သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေရး အာဆီယံအထူးသံ ခန္႔အပ္မႈ ႏိုင္ငံတခ်ိဳ႕သတိနဲ႔ႀကိဳဆို


[ Zawgyi ]

ျမန္မာ့အေရး ၾကား၀င္ေျဖရွင္းဖို႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN)ရဲ႕ အထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ဒုတိယ ႏိုင္ငံျခားေရး၀န္ႀကီးကို တာ၀န္ေပးလိုက္တဲ့အေပၚ ေဒသတြင္းက လႊတ္ေတာ္အမတ္ေတြနဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းက သတိထား တုံ႔ျပန္လိုက္ၾကပါတယ္။

ဘ႐ူႏိုင္း ႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကို ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ ဗုဒၶဟူးေန႔က ခန္႔အပ္လိုက္ေပမယ့္ သတိထားစရာေတြ ရွိေနဆဲျဖစ္ေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖဲြ႔ (APHR) က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

အာဆီယံ အလွည့္က်ဥကၠျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံ ကိုယ္စားလွယ္အျဖစ္ ႏိုင္ငံျခားေရး၀န္ႀကီး ဇြန္လထဲ ျမန္မာႏိုင္ငံကို သြားေရာက္ခ်ိန္မွာ စစ္အာဏာပိုင္ ေတြကိုသာ ေတြ႕ဆုံခဲ့တာ၊ ေရြးေကာက္ပဲြေတြ ျပန္က်င္းပဖို႔ ေျပာဆိုခဲ့တာအပါအ၀င္ တုံ႔ျပန္ေဆာင္ရြက္မႈေတြ ထိေရာက္မႈ မရွိတာကို မေမ့ၾကဖို႔လည္း APHR ဘုတ္အဖဲြ႔၀င္ ထိုင္းလႊတ္ေတာ္အမတ္ေဟာင္း Kasit Piromya က ေျပာပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္ ခန္႔အပ္လိုက္တဲ့အေပၚ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံတခ်ဳိ႕ကလည္း သတိထား ႀကိဳဆိုခဲ့ၾကတာပါ။ ဗုဒၶဟူးေန႔က အာဆီယံႏိုင္ငံေတြနဲ႔ အြန္လိုင္းကေတြ႔ဆုံခဲ့တဲ့ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ ဥေရာပသမဂၢ (EU)တို႔က အထူးကိုယ္စားလွယ္ ခန္႔အပ္လိုက္တဲ့အေပၚ ႀကိဳဆိုလိုက္ေပမယ့္ ႏိုင္ငံေရး ေဆြးေႏြးမႈေတြ ေပၚေပါက္ဖို႔ အပါအ၀င္ ဧၿပီလထဲ ခ်မွတ္ခဲ့တဲ့ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ခုကို အေကာင္အထည္ ေဖာ္ဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


ျပင္သစ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကလည္း ဗုဒၶဟူးေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ၿပီး ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းရာမွာ အမ်ဳိးသား ညီၫြတ္ေရးအစိုးရ (NUG) ၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH)တို႔နဲ႔ပါ ေဆြးေႏြးဖို႔လည္း တိုက္တြန္းထားတာပါ။ ဂ်ာမန္ႏိုင္ငံျခားေရး၀န္ႀကီး Heiko Maas ကေတာ့ အာဆီယံ အထူးကိုယ္စားလွယ္ ခန္႔အပ္တာဟာ ႏိုင္ငံေရး အက်ပ္အတည္းကို ေျဖရွင္းရာမွာ အေရးႀကီးတဲ့ ေျခလွမ္းတရပ္အျဖစ္ ႀကိဳဆိုလိုက္ၿပီး၊ အထူးကိုယ္စားလွယ္နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ႏိုင္ငံတြင္းမွာ လြတ္လပ္စြာ သြားလာခြင့္ျပဳဖို႔ ျမန္မာစစ္အာဏာပိုင္ေတြကို တိုက္တြန္းထားပါတယ္။

[ Unicode ]

မြန်မာအရေး အာဆီယံအထူးသံ ခန့်အပ်မှု နိုင်ငံတချို့သတိနဲ့ကြိုဆို

မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို တာဝန်ပေးလိုက်တဲ့အပေါ် ဒေသတွင်းက လွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက သတိထား တုံ့ပြန်လိုက်ကြပါတယ်။

ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဗုဒ္ဓဟူးနေ့က ခန့်အပ်လိုက်ပေမယ့် သတိထားစရာတွေ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အာဆီယံ အလှည့်ကျဥက္ကဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဇွန်လထဲ မြန်မာနိုင်ငံကို သွားရောက်ချိန်မှာ စစ်အာဏာပိုင် တွေကိုသာ တွေ့ဆုံခဲ့တာ၊ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ ပြောဆိုခဲ့တာအပါအဝင် တုံ့ပြန်ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိတာကို မမေ့ကြဖို့လည်း APHR ဘုတ်အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ်ဟောင်း Kasit Piromya က ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တဲ့အပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ကလည်း သတိထား ကြိုဆိုခဲ့ကြတာပါ။ ဗုဒ္ဓဟူးနေ့က အာဆီယံနိုင်ငံတွေနဲ့ အွန်လိုင်းကတွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဥရောပသမဂ္ဂ (EU)တို့က အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တဲ့အပေါ် ကြိုဆိုလိုက်ပေမယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ ပေါ်ပေါက်ဖို့ အပါအဝင် ဧပြီလထဲ ချမှတ်ခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည် ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့နဲ့ပါ ဆွေးနွေးဖို့လည်း တိုက်တွန်းထားတာပါ။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကတော့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်တာဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် ကြိုဆိုလိုက်ပြီး၊ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG