သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ပြိုင်ဆိုင်မှု ပဋိပက္ခဆီဦးတည်စေမည်မဟုတ်- ကန်တာဝန်ရှိသူ


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman

Zawgyi/Unicode

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman အနေနဲ့ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခတွေအထိ ဦးတည်မသွားအောင် အထိန်းအကွပ်တွေ ထားရှိလိုက်နာဖို့ ပြောကြားသွားဖို့ ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုဝန်ကြီး Wendy Sherman က တနင်္လာနေ့မှာ တရုတ် နိုင်ငံတော်ကောင်စီဝင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Wang Yi နဲ့ မတွေ့ဆုံခင် စနေနေ့မှာ အမေရိကန် အဆင့်မြင့် တာဝန်ရှိသူတွေက အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်တို့အနေနဲ့ နှစ်နိုင်ငံ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခဖြစ်မှာကို မလိုလားကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တာဝန်ရှိရှိ စီမံခန့်ခွဲနိုင်ဖို့ အထိန်းအကွပ်တွေ ထားရှိစေချင်တယ်လို့လည်း အဲဒီ အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sherman ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံ၊ Tianjin မြို့ကို ရောက်ရှိမှာပါ။

တရုတ်နိုင်ငံကို မစ္စ Sherman မရောက်ခင်က တရက်အလိုမှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က နှစ်ဖက်ဆွေးနွေးတဲ့အခါ အမေရိကန်တို့ဘက်က အပေါ်စီးက ဆက်ဆံပြောဆိုရင် လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်ကို သွားရောက်မှာဖြစ်သလို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အိန္ဒိယနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အာရှဒေသမှာရှိတဲ့ အမေရိကန်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာတဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှုအပေါ် အမေရိကန်တို့ တ့ုံပြန်ရင်ဆိုင်မှာဖြစ်ကြောင်း ဒီခရီးစဉ်တွေက ပြသနေပါတယ်။

တိုက်ရိုက် လင့်ခ်


===========

Unicode









#USChina #WendySherman #WangYi #internationaldiplomacy #VOABurmese

XS
SM
MD
LG