သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် - တရုတ် အဆင့်မြင်အရာရှိ ၂ ဦး တွေ့ဆုံမည်

အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman
အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman

{{Zawgyi/Unicode}}

အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဟာ လာမယ် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့က ပြောပါတယ်။၂ နိုင်ငံအစိုးတွေအကြား တင်းမာမှုတွေမြင့်လာနေချိန်မှာ အဲဒီလိုတွေ့ဆုံကြမှာဖြစ်ပါတယ်။

နောင်အခါမှာ အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် ဒါဟာ ပထမချေလှမ်းဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်နေကြတာပါ။

တောင်တရုတ်ပင်လယ်တွင်း တရုတ်အစိုရရဲ့ ရန်စတဲ့ လုပ်ရပ်တွေဟာ ဒီခရီးစဉ်ရဲ့ အစီအစဉ်ထဲမှာ ထိပ်ဆုံးကရှိနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

နောက်ပြီးတော့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အကြားအငြင်းပွားနေကြတာပါ။

အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက လိုက်နာပေးဖို့ မိမိတို့အစိုးရက တောင်းဆိုထားကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Henrietta Levin က ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ မတရားထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက် ဖိနိုပ်မှုတွေရပ်တန့်ရေး နဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးတို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးရေးတို့အတွက် အာဆီယံအသင်းကြီးကို အမေရိကန် ကွန်ကရက်လွှတ်တော်အမတ်တွေ နဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေက တောင်းဆိုနေကြောင်းပြောပါတယ်။

အမေရိကန် အာဆီယံ မိတ်ဖက်ဆက်ဆံရေး ဗွီဒီယိုအွန်လိုင်း ကဆွေးနွေးပွဲမှာ အဲဒီလိုတောင်းဆိုခဲ့တာလို့ဆိုပါတယ်။

ကန် - တရုတ် အဆင့်မြင်အရာရှိ ၂ ဦး တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

.................................

{{Unicode}}








This item is part of
XS
SM
MD
LG