သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေလးရွားက ျမန္မာ ၁၈၀ နီးပါး ေနရပ္ျပန္


မေလးရွားႏိုင္ငံက ေနရပ္ျပန္ ျမန္မာနိုင္ငံသားမ်ား။ (ဓာတ္ပံု - ျမန္မာသံရံုး(မေလးရွား) - ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ကပ္ေဘးကာလမွာ မေလးရွားႏို္င္ငံထဲမွာ ပိတ္မိေနတဲ့ ျမန္မာႏို္င္ငံသား ၁၈၀ နီးပါးကို ဒီေန႔မွာပဲ ျမန္မာသံရံုးအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပမွာပါ။

မေလးရွားႏိုင္ငံမွာ ကုိဗစ္ကပ္ေဘးကာလ မွာပိတ္မိေနတဲ့ျမန္မာႏို္င္ငံသား ၁၈၀ နီးပါးကုိ ဒီေန့မွာပဲ ေနရပ္ျပန္ပုိ႔ခဲ့ေၾကာင္း မေလးရွားအေျခစိုက္ ျမန္မာလူမႈကူညီေရးအသင္းဥကၠ႒ ဦးစန္း၀င္းကေျပာျပပါတယ္။

"ဒီေန႔မွာေတ့ာ ၅၆ ႀကိမ္ေျမာက္ ကယ္ဆယ္ေရး ေလယာဥ္မွာေတာ့ ထိန္းသိမ္းေရးစခန္းကလူေတြ ဒီရက္အတြင္းျပန္တာေတြ မ်ားေနတဲ့အတြက္ေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေလးရွားမွာ ပိတ္မိေနတဲ့သူေတြ၊ က်န္းမာေရးမေကာင္းသူေတြ ၁၇၇ ဦး ျပန္သြားပါတယ္။ မေန႔က ၂၄ ရက္ေန႔ကေတာ့ ထိန္းသိမ္းေရးစခန္းေတြကေနၿပီးေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသား လူ ၅၀ ဦး ပါသြားပါတယ္။"

ဒီရက္ပုိင္းမွာေတာ့ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ မေလးရွားအစုိးရတုိ႔ အစီစဥ္နဲ႔ မေလးရွားထိန္းသိမ္းေရးစခန္း ၁၃ ခုက လြတ္ရက္ေစ့တဲ့အခ်ဳပ္သား ၁,၀၀၀ ေက်ာ္ဟာ စစ္သေဘၤာေတြနဲ႔ ေနရပ္ျပန္ခဲ့ၾကပါတယ္။ ဒီေန႔မွာေတာ့ ေလယာဥ္ခရီးစဥ္ထဲမွာေတာ့ လြတ္ရက္ေစ့အခ်ဳပ္သားေတြ မပါ၀င္ပါဘူး။

မေလးရွားႏိုင္ငံက ထိန္းသိမ္းေရးစခန္း ၁၃ ခုမွာ လြတ္ရက္ေစ့ေနတဲ့ ျမန္မာအခ်ဳပ္သား အခုဆိုရင္ ၃,၀၀၀ ထက္မနည္း က်န္ရွိေနပါတယ္။ ဒါအျပင္ တရားမ၀င္ျမန္မာႏို္င္ငံသား ၁၀,၀၀၀ ေက်ာ္ကလည္း ေနရပ္ျပန္ဖို႔အတြက္ ျမန္မာသံရံုးကို စာရင္းေပးသြင္းထားပါတယ္။ အခုဆိုရင္ ျမန္မာသံရံုးကလည္း တပတ္ကို ၃ ႀကိမ္ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ေနရပ္ျပန္ပုိ႔ေပးေနပါတယ္။

မေလးရွားက ျမန္မာ ၁၈၀ နီးပါး ေနရပ္ျပန္
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက မြန်မာ ၁၈၀ နီးပါး နေရပ်ပြန်

ကပ်ဘေးကာလမှာ မလေးရှားနိုင်ငံထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၈၀ နီးပါးကို ဒီနေ့မှာပဲ မြန်မာသံရုံးအစီစဉ်နဲ့ နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြမှာပါ။

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကာလ မှာပိတ်မိနေတဲ့မြန်မာနိုင်ငံသား ၁၈၀ နီးပါးကို ဒီနေ့မှာပဲ နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းကပြောပြပါတယ်။

"ဒီနေ့မှာတေ့ာ ၅၆ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်မှာတော့ ထိန်းသိမ်းရေးစခန်းကလူတွေ ဒီရက်အတွင်းပြန်တာတွေ များနေတဲ့အတွက်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားမှာ ပိတ်မိနေတဲ့သူတွေ၊ ကျန်းမာရေးမကောင်းသူတွေ ၁၇၇ ဦး ပြန်သွားပါတယ်။ မနေ့က ၂၄ ရက်နေ့ကတော့ ထိန်းသိမ်းရေးစခန်းတွေကနေပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လူ ၅၀ ဦး ပါသွားပါတယ်။"

ဒီရက်ပိုင်းမှာတော့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီနဲ့ မလေးရှားအစိုးရတို့ အစီစဉ်နဲ့ မလေးရှားထိန်းသိမ်းရေးစခန်း ၁၃ ခုက လွတ်ရက်စေ့တဲ့အချုပ်သား ၁,၀၀၀ ကျော်ဟာ စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ လေယာဉ်ခရီးစဉ်ထဲမှာတော့ လွတ်ရက်စေ့အချုပ်သားတွေ မပါဝင်ပါဘူး။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာ လွတ်ရက်စေ့နေတဲ့ မြန်မာအချုပ်သား အခုဆိုရင် ၃,၀၀၀ ထက်မနည်း ကျန်ရှိနေပါတယ်။ ဒါအပြင် တရားမဝင်မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ကလည်း နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားပါတယ်။ အခုဆိုရင် မြန်မာသံရုံးကလည်း တပတ်ကို ၃ ကြိမ် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ နေရပ်ပြန်ပို့ပေးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG