သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔နယ္ခ်င္းစပ္ တ႐ုတ္ ယူနန္ျပည္နယ္မွာ ကိုဗစ္ကူးစက္သူတိုး


တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္ဘက္မွာ ေတြ႔ရတဲ့ ျမန္မာအလုပ္သမားမ်ား။ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)
တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွာ ျမန္မာႏိုင္ငံဘက္ကေန မၾကာခင္ကျပန္လာတဲ့ တ႐ုတ္ႏိုင္ငံသား ကိုဗစ္ေရာဂါ ကူးစက္ထားသူအေရအတြက္ တိုးလာတာေၾကာင့္ ဇန္နဝါရီလကတည္းကဆိုရင္ တရက္အတြင္း ကူးစက္သူအေရအတြက္ တနလၤာေန႔က အမ်ားဆုံးရွိခဲ့ပါတယ္။ ဇူလိုင္လ ၁၉ ရက္ တနလၤာေန႔က တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ကူးစက္သူအေရအတြက္ ၆၅ ေယာက္ ထပ္တိုးတယ္လို႔ တ႐ုတ္ က်န္းမာေရးေကာ္မရွင္က ထုတ္ျပန္ခဲ့တာေၾကာင့္ ဇူလိုင္လ ၁၈ ရက္ေန႔မွာ ကူးစက္သူ ၃၁ ေယာက္ရွိခဲ့တာကေန ႏွစ္ဆေက်ာ္တိုးသြားတာပါ။ အခုထုတ္ျပန္တဲ့ တ႐ုတ္တႏိုင္ငံလုံး ကူးစက္သူအေရအတြက္ထဲမွာ ယူနန္ျပည္နယ္က ၄၁ ေယာက္နဲ႔ အမ်ားဆုံးပါ။ ဒီအေရအတြက္ဟာ ဇန္နဝါရီလ ၃၀ ရက္ေန႔က ကူးစက္သူ ၉၂ ေယာက္ထိ ရွိခဲ့ၿပီးကတည္းကဆိုရင္ အမ်ားဆုံးျဖစ္ပါတယ္။ ယူနန္ျပည္နယ္မွာ ဇူလိုင္လ ၄ ရက္ေန႔ကတည္းက ကိုဗစ္ကူးစက္သူအေရအတြက္ တိုးလာတာျဖစ္ၿပီး ျမန္မာႏိုင္ငံနဲ႔နယ္စပ္ ေ႐ႊလီနဲ႔ Longchuan ၿမိဳ႕ေတြမွာ ကူးစက္သူ အမ်ားဆုံးရွိေနတာပါ။ တနလၤာေန႔က ေ႐ႊလီၿမိဳ႕တြင္းမွာ ကူးစက္သူ ၇ ေယာက္ရွိခဲ့ၿပီး Longchuan မွာ တေယာက္ရွိခဲ့ပါတယ္။
ေ႐ႊလီၿမိဳ႕ဟာ ျမန္မာ၊ လာအို၊ ဗီယက္နမ္ႏိုင္ငံေတြနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ယူနန္ျပည္နယ္ရဲ႕အဓိက နယ္စပ္ၿမိဳ႕ျဖစ္ၿပီးေတာ့ အခုအခါမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈကို ေလးႀကိမ္ေျမာက္ အျပင္းအထန္ႀကဳံေနရတာျဖစ္ပါတယ္။ တ႐ုတ္တႏိုင္ငံလုံးမွာ ကိုဗစ္ကူးစက္သူအေရအတြက္ ၉၂,၀၀၀ ေက်ာ္ရွိထားၿပီး ေသဆုံးသူကေတာ့ ၄,၆၀၀ ေက်ာ္ရွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Zawgyi/Unicode)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ မကြာခင်ကပြန်လာတဲ့ တရုတ်နိုင်ငံသား ကိုဗစ်ရောဂါ ကူးစက်ထားသူအရေအတွက် တိုးလာတာကြောင့် ဇန်နဝါရီလကတည်းကဆိုရင် တရက်အတွင်း ကူးစက်သူအရေအတွက် တနင်္လာနေ့က အများဆုံးရှိခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက် တနင်္လာနေ့က တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်သူအရေအတွက် ၆၅ ယောက် ထပ်တိုးတယ်လို့ တရုတ် ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့တာကြောင့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကူးစက်သူ ၃၁ ယောက်ရှိခဲ့တာကနေ နှစ်ဆကျော်တိုးသွားတာပါ။ အခုထုတ်ပြန်တဲ့ တရုတ်တနိုင်ငံလုံး ကူးစက်သူအရေအတွက်ထဲမှာ ယူနန်ပြည်နယ်က ၄၁ ယောက်နဲ့ အများဆုံးပါ။ ဒီအရေအတွက်ဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ကူးစက်သူ ၉၂ ယောက်ထိ ရှိခဲ့ပြီးကတည်းကဆိုရင် အများဆုံးဖြစ်ပါတယ်။ ယူနန်ပြည်နယ်မှာ ဇူလိုင်လ ၄ ရက်နေ့ကတည်းက ကိုဗစ်ကူးစက်သူအရေအတွက် တိုးလာတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့နယ်စပ် ရွှေလီနဲ့ Longchuan မြို့တွေမှာ ကူးစက်သူ အများဆုံးရှိနေတာပါ။ တနင်္လာနေ့က ရွှေလီမြို့တွင်းမှာ ကူးစက်သူ ၇ ယောက်ရှိခဲ့ပြီး Longchuan မှာ တယောက်ရှိခဲ့ပါတယ်။
ရွှေလီမြို့ဟာ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ယူနန်ပြည်နယ်ရဲ့အဓိက နယ်စပ်မြို့ဖြစ်ပြီးတော့ အခုအခါမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို လေးကြိမ်မြောက် အပြင်းအထန်ကြုံနေရတာဖြစ်ပါတယ်။ တရုတ်တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်သူအရေအတွက် ၉၂,၀၀၀ ကျော်ရှိထားပြီး သေဆုံးသူကတော့ ၄,၆၀၀ ကျော်ရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG