(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရးအၾကပ္အတည္းေတြျကားဝင္ေဆာင္႐ြက္ေပးေရး အာဆီယံက အထူးသံတမန္ ေ႐ြးခ်ယ္ထားေပမယ့္ အဲဒီ ေ႐ြးခ်ယ္ထားတဲ့သူကို တရားဝင္ အမည္စာရင္း ထုတ္ျပန္ႏိုင္ဖို႔ ျမန္မာစစ္ေကာင္စီရဲ႕ သေဘာတူညီခ်က္ကို အာဆီယံက ေစာင့္ဆိုင္းေနေၾကာင္း ေအပီ သတင္းမွာ ေဖာ္ျပထားပါတယ္။
ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ကို ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္အျဖစ္ ခန႔္အပ္ တာဝန္ေပးဖို႔ မေန႔ တနလၤာေန႔မွာ ျပဳလုပ္တဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ႏွစ္ပတ္လည္ စည္းေဝးပြဲအတြင္း အေရွ႕ေအာင္အာရွႏိုင္ငံမ်ားအသင္း - အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြအၾကား သေဘာတူညီမႈ ရရွိခဲ့ၾကတာလို႔ အမည္မေဖာ္လိုတဲ့ အာဆီယံသံတမန္ အသိုင္းအဝိုင္းကို ကိုးကားၿပီး ေအပီသတင္းမွာ ေဖာ္ျပထားပါတယ္။
မေန႔ ၾသဂုတ္လ ၂ ရက္ေန႔မွာ က်င္းပတဲ့ အာဆီယံဝန္ႀကီးေတြရဲ႕ စည္းေဝးပြဲအၿပီး ေ႐ြးခ်ယ္ထားတဲ့ အထူးသံတမန္ရဲ႕ အမည္ကို ေၾကညာရမွာျဖစ္ေပမယ့္ ျမန္မာစစ္ေကာင္စီဘက္က တစုံတရာ တုန႔္ျပန္ျခင္းမရွိတာေၾကာင့္ တရားဝင္ထုတ္ျပန္ဖို႔ ေႏွာင့္ေႏွး ၾကန႔္ၾကာေနရတာ ျဖစ္ပါတယ္။
အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ကလည္း ျမန္မာ့အေရး ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ ခန႔္ထားေရးကို သေဘာတူေၾကာင္းနဲ႔ အာဆီယံမူေဘာင္အတြင္းကေန ပူးေပါင္းေဆာင္႐ြက္သြားမယ့္အေၾကာင္း ေျပာၾကားထားၿပီး ျဖစ္ပါတယ္။ အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အထူးကိုယ္စားလွယ္ထားရွိေရးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္လာေရးအပါအဝင္ သေဘာတူညီခ်က္ ၅ ခ်က္ကို ခ်မွတ္ထားၿပီးျဖစ္သလို၊ ႏိုင္ငံတကာကလည္း ဒါေတြ အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းေနပါတယ္။
ကုလသမဂၢ၊ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္အပါအဝင္ ႏိုင္ငံတကာအသိုင္းဝိုင္းကလည္း လက္ရွိ ျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး ပဋိပကၡေတြေျပလည္ေရးနဲ႔ တိုင္းျပည္ ျပန္လည္ တည္ၿငိမ္ေအးခ်မ္းမႈရွိေရးတို႔အတြက္ အာဆီယံက ဦးစီး လုပ္ေဆာင္သင့္ေၾကာင္း တိုက္တြန္း ေျပာဆိုေနၾကပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken အေနနဲ႔ အခုသီတင္းပတ္အတြင္း အာဆီယံနဲ႔ေတြ႕ဆုံမယ့္ အစည္းေဝးေတြမွာ ျမန္မာ့အေရးကို ထည့္သြင္း ေဆြးေႏြးသြားဖို႔ရွိေၾကာင္း အေမရီကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price က မေန႔ ၾသဂုတ္လ ၂ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။
(Unicode)
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြားဝင်ဆောင်ရွက်ပေးရေး အာဆီယံက အထူးသံတမန် ရွေးချယ်ထားပေမယ့် အဲဒီ ရွေးချယ်ထားတဲ့သူကို တရားဝင် အမည်စာရင်း ထုတ်ပြန်နိုင်ဖို့ မြန်မာစစ်ကောင်စီရဲ့ သဘောတူညီချက်ကို အာဆီယံက စောင့်ဆိုင်းနေကြောင်း အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ် တာဝန်ပေးဖို့ မနေ့ တနင်္လာနေ့မှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် စည်းဝေးပွဲအတွင်း အရှေ့အောင်အာရှနိုင်ငံများအသင်း - အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောတူညီမှု ရရှိခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ အာဆီယံသံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။
မနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံဝန်ကြီးတွေရဲ့ စည်းဝေးပွဲအပြီး ရွေးချယ်ထားတဲ့ အထူးသံတမန်ရဲ့ အမည်ကို ကြေညာရမှာဖြစ်ပေမယ့် မြန်မာစစ်ကောင်စီဘက်က တစုံတရာ တုန့်ပြန်ခြင်းမရှိတာကြောင့် တရားဝင်ထုတ်ပြန်ဖို့ နှောင့်နှေး ကြန့်ကြာနေရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးကို သဘောတူကြောင်းနဲ့ အာဆီယံမူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်ထားရှိရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာရေးအပါအဝင် သဘောတူညီချက် ၅ ချက်ကို ချမှတ်ထားပြီးဖြစ်သလို၊ နိုင်ငံတကာကလည်း ဒါတွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းကလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေပြေလည်ရေးနဲ့ တိုင်းပြည် ပြန်လည် တည်ငြိမ်အေးချမ်းမှုရှိရေးတို့အတွက် အာဆီယံက ဦးစီး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောဆိုနေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေနဲ့ အခုသီတင်းပတ်အတွင်း အာဆီယံနဲ့တွေ့ဆုံမယ့် အစည်းဝေးတွေမှာ မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးသွားဖို့ရှိကြောင်း အမေရီကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က မနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။