သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာရြက္သတင္းဌာန အယ္ဒီတာခ်ဳပ္ ေနသန္ေမာင္ ျပန္လြတ္


ဖမ္းဆီးခံ သတင္းေထာက္တဦးလြတ္ေျမာက္ေရး ဆႏၵျပ ပိုစတာတခု (ဓာတ္ပံု- AP Photo/Thein Zaw)

(Zaygyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ ကမာရြတ္မီဒီယာ အယ္ဒီတာခ်ဳပ္၊ အေမရိကန္ႏိုင္ငံသား ကိုေမာင္ေမာင္ေထြးေ(ေခၚ) ေနသန္ေမာင္ ဒီကေန႔ ျပန္လည္လြတ္ေျမာက္လာပါတယ္။ တရားလိုဖက္က စြဲခ်က္မတင္ခင္ အမွႈရုပ္သိမ္းလိုက္တဲ့အတြက္ လြတ္ေျမာက္လာတာျဖစ္ၿပီး မနက္ဖန္မွာ အေမရိကန္ႏိုင္ငံကို ျပန္သြားမွာျဖစ္တယ္လို႔လည္း ကိုေနသန္ေမာင္ရဲ႕ ေရွ႕ေနကေျပာပါတယ္။ ရန္ကုန္က လာတဲ့ သတင္းကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

မတ္လ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ လွည္းတန္းၿမိဳ႕နယ္မွာ႐ွိတဲ့ ကမာ႐ြတ္မီဒီယာ ႐ံုးခန္းကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္႐ွာေဖြၿပီး ဖမ္းဆီးခဲ့တဲ့ ကမာရြတ္မီဒီယာ အယ္ဒီတာခ်ဳပ္ ကိုေနသန္ေမာင္ ေခၚ ကိုေမာင္ေမာင္ေထြး ဒီေန႔ ျပန္လြတ္လာပါတယ္။

သူ႔ကို တပ္မေတာ္ကိုၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ ၅၀၅ (က ) နဲ႔တရားစြဲခဲ့တဲ့ တရားလိုဖက္က အမွႈရုပ္သိမ္း လိုက္တာ ေၾကာင့္ ဒီကေန႔မွာပဲ စြဲခ်က္မတင္မွီ အၿပီးလြတ္ေပး လိုက္တာျဖစ္တယ္လို႔ ကိုေနသန္ ေမာင္ အမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေန ေဒၚသၪၨာဦးကေျပာပါတယ္။

“တရားလိုက လာရုတ္လို႔ ေလ တရားသူႀကီးက လြတ္ေပးလိုက္တာေလ။ က်န္းက်န္း မာမာပါပဲ ကိုေနသန္ က်န္းမာတယ္။ ဒီေန႔ကိုဗစ္-၁၉ စစ္ဖို႔အတြက္ သူ႔ကို ထားထားတယ္။ မနက္ဖန္က်ရင္ေတာ့ သူအေမရိကားကို တိုက္ရိုက္သြားရမယ္။”

အေမရိကန္ႏိုင္ငံသားျဖစ္တဲ့ ကိုေနသန္ေမာင္အျပင္ အယ္ဒီတာကိုဟံသာၿငိမ္းကိုလည္း မတ္လ ၉ ရက္ေန႔က ဖမ္းဆီးခဲ့ပါတယ္။ သူတုိ႔ကို ဒုရဲမွဴး မ်ိဳးဝင္းက တရားလိုလုပ္ၿပီး ပုဒ္မ၅၀၅ (က )နဲ႔ တရားစြဲခဲ့ပါတယ္။ အခုကိုေနသန္ေမာင္ ျပန္လြတ္လာေပမဲ့ ကုိဟံသာၿငိမ္းကေတာ့ လြတ္မလာေသးပါဘူး။

ကိုေနသန္ေမာင္ျပန္လြတ္လာတာဟာ အေမရိကန္သံရံုး အကူအညီအမ်ားႀကီး ပါတယ္ လို႔လည္း ေရွ႕ေနေဒၚ ေဒၚသၪၨာဦး က ေျပာပါတယ္။

“ ဘယ္သူ႔မွ မလြတ္ေသးတဲ့ အခ်ိန္မွာေတာ့ ကိုေနသန္ေမာင္တို႔ ဘာတို႔ လြတ္သြားတယ္။ ဒါေပမယ့္ အဲတာက သံရံုးရဲ႕ အားစိုက္မွုေတြကလည္း ပါပါတယ္။ က်မတို႔ရဲ႕အားစိုက္မွုေတြနဲ႔ ေပါင္းၿပီးေတာ့ေပါ့ေနာ္။ က်မတို႔ ႀကိဳးစားခဲ့တဲ့ အတြက္ သူဟာ အေမရိကန္နိုင္ငံသား ခံယူထား တာ ျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ သူ႕ႏိုင္ငံသားအတြက္ သူ႔ အခြင့္အေရးေတြ အကုန္လံုးကို ေတာင္းသြားတယ္ေပါ့ေနာ္။ သူ႔ကို က်မတို႔ ျမန္မာႏိုင္ငံသား တစ္ေယာက္အ ေနနဲ႔ပါ အား က်မိပါတယ္ေပါ့ေနာ္။”

ေနသန္ေမာင္အျပင္ ေနာက္ထပ္ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ႏိုင္ငံသားျဖစ္သူ Frontier Myanmar သတင္းဌာနရဲ႕ သတင္းခန္းအုပ္ခ်ဳပ္မႈ အယ္ဒီတာ Daniel Fenster တုိ႔ကိုခ်က္ခ်င္းျပန္လြတ္ေပးဖို႔အတြက္ အာဆီယံႏုိင္ငံေတြကုိ ခရီးလွည့္ခဲ့တဲ့ အေမရိကန္ ဒုတိယႏုိင္ငံျခား ေရး၀န္ႀကီး Wendy Sherman ကၿပီးတဲ့ ေမလ ၃၁ ရက္ေန႔ကေတာင္းဆိုခဲ့ပါတယ္။ လက္ရွိမွာေတာ့ အေမရိကန္ႏိုင္ငံသား ကိုေနသန္ေမာင္ တစ္ေယာက္ သာလြတ္ေျမာက္ လာၿပီး၊ Daniel Fenster ကေတာ့ လြတ္မလာေသးပါဘူး။ ကိုေနသန္ေမာင္နဲ႔အတူ အဖမ္းခံရတဲ့ ကိုဟံသာၿငိမ္းနဲ႔ပါတ္သက္လို႔လဲ အမႈလိုက္ပါေဆာင္ ရြက္ေနတဲ့ ေရွ႕ေန ေဒၚသၪၨာဦး က ခုလုိေျပာပါတယ္။

“က်မတို႔အခု ေနသန္လြတ္ သြားေပမယ့္ ဟံသာက်န္ခဲ့တဲ့ အတြက္ ဟံသာအတြက္ က်မတို႔ ထပ္ႀကိုးစားပါအံုးမယ္။ ”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီ ၁ ရက္ေန႔ထဲက သတင္းေထာက္အေယာက္ ၈၀ နီးပါး ဖမ္းဆီးခံခဲ့ရၿပီး အေယာက္ ၄၀ ထက္မနည္း ဆက္လက္ထိန္းသိမ္းခံထားရဆဲျဖစ္ပါတယ္။ သတင္းေထာက္ ၁၀ ေယာက္ထက္မနည္း ကေတာ့ ဖမ္းဝရမ္း ထုတ္ခံထားရပါတယ္။ မဇိၹမ၊ ဒီဗီဘီ စတဲ့ သတင္းလုပ္ငန္းႀကီးေတြ အပါအဝင္ သတင္းဌာန ၈ ခုရဲ႕ လုပ္ငန္းလည္ပတ္ခြင့္ကိုလည္း စစ္ေကာင္စီက ရပ္ဆိုင္းလိုက္ပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


ကမာရွက်သတင်းဌာန အယ်ဒီတာချုပ် နေသန်မောင် ပြန်လွတ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ်၊ အမေရိကန်နိုင်ငံသား ကိုမောင်မောင်ထွေးေ(ခေါ်) နေသန်မောင် ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။ တရားလိုဖက်က စွဲချက်မတင်ခင် အမှှုရုပ်သိမ်းလိုက်တဲ့အတွက် လွတ်မြောက်လာတာဖြစ်ပြီး မနက်ဖန်မှာ အမေရိကန်နိုင်ငံကို ပြန်သွားမှာဖြစ်တယ်လို့လည်း ကိုနေသန်မောင်ရဲ့ ရှေ့နေကပြောပါတယ်။ ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းမြို့နယ်မှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခဲ့တဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင် ခေါ် ကိုမောင်မောင်ထွေး ဒီနေ့ ပြန်လွတ်လာပါတယ်။

သူ့ကို တပ်မတော်ကိုပြိုကွဲအောင် လုပ်ဆောင်မှု ၅၀၅ (က ) နဲ့တရားစွဲခဲ့တဲ့ တရားလိုဖက်က အမှှုရုပ်သိမ်း လိုက်တာ ကြောင့် ဒီကနေ့မှာပဲ စွဲချက်မတင်မှီ အပြီးလွတ်ပေး လိုက်တာဖြစ်တယ်လို့ ကိုနေသန် မောင် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်သဉ္ဇာဦးကပြောပါတယ်။

“တရားလိုက လာရုတ်လို့ လေ တရားသူကြီးက လွတ်ပေးလိုက်တာလေ။ ကျန်းကျန်း မာမာပါပဲ ကိုနေသန် ကျန်းမာတယ်။ ဒီနေ့ကိုဗစ်-၁၉ စစ်ဖို့အတွက် သူ့ကို ထားထားတယ်။ မနက်ဖန်ကျရင်တော့ သူအမေရိကားကို တိုက်ရိုက်သွားရမယ်။”

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ကိုနေသန်မောင်အပြင် အယ်ဒီတာကိုဟံသာငြိမ်းကိုလည်း မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ဒုရဲမှူး မျိုးဝင်းက တရားလိုလုပ်ပြီး ပုဒ်မ၅၀၅ (က )နဲ့ တရားစွဲခဲ့ပါတယ်။ အခုကိုနေသန်မောင် ပြန်လွတ်လာပေမဲ့ ကိုဟံသာငြိမ်းကတော့ လွတ်မလာသေးပါဘူး။

ကိုနေသန်မောင်ပြန်လွတ်လာတာဟာ အမေရိကန်သံရုံး အကူအညီအများကြီး ပါတယ် လို့လည်း ရှေ့နေဒေါ် ဒေါ်သဉ္ဇာဦး က ပြောပါတယ်။

“ ဘယ်သူ့မှ မလွတ်သေးတဲ့ အချိန်မှာတော့ ကိုနေသန်မောင်တို့ ဘာတို့ လွတ်သွားတယ်။ ဒါပေမယ့် အဲတာက သံရုံးရဲ့ အားစိုက်မှုတွေကလည်း ပါပါတယ်။ ကျမတို့ရဲ့အားစိုက်မှုတွေနဲ့ ပေါင်းပြီးတော့ပေါ့နော်။ ကျမတို့ ကြိုးစားခဲ့တဲ့ အတွက် သူဟာ အမေရိကန်နိုင်ငံသား ခံယူထား တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူ့နိုင်ငံသားအတွက် သူ့ အခွင့်အရေးတွေ အကုန်လုံးကို တောင်းသွားတယ်ပေါ့နော်။ သူ့ကို ကျမတို့ မြန်မာနိုင်ငံသား တစ်ယောက်အ နေနဲ့ပါ အား ကျမိပါတယ်ပေါ့နော်။”

နေသန်မောင်အပြင် နောက်ထပ် ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားဖြစ်သူ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ Daniel Fenster တို့ကိုချက်ချင်းပြန်လွတ်ပေးဖို့အတွက် အာဆီယံနိုင်ငံတွေကို ခရီးလှည့်ခဲ့တဲ့ အမေရိကန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး Wendy Sherman ကပြီးတဲ့ မေလ ၃၁ ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံသား ကိုနေသန်မောင် တစ်ယောက် သာလွတ်မြောက် လာပြီး၊ Daniel Fenster ကတော့ လွတ်မလာသေးပါဘူး။ ကိုနေသန်မောင်နဲ့အတူ အဖမ်းခံရတဲ့ ကိုဟံသာငြိမ်းနဲ့ပါတ်သက်လို့လဲ အမှုလိုက်ပါဆောင် ရွက်နေတဲ့ ရှေ့နေ ဒေါ်သဉ္ဇာဦး က ခုလိုပြောပါတယ်။

“ကျမတို့အခု နေသန်လွတ် သွားပေမယ့် ဟံသာကျန်ခဲ့တဲ့ အတွက် ဟံသာအတွက် ကျမတို့ ထပ်ကြိုးစားပါအုံးမယ်။ ”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက သတင်းထောက်အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄၀ ထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ သတင်းထောက် ၁၀ ယောက်ထက်မနည်း ကတော့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။ မဇ္ဖိမ၊ ဒီဗီဘီ စတဲ့ သတင်းလုပ်ငန်းကြီးတွေ အပါအဝင် သတင်းဌာန ၈ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG