သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံ တာဝန္သိတဲ႔ အင္အားႀကီးႏိုင္ငံ ျဖစ္ေစလို ( ကန္ ဒုဝန္ႀကီး Wendy Sherman)


ကန္ ဒုဝန္ႀကီး နဲ႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးေတြ႔ဆုံ၊ ဂ်ဴလုိင္ ၂၆၊ ၂၀၂၁။

(Zawgyi/Unicode)

တ႐ုတ္နဲ႔ အေမရိကန္ၾကား သေဘာထား မတူ ကြဲျပားေနတဲ႔ အခ်က္ေတြထက္ တာ၀န္ယူမႈ တာ၀န္ခံမႈရွိတဲ႔ ကမ႓ာ့ အင္အားႀကီးသူ အျဖစ္ ရာသီဥတု ေျပာင္းလဲမႈအေရး၊ ေနာက္ Covid-19 ကပ္ေဘးေရာဂါ အေရးတို႔လို ခက္ခဲတဲ႔ ကမ႓ာ့ အေရးကိစၥေတြမွာ အေမရိကန္နဲ႔ အတူ ပူးတြဲ ေဆာင္ရြက္ဖို႔ အေမရိကန္ အႀကီးတန္း သံတမန္က တိုက္တြန္းပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီး Wang Yi ၊ ေနာက္ ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီး Xie Feng တို႔နဲ႔ တ႐ုတ္ႏိုင္ငံ Tianjin ၿမိဳ႕မွာ တနလာၤေန႔က ေတြ႕ဆံု ေဆြးေႏြးခဲ႔ၿပီးေနာက္မွာ အေမရိကန္ ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီး Wendy Sherman က AP သတင္းေအဂ်င္စီနဲ႔ ေတြ႕ဆံု ေမးျမန္းမႈမွာ အခုလို ေျပာဆိုတာ ျဖစ္ပါတယ္။

အေမရိကန္ ျပည္ေထာင္စုု အေနနဲ႔ တ႐ုတ္နဲ႔ စီးပြားေရး ယွဥ္ၿပိဳင္မႈကို ႀကိဳဆိုေၾကာင္း ဒါေပမယ့္ ပဋိပကၡ အျဖစ္မ်ိဳးကိုေတာ့ မလိုလားေၾကာင္း အေမရိကန္ ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီးက ေျပာပါတယ္။ လူ႔အခြင့္အေရး ကိစၥကေန တ႐ုတ္ရဲ႕ ပိုင္နက္ဆိုင္ရာ ရည္မွန္းခ်က္ေတြ အေပၚ အေမရိကန္ရဲ႕ ေ၀ဖန္မႈကို တ႐ုတ္က တင္းတင္းမာမာ ျဖစ္ေနၿပီး အေမရိကန္ဘက္က တ႐ုတ္ရဲ႕ ဖြံ႔ၿဖိဳးမႈေတြကို ႏွိပ္ကြက္ေနတဲ႔ တဖက္မွာ တ႐ုတ္ရဲ႕ ပူးေပါင္းေဆာင္ရြက္မႈကို ရႏိုင္မွာေတာ့ မဟုတ္ဘူးလို႔ တ႐ုတ္က အႀကိမ္ႀကိမ္ ေျပာဆိုေနတာ ျဖစ္ၿပီး အေမရိကန္ ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီး Sharman က ျငင္းဆိုပါတယ္။

သီးျခား မတူကြဲျပားမႈေတြရဲ႕ အထက္မွာ အေၾကာင္းအရာေတြ ရွိေနပါတယ္။ အဲဒါကေတာ့ အင္အားႀကီး ႏိုင္ငံေတြရဲ႕ ကမ႓ာ့အေရး တာ၀န္ယူမႈ တာ၀န္ခံမႈျဖစ္ပါတယ္လို႔ တ႐ုတ္ႏိုင္ငံ Tianjin ၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီး၊ ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီးတို႔နဲ႔ ေတြ႕ဆံု ေဆြးေႏြးမႈ အၿပီးမွာ အေမရိကန္ ႏိုင္ငံျခားေရး ဒုတိယ ၀န္ႀကီးက AP သတင္းေအဂ်င္စီရဲ႕ တယ္လီဖုန္းဆက္ ေမးျမန္းမႈကို ေျဖၾကားခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

တရုတ်နဲ့ အမေရိကန်ကြား သဘောထား မတူ ကွဲပြားနေတဲ့ အချက်တွေထက် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကမ္ဘာ့ အင်အားကြီးသူ အဖြစ် ရာသီဥတု ပြောင်းလဲမှုအရေး၊ နောက် Covid-19 ကပ်ဘေးရောဂါ အရေးတို့လို ခက်ခဲတဲ့ ကမ္ဘာ့ အရေးကိစ္စတွေမှာ အမေရိကန်နဲ့ အတူ ပူးတွဲ ဆောင်ရွက်ဖို့ အမေရိကန် အကြီးတန်း သံတမန်က တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ၊ နောက် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Xie Feng တို့နဲ့ တရုတ်နိုင်ငံ Tianjin မြို့မှာ တနလာၤနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်မှာ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman က AP သတင်းအေဂျင်စီနဲ့ တွေ့ဆုံ မေးမြန်းမှုမှာ အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ တရုတ်နဲ့ စီးပွားရေး ယှဉ်ပြိုင်မှုကို ကြိုဆိုကြောင်း ဒါပေမယ့် ပဋိပက္ခ အဖြစ်မျိုးကိုတော့ မလိုလားကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ လူ့အခွင့်အရေး ကိစ္စကနေ တရုတ်ရဲ့ ပိုင်နက်ဆိုင်ရာ ရည်မှန်းချက်တွေ အပေါ် အမေရိကန်ရဲ့ ဝေဖန်မှုကို တရုတ်က တင်းတင်းမာမာ ဖြစ်နေပြီး အမေရိကန်ဘက်က တရုတ်ရဲ့ ဖွံ့ဖြိုးမှုတွေကို နှိပ်ကွက်နေတဲ့ တဖက်မှာ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်မှာတော့ မဟုတ်ဘူးလို့ တရုတ်က အကြိမ်ကြိမ် ပြောဆိုနေတာ ဖြစ်ပြီး အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sharman က ငြင်းဆိုပါတယ်။ သီးခြား မတူကွဲပြားမှုတွေရဲ့ အထက်မှာ အကြောင်းအရာတွေ ရှိနေပါတယ်။

အဲဒါကတော့ အင်အားကြီး နိုင်ငံတွေရဲ့ ကမ္ဘာ့အရေး တာဝန်ယူမှု တာဝန်ခံမှုဖြစ်ပါတယ်လို့ တရုတ်နိုင်ငံ Tianjin မြို့မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး၊ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ အမေရိကန် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးက AP သတင်းအေဂျင်စီရဲ့ တယ်လီဖုန်းဆက် မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG