{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စု ရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi တို႔ဟာ လာမယ္ တနဂၤေႏြေန႔မွာ တ႐ုတ္ႏိုင္ငံမွာ ေတြ႕ဆုံၾကမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က မေန႔က ေျပာပါတယ္။၂ ႏိုင္ငံအစိုးေတြအၾကား တင္းမာမႈေတြျမင့္လာေနခ်ိန္မွာ အဲဒီလိုေတြ႕ဆုံၾကမွာျဖစ္ပါတယ္။
ေနာင္အခါမွာ အဆင့္ျမင့္ေခါင္းေဆာင္ေတြ ေတြ႕ဆုံၾကဖို႔အတြက္ ဒါဟာ ပထမေခ်လွမ္းျဖစ္တယ္လို႔ သုံးသပ္သူေတြက ရႈျမင္ေနၾကတာပါ။
ေတာင္တ႐ုတ္ပင္လယ္တြင္း တ႐ုတ္အစိုရရဲ႕ ရန္စတဲ့ လုပ္ရပ္ေတြဟာ ဒီခရီးစဥ္ရဲ႕ အစီအစဥ္ထဲမွာ ထိပ္ဆုံးကရွိေနတယ္လို႔ အေမရိကန္အရာရွိေတြက ေျပာပါတယ္။
ေနာက္ၿပီးေတာ့ ေတာင္တ႐ုတ္ပင္လယ္ကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕အၾကားအျငင္းပြားေနၾကတာပါ။
အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံတခုျဖစ္တဲ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အာဆီယံရဲ႕ဘုံသေဘာတူညီခ်က္ငါးခ်က္ကို ျမန္မာစစ္ေခါင္းေဆာင္ေတြက လိုက္နာေပးဖို႔ မိမိတို႔အစိုးရက ေတာင္းဆိုထားေၾကာင္း အေမရိကန္ ျပည္ေထာင္စုရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ဒါ႐ိုက္တာ Henrietta Levin က ေျပာပါတယ္။
ဒါအျပင္ ျမန္မာႏိုင္ငံမွာ မတရားထိန္းသိမ္းခံေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးေရး၊ အၾကမ္းဖက္ ဖိႏိုပ္မႈေတြရပ္တန္႔ေရး နဲ႔ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရးတို႔အတြက္ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ဖိအားေပးေရးတို႔အတြက္ အာဆီယံအသင္းႀကီးကို အေမရိကန္ ကြန္ကရက္လႊတ္ေတာ္အမတ္ေတြ နဲ႔ အစိုးရထိပ္ပိုင္းအရာရွိေတြက ေတာင္းဆိုေနေၾကာင္းေျပာပါတယ္။
အေမရိကန္ အာဆီယံ မိတ္ဖက္ဆက္ဆံေရး ဗြီဒီယိုအြန္လိုင္း ကေဆြးေႏြးပြဲမွာ အဲဒီလိုေတာင္းဆိုခဲ့တာလို႔ဆိုပါတယ္။
.................................
{{Unicode}}
အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဟာ လာမယ် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့က ပြောပါတယ်။ ၂ နိုင်ငံအစိုးတွေအကြား တင်းမာမှုတွေမြင့်လာနေချိန်မှာ အဲဒီလိုတွေ့ဆုံကြမှာဖြစ်ပါတယ်။
နောင်အခါမှာ အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် ဒါဟာ ပထမချေလှမ်းဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်နေကြတာပါ။
တောင်တရုတ်ပင်လယ်တွင်း တရုတ်အစိုရရဲ့ ရန်စတဲ့ လုပ်ရပ်တွေဟာ ဒီခရီးစဉ်ရဲ့ အစီအစဉ်ထဲမှာ ထိပ်ဆုံးကရှိနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
နောက်ပြီးတော့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အကြားအငြင်းပွားနေကြတာပါ။
အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက လိုက်နာပေးဖို့ မိမိတို့အစိုးရက တောင်းဆိုထားကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Henrietta Levin က ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ မတရားထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက် ဖိနိုပ်မှုတွေရပ်တန့်ရေး နဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးတို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးရေးတို့အတွက် အာဆီယံအသင်းကြီးကို အမေရိကန် ကွန်ကရက်လွှတ်တော်အမတ်တွေ နဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေက တောင်းဆိုနေကြောင်းပြောပါတယ်။
အမေရိကန် အာဆီယံ မိတ်ဖက်ဆက်ဆံရေး ဗွီဒီယိုအွန်လိုင်း ကဆွေးနွေးပွဲမှာ အဲဒီလိုတောင်းဆိုခဲ့တာလို့ဆိုပါတယ်။