သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာ ကူညီဖြေရှင်းနိုင်ရေး ကန်ဒုဝန်ကြီးနဲ့ ကုလအထူးကိုယ်စားလှယ်ဆွေးနွေး


Deputy Secretary Sherman’s Meeting with UN Special Envoy on Myanmar Burgener (Photo- Wendy Sherman's twitter)
Deputy Secretary Sherman’s Meeting with UN Special Envoy on Myanmar Burgener (Photo- Wendy Sherman's twitter)

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်္ဂါနေ့က တွေ့ဆုံရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာအောင် တွန်းအားပေးဖို့ ဆွေးနွေးခဲ့ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က သတင်းထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ရောက်ရှိစေဖို့ မြန်မာပြည်သူတွေ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့၊ မြန်မာနိုင်ငံတွင်း အကာအကွယ်မဲ့နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ ရရှိစေဖို့နဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို လုံခြုံ မှုနဲ့ ခိုလှုံနေထိုင်ခွင့်ပေးရေး ဒေသတွင်းနိုင်ငံတွေကို အားပေးဖို့ ဆွေးနွေးခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ကုလသမသဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာယပ်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ သူရဲ့ အာရှဒေသတွင်းခရီးစဉ်အပြီးမှာ နယူးရောက်ကုလသမဂ္ဂဌာနချုပ်ကို ရောက်ရှိနေတဲ့ အချိန်အတွင်းအခုလို အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

---------------------------------

တိုက်ရိုက် လင့်ခ်






XS
SM
MD
LG