သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဒုဝန္ႀကီး Sherman နဲ႔ ေတာင္ကိုရီးယား ဒုဝန္ႀကီး ျမန္မာ့အေရးေဆြးေႏြး


ကန္ႏုိင္ငံျခားေရးဝန္ႀကီး Wendy Sherman နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီး Chung Eui-yong။ 22 Juli 2021. (Foto: Song Kyung-seok via REUTERS)

Zawgyi/Unicode

အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Chung Eui-yong နဲ႔ ဒီကေန႔ ဆိုးလ္ၿမိဳ႕မွာ ေတြ႔ဆုံခဲ့တာမွာ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရး ျပည္သူေတြရဲ႕ က်ဳိးပမ္းမႈကို ပံ့ပိုး ကူညီေပးေရးကိစၥပါ ထည့္သြင္းေဆးေႏြးခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေျပာပါတယ္။

အေရွ႕အာရွႏိုင္ငံေတြကို ခရီးလွည့္ေနတဲ့ အေမရိကန္ ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Wendy Sherman ဟာ ဂ်ပန္ ဒုတိယႏုိင္ငံျခားေရးဝန္ႀကီး Mori Takeo နဲ႔ တိုက်ဳိၿမိဳ႕ေတာ္မွာ ဇူလိုင္လ ၂၀ ရက္ေန႔က ေတြ႔ဆံုခ်ိန္အတြင္းမွာလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့လည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။

ေနာက္ရက္မွာ ဂ်ပန္၊ ေတာင္ကိုရီးယား ဒုႏုိင္ငံျခားေရးဝန္ႀကီးေတြနဲ႔ သံုးဦး ေတြ႔ဆံု ေဆြးေႏြးခ်ိန္မွာလည္း ျမန္မာ့အေရးကို ေျပာခဲ့ၾကပါေသးတယ္။

ေဒသတြင္း ခရီးထြက္ေနတဲ့ ဒုဝန္ႀကီး Sherman ရဲ႕ အခုခရီးစဥ္အတြင္း ေဆြးေႏြးပြဲတိုင္းမွာ ျမန္မာ့အေရးကို ထည့္သြင္းေျပာဆိုခ့ဲတယ္လို႔ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ထားေပမယ့္ အေသးစိတ္ေတြကိုေတာ့ မသိရပါဘူး။

=====

တိုက္႐ိုက္ လင့္ခ္


Unicode

ကန်ဒုဝန်ကြီး Sherman နဲ့ တောင်ကိုရီးယား ဒုဝန်ကြီး မြန်မာ့အရေးဆွေးနွေး

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဒီကနေ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့တာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ပြည်သူတွေရဲ့ ကျိုးပမ်းမှုကို ပံ့ပိုး ကူညီပေးရေးကိစ္စပါ ထည့်သွင်းဆေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

အရှေ့အာရှနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mori Takeo နဲ့ တိုကျိုမြို့တော်မှာ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံချိန်အတွင်းမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်ရက်မှာ ဂျပန်၊ တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သုံးဦး တွေ့ဆုံ ဆွေးနွေးချိန်မှာလည်း မြန်မာ့အရေးကို ပြောခဲ့ကြပါသေးတယ်။

ဒေသတွင်း ခရီးထွက်နေတဲ့ ဒုဝန်ကြီး Sherman ရဲ့ အခုခရီးစဉ်အတွင်း ဆွေးနွေးပွဲတိုင်းမှာ မြန်မာ့အရေးကို ထည့်သွင်းပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပေမယ့် အသေးစိတ်တွေကိုတော့ မသိရပါဘူး။

#WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #WendySherman #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG