သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ကန် ဒုဝန်ကြီး နဲ့ ဒေါ်ဇင်မာအောင် ဆွေးနွေး


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ( သြဂုတ်လ ၄ ရက် ၂၀၂၁ )
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ( သြဂုတ်လ ၄ ရက် ၂၀၂၁ )

[ Zawgyi ]

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်ဇင်မာအောင်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က ဆက်လက်အားပေးနေတာတွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းလည်း ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကို ရင်ဆိုင်ဖို့ ကြိုးပမ်းနေရတာတွေ၊ မြန်မာပြည်သူတွေအတွက် စာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတာတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က အထူးကိုယ်စားလှယ် ခန့်အပ်ကြောင်း ကြေညာလိုက်တဲ့ နေ့မှာပဲ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အာဆီယံ အသင်းဝင်နိုင်ငံတွေနဲ့ ဗုဒ္ဓဟူးနေ့က အွန်လိုင်း တွေ့ဆုံဆွေးနွေးရာမှာ အကြမ်းဖက် လုပ်ရပ်တွေကို ချက်ခြင်းရပ်ဖို့၊ ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်ကျင့်သုံးဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]






XS
SM
MD
LG