သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္-ယူနန္က ျမန္မာလုပ္သားအမ်ားအျပား ေနရပ္ျပန္


တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ဂိတ္ကို ကိုဗစ္ကပ္ေရာဂါကူးစက္မႈ တားဆီးေရးအတြက္ အဝင္အထြက္ပိတ္ထားပံု။

Zawgyi/Unicode

ျမန္မာႏိုင္ငံနဲ႔နယ္စပ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ထဲမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသားအမ်ားအျပား ျမန္မာႏိုင္ငံဘက္ ျပန္လာေနၾကပါတယ္။ ကိုဗစ္ေရာဂါ စည္းမ်ဥ္းစည္းကမ္းေတြ မလိုက္နာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔မယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေၾကညာခ်က္ထုတ္ထားသလို ျပန္ပို႔တာေတြလည္း လုပ္ေနတဲ့အတြက္၊ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသား အမ်ားအျပား ေနရပ္ကိုျပန္ေနၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ျမန္မာႏိုင္ငံနဲ႔နယ္စပ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံက ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ေတြမွာ အေထာက္အထားမဲ့ေနထိုင္တဲ့ ျမန္မာႏိုင္ငံသားေတြကို ေနရပ္ျပန္ပို႔မယ္လို႔ တ႐ုတ္ဘက္ က ဒီေန႔ ဇူလိုင္ ၁၉မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေနရပ္ျပန္ခ်င္သူေတြ၊ ေနအိမ္သီးျခား ေနထိုင္ျခင္းမရွိတဲ့သူေတြ၊ ကိုဗစ္ေဆးစစ္မႈ လုပ္မထားသူေတြ၊ အေထာက္အထား အျပည့္အစုံ မရွိတဲ့သူေတြကို ေနရပ္ျပန္ပို႔မယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေၾကညာခ်က္ေၾကာင့္ တရားဝင္အလုပ္လုပ္တဲ့ အေထာက္အထားလက္မွတ္ မ႐ွိသူ အမ်ားအျပား ျမန္မာႏို္င္ငံဘက္ ျပန္လာေနၾကပါတယ္။ တ႐ုတ္ႏိုင္ငံဘက္ အလုပ္သြားလုပ္ေနၾကသူ အမ်ားစု ျပန္လာေနၾကတယ္လို႔ ေ႐ႊလီၿမိဳ႕အေျခစိုက္ တေအာင္းလူငယ္ပရဟိတရဲ႕ ဥကၠ႒ မိုင္ဦးလႈိင္ေအးက ေျပာပါတယ္။

“ျပန္တဲ့သူမ်ားတယ္။ အခုေလာေလာဆယ္ တ႐ုတ္ျပည္ ေရာက္ေနတဲ့သူ မွန္သမွ် ကေတာ့ သုံးပုံပုံရင္ ႏွစ္ပုံျပန္ေနၿပီ။ အခုက တပုံေလာက္ပဲက်န္မွာ။ တကယ္အေထာက္အထား ျပည့္ျပည့္စုံစုံ၊ ျပည့္ဝတဲ့သူမွပဲ က်န္ခဲ့တာေပါ့။ လက္လုပ္လက္စား သမားကေတာ့ မလြယ္ေတာ့ဘူး။”

ျမန္မာႏိုင္ငံဘက္မွာ ကိုဗစ္ကူးစက္ျဖစ္ပြားမႈ အေျခအေနဆိုးေနတာေၾကာင္း နယ္စပ္ဂိတ္ေတြကို တ႐ုတ္ဘက္က ပိတ္ထားသလို သူ႔ႏိုင္ငံထဲမွာလည္း စည္းကမ္းတင္းၾကပ္မႈေတြကို လုပ္ေနတာပါ။ ျမန္မာႏိုင္ငံဘက္က အလုပ္လာလုပ္သူေတြအေနနဲ႔ တိုက္ခန္းတခုထဲမွာ အမ်ားႀကီး စုမေနရတာ အပါအဝင္ ကန္႔သတ္ခ်က္ေတြ ထုတ္ထားပါတယ္။ ဒီအေျခအေနမွာပဲ ျမန္မာႏိုင္ငံသား အမ်ားအျပား စုၿပီးေနထိုင္ၾကတဲ့ ေနရာတခ်ိဳ႕ကို တ႐ုတ္ရဲေတြက ဝင္ေရာက္ရွာေဖြ၊ ဖမ္းဆီးခဲ့ၿပီး ေနထိုင္ခြင့္ အေထာက္အထား မျပႏိုင္တဲ့သူေတြကိုညတြင္းခ်င္းပဲ ျမန္မာဘက္ကို ျပန္ပို႔ခဲ့ပါတယ္။

“အေယာက္ေပါင္း ၂၀၀ ေက်ာ္၊ သူတို႔အဝတ္အစား အားလုံးလည္း မယူရဘူး။ ရတာေလးနဲ႔ ပါသြားတယ္။ ၿပီးေတာ့ သူတို႔ရဲ႕လစာလည္း သူတို႔အားလုံး ထုတ္လို႔မရဘူး၊ ကမန္းကတမ္း ညသန္းေခါင္ေက်ာ္ႀကီး လာၿပီးတံခါးေခါက္တာ ရဲေတြက express ကားေတြ အမ်ားႀကီးေခၚၿပီးမွ သူတို႔ကို ျမန္မာနယ္စပ္ ခိုးဝင္ေပါက္ေပါ့ဗ်ာ အဲဒီကိုပို႔ေပးလိုက္တာ။ လမ္းစရိတ္ေပးတာေပါ့ တေယာက္ကို ( တ႐ုတ္ယြမ္ေငြ) ၅၀၀ ( ၁၂၆၉၀၀ က်ပ္)၊ အဲေလာက္အထိေတာင္မွ ၾကမ္းေနတာ အခုက။”

ျမန္မာႏိုင္ငံဘက္က ေရာက္လာသူေတြမွာ ကိုဗစ္ေရာဂါ ဆက္တိုက္ေတြ႕ေနရတာေၾကာင့္ တ႐ုတ္ဘက္က တင္းက်ပ္မႈေတြရွိေနတာပါ။ တ႐ုတ္နယ္စပ္ၿမိဳ႕ေတြျဖစ္တဲ့ ေ႐ႊလီ၊ က်ယ္ေဂါင္၊ ဝမ္တိန္၊ လြမ္ေဒါင္း၊ က်ဲ႕ဖန္ ဒီၿမိဳ႕နယ္ေတြက တ႐ုတ္ ျမန္မာ ကုန္သြယ္ေရး နယ္စပ္ဂိတ္ေတြကို ပိတ္ထားပါတယ္။တ႐ုတ္လုပ္ငန္းရွင္ေတြကလည္း ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းေတြကို လိုက္နာေပးဖို႔ ယူနန္ျပည္နယ္ က်န္းမာေရးဌာန တာဝန္ရွိသူေတြက သတိေပးထားေၾကာင္း ေ႐ႊလီပရဟိတဥကၠ႒ ဦးစိန္တင့္က ေျပာပါတယ္။

“စက္႐ုံေတြက အခုလို ဧည့္စာရင္းတိုင္တာမ်ိဳး မရွိထားတဲ့သူေတြကို တိတ္တိတ္ပုန္း ထားထားတယ္ဆိုရင္ သူတို႔က သတင္းရၿပီးသိရင္ ဝင္ဖမ္းၿပီး အဲလိုမ်ိဳးလုပ္တယ္။ သူတို႔က စည္းကမ္ခ်က္က အဲလိုမ်ိဳးတင္းထားတာ။ အကယ္၍ ဧည့္စာရင္းကို အကုန္လုံးတိုင္ထားတယ္ သူေဌးက တာဝန္ယူထားရင္ အကုန္ရတယ္။ တာဝန္မယူဘဲ ဖုံးထားတယ္၊ ဖြက္ထားတယ္ဆို စက္႐ုံလည္းပိတ္တယ္၊ လူလည္း ဒဏ္ေငြေဆာင္ရမယ္ အေရးယူခံရမယ္ အကုန္လုံးလုပ္တာ။က်န္းမာေရးကေတာ့ သူတို႔က အၿမဲတမ္း ၂၄ နာရီ round check လုပ္တာ၊ အခုလည္း သူတို႔ပတ္ၿပီးေတာ့ ရွာေနတယ္၊ လုပ္ေနတယ္ဗ်။”

ကိုဗစ္တတိယလႈိင္းေၾကာင့္ ျမန္မာႏိုင္ငံမွာ ကူးစက္သူနဲ႔ ေသဆုံးသူမ်ားလာတဲ့အတြက္ တ႐ုတ္က ဇူလိုင္လ ၁၂ ရက္ကစၿပီး ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရး အားလုံးကိုလည္း ရက္အကန႔္အသတ္မရွိ ပိတ္ထားခဲ့ပါတယ္။ ဒါေၾကာင့္ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးကလည္း လုံးဝရပ္ဆိုင္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====

Unicode

တရုတ်-ယူနန်က မြန်မာလုပ်သားအများအပြား နေရပ်ပြန်

မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားအများအပြား မြန်မာနိုင်ငံဘက် ပြန်လာနေကြပါတယ်။ ကိုဗစ်ရောဂါ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာချက်ထုတ်ထားသလို ပြန်ပို့တာတွေလည်း လုပ်နေတဲ့အတွက်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အများအပြား နေရပ်ကိုပြန်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံက ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ တရုတ်ဘက် က ဒီနေ့ ဇူလိုင် ၁၉မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နေရပ်ပြန်ချင်သူတွေ၊ နေအိမ်သီးခြား နေထိုင်ခြင်းမရှိတဲ့သူတွေ၊ ကိုဗစ်ဆေးစစ်မှု လုပ်မထားသူတွေ၊ အထောက်အထား အပြည့်အစုံ မရှိတဲ့သူတွေကို နေရပ်ပြန်ပို့မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကြောင့် တရားဝင်အလုပ်လုပ်တဲ့ အထောက်အထားလက်မှတ် မရှိသူ အများအပြား မြန်မာနိုင်ငံဘက် ပြန်လာနေကြပါတယ်။ တရုတ်နိုင်ငံဘက် အလုပ်သွားလုပ်နေကြသူ အများစု ပြန်လာနေကြတယ်လို့ ရွှေလီမြို့အခြေစိုက် တအောင်းလူငယ်ပရဟိတရဲ့ ဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးက ပြောပါတယ်။

“ပြန်တဲ့သူများတယ်။ အခုလောလောဆယ် တရုတ်ပြည် ရောက်နေတဲ့သူ မှန်သမျှ ကတော့ သုံးပုံပုံရင် နှစ်ပုံပြန်နေပြီ။ အခုက တပုံလောက်ပဲကျန်မှာ။ တကယ်အထောက်အထား ပြည့်ပြည့်စုံစုံ၊ ပြည့်ဝတဲ့သူမှပဲ ကျန်ခဲ့တာပေါ့။ လက်လုပ်လက်စား သမားကတော့ မလွယ်တော့ဘူး။”

မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကူးစက်ဖြစ်ပွားမှု အခြေအနေဆိုးနေတာကြောင်း နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားသလို သူ့နိုင်ငံထဲမှာလည်း စည်းကမ်းတင်းကြပ်မှုတွေကို လုပ်နေတာပါ။ မြန်မာနိုင်ငံဘက်က အလုပ်လာလုပ်သူတွေအနေနဲ့ တိုက်ခန်းတခုထဲမှာ အများကြီး စုမနေရတာ အပါအဝင် ကန့်သတ်ချက်တွေ ထုတ်ထားပါတယ်။ ဒီအခြေအနေမှာပဲ မြန်မာနိုင်ငံသား အများအပြား စုပြီးနေထိုင်ကြတဲ့ နေရာတချို့ကို တရုတ်ရဲတွေက ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးခဲ့ပြီး နေထိုင်ခွင့် အထောက်အထား မပြနိုင်တဲ့သူတွေကိုညတွင်းချင်းပဲ မြန်မာဘက်ကို ပြန်ပို့ခဲ့ပါတယ်။

“အယောက်ပေါင်း ၂၀၀ ကျော်၊ သူတို့အဝတ်အစား အားလုံးလည်း မယူရဘူး။ ရတာလေးနဲ့ ပါသွားတယ်။ ပြီးတော့ သူတို့ရဲ့လစာလည်း သူတို့အားလုံး ထုတ်လို့မရဘူး၊ ကမန်းကတမ်း ညသန်းခေါင်ကျော်ကြီး လာပြီးတံခါးခေါက်တာ ရဲတွေက express ကားတွေ အများကြီးခေါ်ပြီးမှ သူတို့ကို မြန်မာနယ်စပ် ခိုးဝင်ပေါက်ပေါ့ဗျာ အဲဒီကိုပို့ပေးလိုက်တာ။ လမ်းစရိတ်ပေးတာပေါ့ တယောက်ကို ( တရုတ်ယွမ်ငွေ) ၅၀၀ ( ၁၂၆၉၀၀ ကျပ်)၊ အဲလောက်အထိတောင်မှ ကြမ်းနေတာ အခုက။”

မြန်မာနိုင်ငံဘက်က ရောက်လာသူတွေမှာ ကိုဗစ်ရောဂါ ဆက်တိုက်တွေ့နေရတာကြောင့် တရုတ်ဘက်က တင်းကျပ်မှုတွေရှိနေတာပါ။ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်၊ လွမ်ဒေါင်း၊ ကျဲ့ဖန် ဒီမြို့နယ်တွေက တရုတ် မြန်မာ ကုန်သွယ်ရေး နယ်စပ်ဂိတ်တွေကို ပိတ်ထားပါတယ်။တရုတ်လုပ်ငန်းရှင်တွေကလည်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပေးဖို့ ယူနန်ပြည်နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးထားကြောင်း ရွှေလီပရဟိတဥက္ကဋ္ဌ ဦးစိန်တင့်က ပြောပါတယ်။

“စက်ရုံတွေက အခုလို ဧည့်စာရင်းတိုင်တာမျိုး မရှိထားတဲ့သူတွေကို တိတ်တိတ်ပုန်း ထားထားတယ်ဆိုရင် သူတို့က သတင်းရပြီးသိရင် ဝင်ဖမ်းပြီး အဲလိုမျိုးလုပ်တယ်။ သူတို့က စည်းကမ်ချက်က အဲလိုမျိုးတင်းထားတာ။ အကယ်၍ ဧည့်စာရင်းကို အကုန်လုံးတိုင်ထားတယ် သူဌေးက တာဝန်ယူထားရင် အကုန်ရတယ်။ တာဝန်မယူဘဲ ဖုံးထားတယ်၊ ဖွက်ထားတယ်ဆို စက်ရုံလည်းပိတ်တယ်၊ လူလည်း ဒဏ်ငွေဆောင်ရမယ် အရေးယူခံရမယ် အကုန်လုံးလုပ်တာ။ကျန်းမာရေးကတော့ သူတို့က အမြဲတမ်း ၂၄ နာရီ round check လုပ်တာ၊ အခုလည်း သူတို့ပတ်ပြီးတော့ ရှာနေတယ်၊ လုပ်နေတယ်ဗျ။”

ကိုဗစ်တတိယလှိုင်းကြောင့် မြန်မာနိုင်ငံမှာ ကူးစက်သူနဲ့ သေဆုံးသူများလာတဲ့အတွက် တရုတ်က ဇူလိုင်လ ၁၂ ရက်ကစပြီး မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး အားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကလည်း လုံးဝရပ်ဆိုင်းနေပါတယ်။

#MyanmarMigrants #MyanmarChina #VOABurmese

XS
SM
MD
LG