္းျပင္း ထန္ထန္တုန္႔ျပန္ေနတာပါ။

ရဲမင္းထြန္း ။။ ဂ်နီဗာၿမိဳ႕က ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ႏုတ္ထြက္စာ တင္ပါတယ္။ ဖိအားဒဏ္ မခံနိုင္လို႔ တင္တာလို႔ သိရပါတယ္။အဆင္ျမင့္ သံတမန္ တစ္ဦး ပထမဆုံး ႏုတ္ထြက္စာတင္တာပါ။ သူက နိုင္ငံျခားေရး ဝန္ႀကီးဌာနက အျမဲတမ္းအတြင္းဝန္ ျဖစ္ခဲ့သလို အာဆီယံေရးရာ ဌာန ညႊန္ခ်ဳပ္ လည္း ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ျမန္မာသံ႐ုံး ကိုင္ရိုၿမိဳ႕က အရာရွိငယ္တစ္ဦးလည္း သူ႔အရင္ ႏုတ္ထြက္စာတင္တယ္လို႔ သိရပါတယ္။ ထူးျခားတာ က အဲဒီ အရာရွိငယ္က အရင္က ေရတပ္မွာ အျမင့္ဆုံး တာဝန္ယူခဲ့ဖူးတဲ့ စစ္ဦးစီးခ်ဳပ္ (ေရ)ေဟာင္းရဲ႕ သားတစ္ဦးျဖစ္ေနတာပါပဲ။ ဒါက ထူးျခားမႈ တစ္ခု လို႔ ယူဆရပါတယ္။ အစိုးရဌာနေတြနဲ႔ ဝန္ထမ္းေတြၾကားမွာ အတြင္းမွာ တစ္ခုခု ျဖစ္ေနတာေတာ့ ထင္ရွားတယ္ေနာ္။

Dr. Bridget Welsh ။။ ကၽြန္မတို႔ အခုေတြ႕ေနရတဲ့ အေျခအေနက မၾကဳံစဖူးနဲ႔ သိပ္ကို စိတ္ဝင္စားစရာ ေကာင္းတဲ့ အေျခအေနပါ။ အာဏာသိမ္းတာကို လူတိုင္းက ဆန္႔က်င္ေနတာလို႔ ေယဘုယ် ေျပာလို႔ရပါတယ္။ ဒါ့အျပင္၊ စစ္တပ္မိသားစု ေနာက္ခံ ရွိသူေတြကိုယ္တိုင္က အာဏာသိမ္းမႈကို ဆန္႔က်င္ေနတာကတကယ့္ကို အေျပာင္း အလဲႀကီး တစ္ခုပါ။

ေနာက္တစ္ခု ကၽြန္မတို႔ မေဆြးေႏြးျဖစ္ေသးတာက စစ္တပ္ ေအာက္ေျခ စစ္သားေတြ အေျခအေနပါ။ သူတို႔ မိသားစုဝင္ေတြက လမ္းေပၚထြက္ ဆႏၵ ျပေနတာပါ။ စစ္တပ္ရဲ့သမိုင္းကို ျပန္ၾကည့္ရင္ အက္ကြဲေၾကာင္းေတြ ထြက္ေပၚခဲ့တာကို ေတြ႕ရမွာပါ။ တခ်ိဳ႕ ဗိုလ္ခ်ဳပ္ႀကီးေတြ စစ္တပ္ကို စြန္႔ခြာ သြား တာေတြ ရွိပါတယ္။ အခုအေျခအေနက စစ္တပ္ထိပ္ပိုင္းေခါင္းေဆာင္ေတြအတြက္ ထူးျခားတဲ့ စိန္ေခၚမႈတစ္ခုပါ။ တကယ္အက္ေၾကာင္း ေပၚမေပၚက ေစာင့္ၾကည့္ရမွာပါ။ အခုကိစၥမွာ စစ္တပ္ထဲက တစ္ဦးတစ္ေယာက္ တစ္ျခား ရာထူးတစ္ခု ရယူနိုင္ဖို႔ အက်ိဳးအတြက္ လုပ္ေဆာင္ေနရတာမို႔ပါ။

ရဲမင္းထြန္း ။။ ေနာက္ဆုံး ေမးခြန္းအေနနဲ႔ ဒီကေန႔ပဲ ျမန္မာနိုင္ငံကို လာဖို႔ ရွိတဲ့ အင္ဒိုနီးရွားနိုင္ငံျခားေရးဝန္ႀကီး Retno Mersudi က ဘန္ေကာက္ကိုပဲ သြားၿပီး ျမန္မာနိုင္ငံျခားေရး ဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ေတြ႕တယ္။ ဘာျဖစ္လို႔ ျမန္မာနိုင္ငံကို မလာလဲဆိုတာ Dr. Welsh ေျပာျပနိုင္မလားပဲ။ ဒီ ေမးခြန္းနဲ႔ တစ္ဆက္တည္း အာဆီယံက ျမန္မာႏိုင္ငံကိစၥ ဘယ္လို ကိုင္တြယ္မယ္လို႔ ထင္မိပါသလဲ။

Dr. Bridget Welsh ။။ အာဆီယံအဖြဲ႕ေတြအၾကား ရပ္တည္ခ်က္မတူဘဲ သေဘာထားကြဲျပားေလ့ ရွိပါတယ္။ ဒါေၾကာင့္ အာဆီယံက လုပ္ေပးနိုင္တဲ့အေပၚ အမ်ားႀကီး မေမၽွာ္လင့္ဖို႔ လိုပါတယ္။ ဒါေပမယ့္ အာဆီယံက ၾကားလူအျဖစ္ေတာ့ ေဆာင္ရြက္ေပးနိုင္ပါတယ္။

အင္ဒိုနီးရွားနဲ႔ ျမန္မာ ဝန္ႀကီးႏွစ္ဦး ေတြ႕ဆုံေဆြး ေႏြးပြဲကို ျမန္မာနိုင္ငံအတြင္း လုပ္ခဲ့ရင္ ေမၽွာ္လင့္ခ်က္ေတြ သိပ္ၿပီး ျမင့္မားနိုင္သလို ဖိအားလည္း အရမ္း မ်ားသြားနိုင္ပါတယ္။ ဒါေၾကာင့္ အေပးအယူလုပ္ၿပီး ဘန္ေကာက္မွာ ေတြ႕ခဲ့ၾကတာပါ။ ေလာေလာဆယ္ ထြက္လာမယ့္ ရလဒ္အေပၚမွေတာ့ လူေတြက အျမင္က အမ်ိဳးမ်ိဳး ရွိေနပါေသးတယ္။ ဒီေဆြးေႏြးပြဲ အၿပီး ျဖစ္နိုင္ေျခကေတာ့ ျမန္မာ့အေရး ေဆြးေႏြးမယ့္ အာဆီယံ အစည္းအေဝးတစ္ခု က်င္းပလာနိုင္တာပဲ ျဖစ္ပါတယ္။

ရဲမင္းထြန္း ။။ ေက်းဇူးတင္ပါတယ္ Dr. Welsh ခင္ဗ်ား။

Asia Research Institute, University of Nottingham Malaysia တကၠသိုလ္က ေလ့လာသုံးသပ္သူ Dr. Bridget Welsh ကို ကိုရဲမင္းထြန္းက ဆက္သြယ္ ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...........

စစ်အာဏာသိမ်းမှု အခြေအနေ အာရှရေးရာသုတေသီ ပါမောက္ခ Welsh နဲ့ ဆက်သွယ်မေးမြန်းခန်း

(Unicode)

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူထု စုစည်း လှုပ်ရှားမှုက အရင်နဲ့မတူသလို မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား ပုံသဏ္ဍာန်ကလည်း ၁၉၈၈ မတိုင်ခင်ကနဲ့ မတူဘဲ ပြောင်းလဲနေပြီလို့Asia Research Institute, University of Nottingham Malaysia တက္ကသိုလ်က လေ့လာသုံးသပ်သူ Dr. Bridget Welsh က ပြောပါတယ်။ ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ရဲမင်းထွန်း။။ ပါမောက္ခ Dr. Bridget Welsh အနေနဲ့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တာနဲ့ နောက်ပိုင်း အဖြစ်အပျက်တွေ အကြောင်း ကောင်းကောင်း သိဖူးပြီးသားပါ။ အခုနောက်ဆုံး ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းမှုကို ဘယ်လို နှိုင်းယှဉ် ကြည့်နိုင်ပါသလဲ။

Dr. Bridget Welsh ။။ အခုတစ်ကြိမ် အာဏာသိမ်းမှု ဖြစ်ပွားအပြီးမှာတော့ လူထု ရဲ့ စုစည်းမှု ပုံစံက ၁၉၈၈ ခုနှစ်ကထက် ပိုပြီးမြန်ဆန်တာကို တွေ့ရတယ်။ ဆန္ဒပြမှုပုံစံကလည်း တော်တော်လေး ကွာသွားတာကို တွေ့ရတယ်။ အခု ဆန္ဒပြပွဲတွေမှာ နည်းပညာကို ကောင်းကောင်းသုံးကြသလို ၂၀၁၀ ခုနှစ်ကစပြီး ရရှိ ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းအောက်မှာ လူထု စုစည်းလှုပ်ရှားမှု ပုံစံ ပေါင်းစုံကို အသုံးပြုနေကြပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းမှုမှာ စစ်တပ်က အာဏာကို ဆက်ပြီး ကိုင်ဆုပ်ထားလိုတဲ့အချက်၊ စီးပွားရေးကို ဖွင့်ပေးသင့် မသင့် စဉ်းစားရတဲ့ အချက်တွေ ပါခဲ့ပါတယ်။ ပြီးတော့ စစ်တပ်က သိပ်ပြီး အထီးကျန်နေတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ခဲ့တယ်။

၂၀၂၁ ခုနှစ်မှာတော့ စစ်တပ်က စီးပွားရေးမှာ တော်တော်လေး ရင်းနှီးမြုပ်နှံထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း နိုင်ငံတကာနဲ့ ထိတွေ့မှု ရှိနေသလို အထီးကျန်နေတဲ့ အဖွဲ့လည်း မဟုတ်တော့ဘူး။

အကျိုးဆက် အနေနဲ့ မတူညီတဲ့ အခြေအနေအောက်မှာ အရင်တုန်းက ပြောခဲ့တဲ့ သဘောတရားကြီးကို ပြန်ပြောင်းပြောရင်း အာဏာသိမ်းတာ တရားဝင် ဖြစ်အောင် အတော် ကြိုးစား ပြောဆိုနေရတယ်။

ရဲမင်းထွန်း ။။ Dr. Welsh ပြောသလိုဆိုရင် အရင် အခြေအနေနဲ့ မတူသလို စစ်တပ် အရာရှိတွေကလည်း အပြောင်းအလဲတွေ ဖြစ်ကုန်ပြီ။ ဒါဆို ဖိလစ်ပိုင် က ဗိုလ်ချုပ်ကြီး Fidel Ramos လို ပြည်သူဘက်က ရပ်တည်တဲ့ ခေါင်းဆောင်မျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မိသလား။ စစ်တပ် မျိုးဆက်သစ်ကို အားကိုးနိုင်လိမ့်မယ်လို့ လူထု ကြားမှာ မျှော်လင့်ချက်တွေ ထားနေကြတာ ရှိပါတယ်။ ဒါပေမယ့် အခုတွေ့ရတာက အရင်နဲ့ တစ်ပုံစံတည်း လူထုအပေါ် အတော်လေး တင်းတင်းမာမာ ရှိနေတာကို တွေ့ရပါတယ်။

Dr. Bridget Welsh ။။ အခု အာဏာသိမ်းမှုမှာ အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘဲ မင်းအောင်လှိုင် တစ်ဦးတစ်ယောက်တည်းကပဲ အာဏာချုပ်ကိုင်ထားတယ် ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ မတ်လထဲ NLD အစိုးရ ဖွဲ့စည်းဖြစ်ခဲ့ရင် သူ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကနေ ဖယ်ရှားခံရမှာဖြစ်လို့ ဒါကို ကာကွယ်ဖို့ သူ့ ဘာသာ ရာထူး ရယူလိုက်တာပါ။

ဒီတော့ မြန်မာစစ်တပ်က ပုံစံ နှစ်မျိုးကြား ပိတ်မိနေသလို ဖြစ်နေတယ်။ အတိတ်က ဗိုလ်ချုပ်မှူကြီး သန်းရွှေတို့ တွေးခေါ်ခဲ့တဲ့ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်သူ၊ အုပ်ချုပ်သူဆိုတဲ့ သမားရိုးကျပုံစံ ရှိတဲ့ စစ်တပ်နဲ့ ပို ပွင့်လင်းပြီး အာဏာကို မျှဝေ ကျင့်သုံးမယ့်ဆိုတဲ့ စစ်တပ် ပုံစံနှစ်ခုအကြား ရွေးချယ် စရာ ဖြစ်လာနေပါတယ်။

လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရင်မျိုးဆက်ဟောင်းတွေ အကြား ပေါက်ဖွားလာတာပါ။ ပြီးခဲ့တဲ့ နှစ်တွေထဲ စစ်တပ်ထဲ သူ့ကိုသစ္စာ ခံ သူ တွေကိုသာ ရာထူး တိုးမြှင့်ခန့်အပ်တာကို တွေ့ရတယ်။

အခု အာဏာသိမ်းမှုက တပ်မတော်အပေါ် ပြန်ပြီးအန္တရာယ် ရှိနေတယ်ဆိုတာကို တပ်မတော်ကို ခိုင်မြဲတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် မြင်ချင်သူတွေ တွေးမိသလား မတွေးမိဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

ရဲမင်းထွန်း ။။ ဟုတ်ကဲ့။ အခု ဖြစ်ပွားနေတဲ့ တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေ ဘက် ပြန်ကြည့်ရအောင်ပါ။။ တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးကြီးမားမား ဆန္ဒ ပြနေတဲ့ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေအပေါ် စစ်တပ်က တော်တော်လေး ဖိနှိပ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဝန်ထမ်းတွေ အပေါ် ဒီလောက် ဖိနှိပ်နေရတာလဲ။

Dr. Bridget Welsh ။။ ၁၉၈၈ ခုနှစ်တုန်းက စစ်တပ်နဲ့ အရပ်ဖက်အကြား တင်းမာမှု မြင့်တက်ခဲ့တယ်။ ဒါကြောင့် စစ်တပ်က သူ့ဘာသာ ဗျူရိုကရေစီနဲ့ စစ်တပ် ဆေးရုံးတွေ၊ တပ်နယ်မြေတွေ ဖန်တီးပြီး တုံ့ပြန်ခဲ့တယ်။ စစ်တပ် မိသားစုတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနလို နေရာတွေမှာ စစ်တပ်ကလူတွေကို ခန့်အပ်ခဲ့တယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းပြီးချိန်မှာတော့ အရပ်ဘက်နယ်ထဲက ဝန်ထမ်းတွေက သူတို့ ထင်သလို သူတို့အပေါ် သစ္စာခံသင့်သလောက် မခံတော့ဘူးဆိုတာကို သူတို့ ကိုယ်တိုင် တွေ့လာရတယ်။ ဒါက ၁၉၈၈ ခုနှစ်ကနဲ့ မတူဘဲ ပြောင်းလဲသွားပြီဆိုတာကို ပြသလိုက်တာပါဘဲ။

ဝန်ထမ်းတွေ မရှိဘဲ တိုင်းပြည် မအုပ်ချုပ်နိုင်ဘူးဆိုတာကို မြန်မာ စစ်တပ် သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဟိုး အရင်ကလုပ်ဖူးသလို ပြင်းပြင်း ထန်ထန်တုန့်ပြန်နေတာပါ။

ရဲမင်းထွန်း ။။ ဂျနီဗာမြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး နုတ်ထွက်စာ တင်ပါတယ်။ ဖိအားဒဏ် မခံနိုင်လို့ တင်တာလို့ သိရပါတယ်။အဆင်မြင့် သံတမန် တစ်ဦး ပထမဆုံး နုတ်ထွက်စာတင်တာပါ။ သူက နိုင်ငံခြားရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဖြစ်ခဲ့သလို အာဆီယံရေးရာ ဌာန ညွှန်ချုပ် လည်း ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာသံရုံး ကိုင်ရိုမြို့က အရာရှိငယ်တစ်ဦးလည်း သူ့အရင် နုတ်ထွက်စာတင်တယ်လို့ သိရပါတယ်။ ထူးခြားတာ က အဲဒီ အရာရှိငယ်က အရင်က ရေတပ်မှာ အမြင့်ဆုံး တာဝန်ယူခဲ့ဖူးတဲ့ စစ်ဦးစီးချုပ် (ရေ)ဟောင်းရဲ့ သားတစ်ဦးဖြစ်နေတာပါပဲ။ ဒါက ထူးခြားမှု တစ်ခု လို့ ယူဆရပါတယ်။ အစိုးရဌာနတွေနဲ့ ဝန်ထမ်းတွေကြားမှာ အတွင်းမှာ တစ်ခုခု ဖြစ်နေတာတော့ ထင်ရှားတယ်နော်။

Dr. Bridget Welsh ။။ ကျွန်မတို့ အခုတွေ့နေရတဲ့ အခြေအနေက မကြုံစဖူးနဲ့ သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေပါ။ အာဏာသိမ်းတာကို လူတိုင်းက ဆန့်ကျင်နေတာလို့ ယေဘုယျ ပြောလို့ရပါတယ်။ ဒါ့အပြင်၊ စစ်တပ်မိသားစု နောက်ခံ ရှိသူတွေကိုယ်တိုင်က အာဏာသိမ်းမှုကို ဆန့်ကျင်နေတာကတကယ့်ကို အပြောင်း အလဲကြီး တစ်ခုပါ။

နောက်တစ်ခု ကျွန်မတို့ မဆွေးနွေးဖြစ်သေးတာက စစ်တပ် အောက်ခြေ စစ်သားတွေ အခြေအနေပါ။ သူတို့ မိသားစုဝင်တွေက လမ်းပေါ်ထွက် ဆန္ဒ ပြနေတာပါ။ စစ်တပ်ရဲ့သမိုင်းကို ပြန်ကြည့်ရင် အက်ကွဲကြောင်းတွေ ထွက်ပေါ်ခဲ့တာကို တွေ့ရမှာပါ။ တချို့ ဗိုလ်ချုပ်ကြီးတွေ စစ်တပ်ကို စွန့်ခွာ သွား တာတွေ ရှိပါတယ်။ အခုအခြေအနေက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် ထူးခြားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ တကယ်အက်ကြောင်း ပေါ်မပေါ်က စောင့်ကြည့်ရမှာပါ။ အခုကိစ္စမှာ စစ်တပ်ထဲက တစ်ဦးတစ်ယောက် တစ်ခြား ရာထူးတစ်ခု ရယူနိုင်ဖို့ အကျိုးအတွက် လုပ်ဆောင်နေရတာမို့ပါ။

ရဲမင်းထွန်း ။။ နောက်ဆုံး မေးခွန်းအနေနဲ့ ဒီကနေ့ပဲ မြန်မာနိုင်ငံကို လာဖို့ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Mersudi က ဘန်ကောက်ကိုပဲ သွားပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့တယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံကို မလာလဲဆိုတာ Dr. Welsh ပြောပြနိုင်မလားပဲ။ ဒီ မေးခွန်းနဲ့ တစ်ဆက်တည်း အာဆီယံက မြန်မာနိုင်ငံကိစ္စ ဘယ်လို ကိုင်တွယ်မယ်လို့ ထင်မိပါသလဲ။

Dr. Bridget Welsh ။။ အာဆီယံအဖွဲ့တွေအကြား ရပ်တည်ချက်မတူဘဲ သဘောထားကွဲပြားလေ့ ရှိပါတယ်။ ဒါကြောင့် အာဆီယံက လုပ်ပေးနိုင်တဲ့အပေါ် အများကြီး မမျှော်လင့်ဖို့ လိုပါတယ်။ ဒါပေမယ့် အာဆီယံက ကြားလူအဖြစ်တော့ ဆောင်ရွက်ပေးနိုင်ပါတယ်။

အင်ဒိုနီးရှားနဲ့ မြန်မာ ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေး နွေးပွဲကို မြန်မာနိုင်ငံအတွင်း လုပ်ခဲ့ရင် မျှော်လင့်ချက်တွေ သိပ်ပြီး မြင့်မားနိုင်သလို ဖိအားလည်း အရမ်း များသွားနိုင်ပါတယ်။ ဒါကြောင့် အပေးအယူလုပ်ပြီး ဘန်ကောက်မှာ တွေ့ခဲ့ကြတာပါ။ လောလောဆယ် ထွက်လာမယ့် ရလဒ်အပေါ်မှတော့ လူတွေက အမြင်က အမျိုးမျိုး ရှိနေပါသေးတယ်။ ဒီဆွေးနွေးပွဲ အပြီး ဖြစ်နိုင်ခြေကတော့ မြန်မာ့အရေး ဆွေးနွေးမယ့် အာဆီယံ အစည်းအဝေးတစ်ခု ကျင်းပလာနိုင်တာပဲ ဖြစ်ပါတယ်။

ရဲမင်းထွန်း ။။ ကျေးဇူးတင်ပါတယ် Dr. Welsh ခင်ဗျား။

Asia Research Institute, University of Nottingham Malaysia တက္ကသိုလ်က လေ့လာသုံးသပ်သူ Dr. Bridget Welsh ကို ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG