သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံတမန္ ခန႔္အပ္တဲ့အေပၚ ကုလနဲ႔ တ႐ုတ္ႀကိဳဆို


FILE PHOTO: Brunei's Second Minister of Foreign Affairs Erywan Pehin Yusof addresses the 74th session of the United Nations General Assembly at U.N. headquarters in New York City, New York

(Zawgyi/Unicode)

ျမန္မာ့အၾကပ္အတည္း ကူရွင္းေပးဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ ခန႔္အပ္လိုက္တာကို ကုလသမဂၢနဲ႔ တ႐ုတ္တို႔ကလည္း ႀကိဳဆိုလိုက္ၾကပါတယ္။ ဘ႐ူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီး (၂) Erywan Yusof ကို အာဆီယံ ဥကၠဌရဲ႕ ျမန္မာဆိုင္ရာအထူးကိုယ္စားလွယ္ခန႔္လိုက္တဲ့အေပၚ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres က ႀကိဳဆိုေၾကာင္း မေန႔က ထုတ္ျပန္လိုက္ပါတယ္။

ကုလအတြင္းေရးမႉးခ်ဳပ္ ေျပာခြင့္ရ Stéphane Dujarric က၊ အခုလို အထူးကိုယ္စားလွယ္ခန႔္အပ္တာဟာ၊ ဧၿပီလတြင္း အာဆီယံေခါင္းေဆာင္ေတြ ခ်မွတ္ထားတဲ့ ဘုံသေဘာတူခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ဖို႔၊ အေရးႀကီးတဲ့ ေျခလွမ္း ျဖစ္တယ္လို႔ ေၾကညာခ်က္ ထုတ္ေျပာလိုက္တယ္။

ဒါ့အျပင္ ျမန္မာ့ျပႆနာ ေျဖရွင္းရာမွာ၊ အာဆီယံဥကၠ႒နဲ႔ ကုလအတြင္းေရးမႉးခ်ဳပ္ အထူးကိုယ္စားလွယ္ေတြရဲ႕ အျပန္အလွန္အေထာက္အကူျပဳတဲ့အခန္းက႑ကို၊ အဆက္အစပ္ရွိရွိ ပူးေပါင္း ေဆာင္႐ြက္သြားဖိ့ ေမွ်ာ္လင့္ထားတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာ လက္ရွိအာဆီယံအစည္းအေဝးတက္ေနတဲ့၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကလည္း၊ အာဆီယံအထူးကိုယ္စားလွယ္ခန႔္အပ္မူကို ေထာက္ခံအားေပးလိုက္ၿပီး၊ အာဆီယံနည္းနဲ႔ ျမန္မာ့ျပႆနာေျဖရွင္းႏိုင္ေရး ယုံၾကည္ေမွ်ာ္လင့္ထားကာ၊ ဝင္ကူေပးမယ္လို႔ မေန႔က ေျပာလိုက္ပါတယ္။

အလားတူ အေမရိကန္နဲ႔ အီးယူဥေရာပသမဂၢနဲ႔ အဖြဲ႕ဝင္ႏိုင္ငံေတြကလည္း အခုလိုခန႔္အပ္မူအေပၚ ႀကိဳဆိုေၾကာင္း ထုတ္ျပန္ခဲ့ၿပီး၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေအာင္၊ အာဆီယံႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................................................

အာဆီယံအထူးသံတမန် ခန့်အပ်တဲ့အပေါ် ကုလနဲ့ တရုတ်ကြိုဆို

(Unicode)

မြန်မာ့အကြပ်အတည်း ကူရှင်းပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တာကို ကုလသမဂ္ဂနဲ့ တရုတ်တို့ကလည်း ကြိုဆိုလိုက်ကြပါတယ်။ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို အာဆီယံ ဥက္ကဌရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ခန့်လိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြိုဆိုကြောင်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stéphane Dujarric က၊ အခုလို အထူးကိုယ်စားလှယ်ခန့်အပ်တာဟာ၊ ဧပြီလတွင်း အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူချက် ၅ ရပ် အကောင်အထည်ဖော်ဖို့၊ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြောလိုက်တယ်။

ဒါ့အပြင် မြန်မာ့ပြဿနာ ဖြေရှင်းရာမှာ၊ အာဆီယံဥက္ကဋ္ဌနဲ့ ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်တွေရဲ့ အပြန်အလှန်အထောက်အကူပြုတဲ့အခန်းကဏ္ဍကို၊ အဆက်အစပ်ရှိရှိ ပူးပေါင်း ဆောင်ရွက်သွားဖိ့ မျှော်လင့်ထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာ လက်ရှိအာဆီယံအစည်းအဝေးတက်နေတဲ့၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မူကို ထောက်ခံအားပေးလိုက်ပြီး၊ အာဆီယံနည်းနဲ့ မြန်မာ့ပြဿနာဖြေရှင်းနိုင်ရေး ယုံကြည်မျှော်လင့်ထားကာ၊ ဝင်ကူပေးမယ်လို့ မနေ့က ပြောလိုက်ပါတယ်။

အလားတူ အမေရိကန်နဲ့ အီးယူဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း အခုလိုခန့်အပ်မူအပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာအောင်၊ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG