သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ စစ္ေကာင္စီ ျပန္လႊတ္


လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာသူေတြကို အင္းစိန္ေထာင္ေရွ႕မွာ ေစာင့္ႀကိဳေနသူမ်ား။ (ဧၿပီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းေကာင္စီက ဒီကေန႔ ႏွစ္ဆန္း ၁ ရက္ေန႔မွာ အေထြေထြလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းသား ၂၃,၀၄၇ ေယာက္ လႊတ္ေပးလိုက္ပါတယ္။

ဒီအထဲမွာ ႏုိင္ငံေရးအက်ဥ္းသားေတြ ပါသလားဆိုတာ အတိအက် မသိရေသးေပမယ့္ မႏွစ္က သႀကၤန္တြင္းမွာ သံခ်ပ္ထုိးခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅ (က)၊ ၆၆ (ဃ) တို႔နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔က လူငယ္ ၃ ေယာက္ျဖစ္ၾကတဲ့ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္းနဲ႔ ကိုေဇယ်ာလြင္တို႔ ၃ ဦး ျပန္လြတ္လာပါတယ္။

အဲဒီထဲက ကိုေဇယ်ာလြင္က အျပင္မွာ ျဖစ္ေနတာေတြကို သူတို႔ ေသခ်ာမသိေသးဘူးလုိ႔ ေထာင္ျပင္အေရာက္မွာ ေျပာခဲ့ပါတယ္။

“အာဏာသိမ္းၿပီးတဲ့အခ်ိန္ ၂ လခြဲေလာက္မွ က်ေနာ္တုိ႔က လြတ္လာတာဆုိေတာ့ အျပင္မွာရွိတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး အလုံးစုံ ၿခဳံငုံမိျခင္း မရွိေသးဘူး။ က်ေနာ္တို႔ နားမလည္တဲ့အရာေတြ ရွိဦးမယ္လို႔ ထင္တယ္။”

အခုလို မႏွစ္က ဖမ္းဆီးထားတဲ့ ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ ၃ ဦးကို လႊတ္ေပးခဲ့တာနဲ႔ တရက္တည္းမွာပဲ ေက်ာင္းသားသမဂၢ သပိတ္ေခါင္းေဆာင္ေတြလည္းျဖစ္၊ ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႔ဝင္ေတြလည္း ျဖစ္ၾကတဲ့ ကိုလင္းထက္၊ ကိုေက်ာ္မင္းထြန္း၊ ကိုစိုးထက္ဦးနဲ႔ မေရႊ႐ူပါလင္းတို႔ ၄ ဦး လိုက္ပါစီးနင္းလာတဲ့ ကားကို ဒီေန႔မနက္ပိုင္းက အလံုၿမိဳ႕နယ္မွာ တားဆီးရွာေဖြစစ္ေဆးၿပီး ဖမ္းဆီးေခၚေဆာင္သြားေၾကာင္းနဲ႔ ဘယ္ကိုေခၚသြားတယ္ဆိုတာ မသိရေသးပါဘူး။

အာဏာသိမ္းယူၿပီးေနာက္ ၁၂ ရက္အၾကာမွာ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ ျပည္ေထာင္စုေန႔မွာ အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ စစ္ေကာင္စီက လႊတ္ေပးခဲ့ပါေသးတယ္။

မေန႔ ဧၿပီလ ၁၆ ရက္ေန႔အထိဆိုရင္ အၾကမ္းဖက္ ပစ္ခတ္ၿဖိုခြဲမႈေတြေၾကာင့္ ေသဆံုးသူေပါင္း ၇၂၀ ေက်ာ္ရွိၿပီျဖစ္သလို ဖမ္းဆီးခံထားရသူေပါင္း ၃,၁၅၀ ေက်ာ္ရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

အက်ဥ္းသား ၂၃,၀၀၀ ေက်ာ္ စစ္ေကာင္စီ ျပန္လႊတ္
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အကျဉ်းသား ၂၃,၀၀၀ ကျော် စစ်ကောင်စီ ပြန်လွှတ်

စစ်အာဏာသိမ်းကောင်စီက ဒီကနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၂၃,၀၄၇ ယောက် လွှတ်ပေးလိုက်ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါသလားဆိုတာ အတိအကျ မသိရသေးပေမယ့် မနှစ်က သင်္ကြန်တွင်းမှာ သံချပ်ထိုးခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) တို့နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လူငယ် ၃ ယောက်ဖြစ်ကြတဲ့ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနဲ့ ကိုဇေယျာလွင်တို့ ၃ ဦး ပြန်လွတ်လာပါတယ်။

အဲဒီထဲက ကိုဇေယျာလွင်က အပြင်မှာ ဖြစ်နေတာတွေကို သူတို့ သေချာမသိသေးဘူးလို့ ထောင်ပြင်အရောက်မှာ ပြောခဲ့ပါတယ်။

“အာဏာသိမ်းပြီးတဲ့အချိန် ၂ လခွဲလောက်မှ ကျနော်တို့က လွတ်လာတာဆိုတော့ အပြင်မှာရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အလုံးစုံ ခြုံငုံမိခြင်း မရှိသေးဘူး။ ကျနော်တို့ နားမလည်တဲ့အရာတွေ ရှိဦးမယ်လို့ ထင်တယ်။”

အခုလို မနှစ်က ဖမ်းဆီးထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို လွှတ်ပေးခဲ့တာနဲ့ တရက်တည်းမှာပဲ ကျောင်းသားသမဂ္ဂ သပိတ်ခေါင်းဆောင်တွေလည်းဖြစ်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေလည်း ဖြစ်ကြတဲ့ ကိုလင်းထက်၊ ကိုကျော်မင်းထွန်း၊ ကိုစိုးထက်ဦးနဲ့ မရွှေရူပါလင်းတို့ ၄ ဦး လိုက်ပါစီးနင်းလာတဲ့ ကားကို ဒီနေ့မနက်ပိုင်းက အလုံမြို့နယ်မှာ တားဆီးရှာဖွေစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနဲ့ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

အာဏာသိမ်းယူပြီးနောက် ၁၂ ရက်အကြာမှာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာ အကျဉ်းသား ၂၃,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီက လွှတ်ပေးခဲ့ပါသေးတယ်။

မနေ့ ဧပြီလ ၁၆ ရက်နေ့အထိဆိုရင် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူပေါင်း ၇၂၀ ကျော်ရှိပြီဖြစ်သလို ဖမ်းဆီးခံထားရသူပေါင်း ၃,၁၅၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG