သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ ၾကည့္ျမင္တိုင္ဆႏၵျပပဲြ ေလးဦးထက္မနည္း ဖမ္းဆီးခံရ


ရန္ကုန္ ၾကည့္ျမင္တိုင္သပိတ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ဒီကေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ ကမ္းနားလမ္း သီရိမဂၤလာေစ်းေဟာင္းနားမွာ အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ၿမိဳ႕နယ္ေပါင္းစုံ ေပ်ာက္ၾကားဆႏၵျပပြဲကို စစ္တပ္နဲ႔ရဲက ၿဖိဳခြဲတာေၾကာင့္ ဆႏၵျပသူ ၄ ေယာက္ထက္မနည္း ဖမ္းဆီးခံရတယ္လုိ႔ ပါဝင္သူတဦးက ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ဒီမနက္ေပါ့ေႏွာ္၊ ဘာမွေတာင္မလုပ္ရေသးဘူး၊ အလံေတြ ဘာေတြလႊင့္တယ္၊ ၿပီးေတာ့ က်ေနာ္တို႔ လူစၿပီးေတာ့ စုတဲ့အခ်ိန္ေလာက္ပဲ ရွိေသးတယ္ဗ်၊ မိနစ္ပိုင္းေတာင္မဟုတ္ဘူး၊ စကၠန္႔ပိုင္းအတြင္းမွာပဲ၊ မိနစ္ပိုင္း စကၠန္႔ပိုင္းအတြင္းမွာပဲ ၿဖိဳခြဲခံလိုက္ရတယ္။ က်ေနာ္တို႔ သိထားသေလာက္က ၄ ေယာက္ဗ်။ ဒါေပမယ့္ အခုက ၅ ေယာက္ေပါ့။ အေသအခ်ာ အတိအက်သိတာကေတာ့ ၄ ေယာက္ကေတာ့ ေသခ်ာပါတယ္ဗ်။ အဲ့ဒီမွာ က်ေနာ္တို႔ female နဲ႔ male နဲ႔ (အမ်ဳိးသား အမ်ဳိးသမီး) ခြဲလို႔မရေသးဘူးေပါ့ ခုထိ၊ ပါသြားတယ္ဆိုတာေလာက္ပဲ သိလိုက္ရတာေပါ့ေႏွာ္။ အရမ္းျမန္တယ္ဗ်ာ၊ မနက္က က်ေနာ္တို႔ ဘာမွေတာင္မလုပ္ရေသးဘဲနဲ႔ လာၿဖိဳခြဲလိုက္ေတာ့ က်ေနာ္တို႔အေနနဲ႔လည္း ဒါ သူတို႔ လုံၿခဳံေရး တင္းတင္းၾကပ္ၾကပ္ လုပ္တာလည္းပါသလို သူတို႔ဘက္က သတင္းႀကိဳရထားတာလည္း ပါမယ္ထင္တယ္။"

ရန္ကုန္အျပင္ မႏၲေလး၊ မံုရြာ၊ ထားဝယ္၊ ကေလး စတဲ့ၿမို႕ေပၚေတြမွာသာမက ယင္းမာပင္၊ ဆားလင္းႀကီး၊ ၿမိဳင္ စတဲ့ေဒသေတြမွာလည္း ေက်းရြာေတြစုေဝးၿပီး ဆႏၵျပခဲ့ၾကပါတယ္။

.................................................................................

ရန်ကုန် ကြည့်မြင်တိုင်ဆန္ဒပြပွဲ လေးဦးထက်မနည်း ဖမ်းဆီးခံရ

(Unicode)

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားလမ်း သီရိမင်္ဂလာဈေးဟောင်းနားမှာ အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ မြို့နယ်ပေါင်းစုံ ပျောက်ကြားဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ပါဝင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ဒီမနက်ပေါ့နှော်၊ ဘာမှတောင်မလုပ်ရသေးဘူး၊ အလံတွေ ဘာတွေလွှင့်တယ်၊ ပြီးတော့ ကျနော်တို့ လူစပြီးတော့ စုတဲ့အချိန်လောက်ပဲ ရှိသေးတယ်ဗျ၊ မိနစ်ပိုင်းတောင်မဟုတ်ဘူး၊ စက္ကန့်ပိုင်းအတွင်းမှာပဲ၊ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြိုခွဲခံလိုက်ရတယ်။ ကျနော်တို့ သိထားသလောက်က ၄ ယောက်ဗျ။ ဒါပေမယ့် အခုက ၅ ယောက်ပေါ့။ အသေအချာ အတိအကျသိတာကတော့ ၄ ယောက်ကတော့ သေချာပါတယ်ဗျ။ အဲ့ဒီမှာ ကျနော်တို့ female နဲ့ male နဲ့ (အမျိုးသား အမျိုးသမီး) ခွဲလို့မရသေးဘူးပေါ့ ခုထိ၊ ပါသွားတယ်ဆိုတာလောက်ပဲ သိလိုက်ရတာပေါ့နှော်။ အရမ်းမြန်တယ်ဗျာ၊ မနက်က ကျနော်တို့ ဘာမှတောင်မလုပ်ရသေးဘဲနဲ့ လာဖြိုခွဲလိုက်တော့ ကျနော်တို့အနေနဲ့လည်း ဒါ သူတို့ လုံခြုံရေး တင်းတင်းကြပ်ကြပ် လုပ်တာလည်းပါသလို သူတို့ဘက်က သတင်းကြိုရထားတာလည်း ပါမယ်ထင်တယ်။"

ရန်ကုန်အပြင် မန္တလေး၊ မုံရွာ၊ ထားဝယ်၊ ကလေး စတဲ့မြို့ပေါ်တွေမှာသာမက ယင်းမာပင်၊ ဆားလင်းကြီး၊ မြိုင် စတဲ့ဒေသတွေမှာလည်း ကျေးရွာတွေစုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG