သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ အထူးသံခန္႔အပ္မႈ အေပၚ အျပဳသေဘာ အျမင္တခ်ိဳ႕


Yusof at 34th ASEAN summit

ျမန္မာ့ အၾကပ္အတည္းေျဖရွင္းဖို႔ အာဆီယံအထူးကိုယ္စားလွယ္ခန္႔အပ္လိုက္ႏိုင္တာက၊ အာဆီယံသမိုင္းမွာ ပထမဆံုး တျခားႏိုင္ငံျပည္တြင္းေရးဝင္ေဆာင္ရြက္ႏိုင္ဖို႔၊ အေရးေပၚဆံုးျဖတ္ခ်က္ျဖစ္တယ္လို႔ အာဆီယံ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ လက္ရွိ အာဆီယံအလွည့္က် ဥကၠဌျဖစ္တဲ့ ဘရူႏိုင္းႏိုင္ငံရဲ့ ႏိုင္ငံျခားေရးထိပ္တန္းအရာရွိကို အခုလို ခန္႔အပ္လိုက္တာကေန ေနာက္ထပ္ဘယ္လိုထူးျခားမူေတြရွိေနၿပီး၊ ဘာေတြစလုပ္ေဆာင္ဖို႔ အေရးႀကီးပါလဲ။ ဘရူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္သတ္မွတ္ထားေပမဲ့၊ လက္ေတြ႔ ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ ေဆာင္ရြက္ေနတဲ့ Erywan Yusof ကို ခန္႔အပ္မူကေန၊ ေမွ်ာ္လင့္ႏိုင္တာေတြကို ထိုင္းဝန္ႀကီးခ်ဳပ္အၾကံေပး Panitan Wattanayagorn နဲ႔ အာဆီယံကၽြမ္းက်င္သူ မမိုးသူဇာတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။


ဟုတ္ကဲ့။ ထိုင္းဝန္ႀကီးခ်ဳပ္ ပယာရြတ္ခ်န္အိုခ်ာ ရဲ႕ လုံၿခဳံေရးအႀကံေပး ဥကၠဌပါေမာကၡ Panitan Wattanayagorn က အခု ခန္႔အပ္မႈရဲ႕အေရးပါမႈကို စရွင္းျပပါတယ္။

ေဒါက္တာ Prof. Panitan Wattanayagorn။. ။ အဓိက ၂ ခု အေရးပါပါတယ္။ တစ္ခုကေတာ့ အေရးေပၚလုပ္ဖို႔ အားလံုးက သေဘာတူတာကို ထင္ဟပ္တဲ့ အားလံုးသိ အာဆီယံပံုစံနဲ႔ ပထမဆံုး ျဖစ္လာတာပါ။ ပထမဆံုးဆိုတာက အာဆီယံႏိုင္ငံတစ္ခုရဲ့ ျပည္တြင္းေရးက တျခားႏိုင္ငံေတြကို အမ်ားႀကီးထိခိုက္လာတဲ့အခါမွာ၊ အာဆီယံရဲ့ အျမင့္ဆံုးအဆင့္မွာ ဆံုးျဖတ္လိုက္တာကိုပါ။ ဒါက တကယ့္ကို အေရးပါစြာနဲ႔ အာဆီယံအတြက္ အဖြဲ႔အစည္းအရ အသိအမွတ္ျပဳလိုက္ရတာပါ။ တဖက္မွာေတာ့ သိပါတယ္ - လူ႔အသက္ေပါင္းမ်ားစြာကို ကာကြယ္ေပးဖို႔ အခုလိုဆံုးျဖတ္ခ်က္မ်ိဳး ဟိုးအရင္ႀကီးထဲကျဖစ္ခဲ့ဖို႔ လူေတြအမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမဲ့၊ အခုလည္း ျဖစ္လာတာက၊ အာဆီယံေခါင္းေဆာင္ေတြအတြက္ မႀကံဳစဖူး ႀကီးမားအေရးပါတဲ့ဆံုးျဖတ္ခ်က္ပါ။

ကိုဝင္းမင္း ။. ။ အခုခန္႔အပ္မႈရဲ႕ အေရးပါမႈကိုလည္း စကၤာပူအေျခစိုက္. ISEAS Yusof Ishak Institute ေခၚ အေရွ႕ေတာင္အာရွေလ့လာေရးဌာန ရွိ ျမန္မာအစီအစဥ္ ညိွႏိႈင္းေရးမွဴး မမိုးသူဇာ ကလည္း

မမိုးသူဇာ ။. ။ အာဆီယံရဲ႕ အလွည့္က်ဥကၠဌ အေနအထားကို ျမန္မာႏိုင္ငံအေရးကိစၥကို ဝင္ေရာက္ေျဖရွင္းဖို႔အတြက္ အလွည့္အေျပာင္းၾကားမွာ စဥ္ဆက္မျပတ္ေအာင္ယူထားတယ္လို႔ သုံးသပ္မိပါတယ္။ ခုေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္း အေရးႀကီးတဲ့ အေျခအေနေတြအားလုံးသည္ ဘရူႏိုင္းႏိုင္ငံက တာဝန္ယူထားတဲ့ႏွစ္အခ်ိန္ကာလမွာ ေပၚေပါက္ခဲ့တယ္ဆိုတဲ့ကာလမွာ ဦးေဆာင္ၿပီးေတာ့ ဒီႏွစ္အတြင္းမွာ ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ အာဆီယံအတြင္း တူညီဆႏၵဆုံးျဖတ္ေပးဖို႔အတြက္ အဓိကတာဝန္က်တာကေတာ့ ဘရူႏိုင္းႏိုင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္ကုန္ၿပီးရင္ေတာ့ ၂ဝ၂၂ ခုႏွစ္အတြက္ အလွည့္က် ဥကၠဌတာဝန္ယူရမွာ ကေမၻာဒီယားႏိုင္ငံ ေနာက္ၿပီးေတာ့ အလွည့္က်မွာက အင္ဒိုနီးရွားႏိုင္ငံပါ။

ကိုဝင္းမင္း ။. ။ ဒီခန္႔အပ္မႈရဲ႕ ေနာက္တခု အေရးပါပုံကိုလည္း ခ်ဴလာေလာင္ကြန္းတကၠသိုလ္္ ႏိုင္ငံေရးသိပၸံပါေမာကၡ Panitan က ဆက္ၿပီး

ေဒါက္တာ Prof. Panitan Wattanayagorn။. ။ ပိုအေရးႀကီးတာက ျမန္မာကိုပူးေပါင္းကူညီေပးဖို႔၊ သတင္းပတ္ေပါင္းမ်ားစြာ ရပ္ဆိုင္းရခဲ့တာကေန၊ အခု အထူးလမ္းေၾကာင္းသစ္ကိုသံုးၿပီး၊ ႏိုင္ငံထဲသြားဖို႔ အထူးကိုယ္စားလွယ္ရဲ့အဖြဲကိုဖြဲ႔ၿပီးတာနဲ႔၊ အျမန္ဆံုး ျပန္စျဖစ္လာႏိုင္မွာပါ။ ေနာက္၊ ကုလသမဂၢတို႔၊ တျခား ေဒသဆိုင္ရာအဖြဲ႔ေတြ၊ ေနာက္ အစိုးရမဟုတ္တဲ့ NGO ေတြ၊ ဝိုင္းႀကိဳးပမ္းေပးေနတာေတြလည္း၊ အထူးကိုယ္စားလွယ္အဖြဲ႔နဲ႔ လက္တြဲလုပ္ႏိုင္ေတာ့မွာပါ။ ေနာက္ဆံုးမွာေတာ့ လက္ေတြ႔ ျမန္မာျပည္သူေတြ၊ ေနာက္ ႏိုင္ငံေရးပါတီေတြနဲ႔ အေရးႀကီးဆံုးကိစၥကို အေလးေပး လက္တြဲလုပ္သြားႏိုင္မွာပါ။ အေရးႀကီးဆံုးကေတာ့ မၾကာခင္လအနည္းငယ္တြင္း၊ ျပႆနာေတြ ကူရွင္းေပးဖို႔၊ ႏိုင္ငံေရးအကြဲေအာက္က အၾကမ္းဖက္မူေတြ၊ ကိုဗစ္ကမာၻ႔ကပ္ေရာဂါဒဏ္ေတြနဲ႔ ေနာက္ေရွရွည္မွာ ေရြးေကာက္ပြဲအထိေပါ့ေနာ္၊ ဒါေတြကို အထူးကိုယ္စားလွယ္တစ္ဖြဲ႔ထဲလုပ္ဖို႔ မဟုတ္ပါဘူး၊ အားလံုးနဲ႔ အနီးကပ္တြဲလုပ္ဖို႔ပါ။

ကိုဝင္းမင္း ။. ။ ဒီေနရာမွာ အခုခန္႔အပ္လိုက္တဲ့ အထူးကိုယ္စားလွယ္.Erywan Yusof ရဲ႕ တကယ္တန္း အေရးပါမႈကို အာဆီယံကို အဓိကေလ့လာေနတဲ့ မမိုးသူဇာ က

မမိုးသူဇာ ။. ။ အမွန္မွာေတာ့ သူက ႏိုင္ငံျခားေရးဝန္ႀကီး ကိုတာဝန္ယူထားတဲ့သူတေယာက္ျဖစ္ပါတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဘရူႏိုင္းႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးက Sultan ပဲျဖစ္ပါတယ္။ ဒါေပမယ့္. Hassanal Bolkiah ဘရူႏိုင္းႏိုင္ငံရဲ႕ အစိုးရအႀကီးအကဲျဖစ္တယ္ဆိုတဲ့ေနရာမွာ ကေနၿပီးေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္ကို ယူၿပီးေတာ့ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ၿပီးေတာ့ ဒီေနရာမွာလည္း အထူးကုိယ္စားလွယ္တေယာက္တည္း ေျဖရွင္းႏိုင္တဲ့အေနအထားမွာ မရွိတဲ့အတြက္ေၾကာင့္ ဝိုင္းဝန္းပံပိုး အႀကံျပဳေပးမယ့္ တျခားအဖြဲ႔ဝင္ေတြကိုလည္း တာဝန္ေတြေပးဖို႔လိုတယ္လို႔ပဲျမင္ပါတယ္။

ကိုဝင္းမင္း ။. ။ အဲဒီေတာ့ အခုအာဆီယံအထူးကုိယ္စားလွယ္အေနနဲ႔ အေရးႀကီးဆုံး ဘာစလုပ္သင့္ပါသလဲလို႔ေမးရာမွာ ေဒါက္တာ Panitan က

ေဒါက္တာ Prof. Panitan Wattanayagorn။. ။ အထူးကုိယ္စားလွယ္အေနနဲ႔ အေရးတႀကီး လုပ္သင့္တာက၊ ျမန္မာႏိုင္ငံထဲသြားဖို႔၊ ပါတီမ်ိဳးစံုနဲ႔ေတြ႔ဖို႔၊ အထူးသျဖင့္ အရပ္သားအတိုက္အခံပါတီနဲ႔ေတြ႔ဖို႔၊ အခုခ်က္ခ်င္း လမ္းျပေျမပံုစျပင္ဖို႔ပါ။ အဓိကေတာ့ ျမန္မာျပည္သူေတြ အႀကီးအက်ယ္ခံစားေနရတဲ့ လူသားခ်င္းစာနာမူဆိုင္ရာျပႆနာေတြျဖစ္တဲ့ အၾကမ္းဖက္မူေတြ၊ ေနာက္ က႑မ်ားစြာမွာ အထူးသျဖင့္ ကမာၻ႔ကပ္ေရာဂါအခုပ်ံ.ႏွံေနတာအတြက္ပါ ကူရွင္းေပးဖို႔လမ္းေၾကာင္ေပၚလာဖို႔ပါ။ ဒီအစီအစဥ္ေတြ မၾကာခင္ေပၚထြက္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ထိုင္းအပါအဝင္ ႏုိင္ငံမ်ားစြာမွာ ကိုဗစ္-19 ဒဏ္ တကယ္ခံေနရေပမဲ့၊ ဒါကို အားလံုးဝိုင္းကူဖို႔ အသင့္ပါ။ ျမန္မာႏိုင္ငံသားေတြက ထိုင္းအပါအဝင္ ႏိုင္ငံမ်ားစြာမွာပ်ံ.ႏွံေနထိုင္ေနၾကၿပီး၊ အာဆီယံႏိုင္ငံသားအျဖစ္ အခု သေဘာထားကာ၊ အျမန္ဆံုးကူေပးသင့္ခ်ိန္ေရာက္ေနပါၿပီ။

ကိုဝင္းမင္း ။. ။ ဒါအျပင္ မမိုးသူဇာ ကလည္း

မမုိးသူဇာ ။. ။ ေရွ႕ေလွ်ာက္ကေတာ့ အခ်ိန္ေရာ အားစိုက္မႈေရာ အမ်ားႀကီး လိုအပ္ပါလိမ့္မယ္။ အခုလက္ရွိအေနအထားမွာေတာ့ ျမန္မာႏိုင္ငံမွာ အဓိက လိုအပ္ေနတာသည္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီ အထူးသျဖင့္ ကိုဗစ္ကိစၥလုိအပ္ေနတဲ့ ေဆးဝါးအကူအညီ ဦးစားေပးမယ္။ အေရးအႀကီးဆုံး ျမန္မာႏိုင္ငံမွာ ခံစားေနရတဲ့အေနအထားေတြ အေရးႀကီးတဲ့ သေဘာထားေတြ ဆႏၵေတြအားလုံးကို ရယူနားလည္ႏိုင္ဖို႔က ပထမဆုံး သူႀကိဳးစားရပါမယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ျမန္မာအေရး အာဆီယံ ရဲဲ႕လုပ္ေဆာင္မႈေတြက ေႏွာက္ေႏွးလြန္းတယ္လို႔ ေဝဖန္သူေတြက ေျပာေနၾကပါတယ္။ တရုတ္နဲ႔ အေမရိကန္ ၊ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းကေျပာေနတာကေတာ့ အာဆီယံကို ေရွ႕ကေနဦးေဆာင္ဖို႔ တိုက္တြန္းေနၾကပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာ့ အကြပ်အတည်းဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်လိုက်နိုင်တာက၊ အာဆီယံသမိုင်းမှာ ပထမဆုံး တခြားနိုင်ငံပြည်တွင်းရေးဝင်ဆောင်ရွက်နိုင်ဖို့၊ အရေးပေါ်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အာဆီယံ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးထိပ်တန်းအရာရှိကို အခုလို ခန့်အပ်လိုက်တာကနေ နောက်ထပ်ဘယ်လိုထူးခြားမူတွေရှိနေပြီး၊ ဘာတွေစလုပ်ဆောင်ဖို့ အရေးကြီးပါလဲ။ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ်သတ်မှတ်ထားပေမဲ့၊ လက်တွေ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆောင်ရွက်နေတဲ့ Erywan Yusof ကို ခန့်အပ်မူကနေ၊ မျှော်လင့်နိုင်တာတွေကို ထိုင်းဝန်ကြီးချုပ်အကြံပေး Panitan Wattanayagorn နဲ့ အာဆီယံကျွမ်းကျင်သူ မမိုးသူဇာတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။


ဟုတ်ကဲ့။ ထိုင်းဝန်ကြီးချုပ် ပယာရွတ်ချန်အိုချာ ရဲ့ လုံခြုံရေးအကြံပေး ဥက္ကဌပါမောက္ခ Panitan Wattanayagorn က အခု ခန့်အပ်မှုရဲ့အရေးပါမှုကို စရှင်းပြပါတယ်။

ဒေါက်တာ Prof. Panitan Wattanayagorn။. ။ အဓိက ၂ ခု အရေးပါပါတယ်။ တစ်ခုကတော့ အရေးပေါ်လုပ်ဖို့ အားလုံးက သဘောတူတာကို ထင်ဟပ်တဲ့ အားလုံးသိ အာဆီယံပုံစံနဲ့ ပထမဆုံး ဖြစ်လာတာပါ။ ပထမဆုံးဆိုတာက အာဆီယံနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးက တခြားနိုင်ငံတွေကို အများကြီးထိခိုက်လာတဲ့အခါမှာ၊ အာဆီယံရဲ့ အမြင့်ဆုံးအဆင့်မှာ ဆုံးဖြတ်လိုက်တာကိုပါ။ ဒါက တကယ့်ကို အရေးပါစွာနဲ့ အာဆီယံအတွက် အဖွဲ့အစည်းအရ အသိအမှတ်ပြုလိုက်ရတာပါ။ တဖက်မှာတော့ သိပါတယ် - လူ့အသက်ပေါင်းများစွာကို ကာကွယ်ပေးဖို့ အခုလိုဆုံးဖြတ်ချက်မျိုး ဟိုးအရင်ကြီးထဲကဖြစ်ခဲ့ဖို့ လူတွေအများကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့၊ အခုလည်း ဖြစ်လာတာက၊ အာဆီယံခေါင်းဆောင်တွေအတွက် မကြုံစဖူး ကြီးမားအရေးပါတဲ့ဆုံးဖြတ်ချက်ပါ။

ကိုဝင်းမင်း ။. ။ အခုခန့်အပ်မှုရဲ့ အရေးပါမှုကိုလည်း စင်္ကာပူအခြေစိုက်. ISEAS Yusof Ishak Institute ခေါ် အရှေ့တောင်အာရှလေ့လာရေးဌာန ရှိ မြန်မာအစီအစဉ် ညှိနှိုင်းရေးမှူး မမိုးသူဇာ ကလည်း

မမိုးသူဇာ ။. ။ အာဆီယံရဲ့ အလှည့်ကျဥက္ကဌ အနေအထားကို မြန်မာနိုင်ငံအရေးကိစ္စကို ဝင်ရောက်ဖြေရှင်းဖို့အတွက် အလှည့်အပြောင်းကြားမှာ စဉ်ဆက်မပြတ်အောင်ယူထားတယ်လို့ သုံးသပ်မိပါတယ်။ ခုဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အရေးကြီးတဲ့ အခြေအနေတွေအားလုံးသည် ဘရူနိုင်းနိုင်ငံက တာဝန်ယူထားတဲ့နှစ်အချိန်ကာလမှာ ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ကာလမှာ ဦးဆောင်ပြီးတော့ ဒီနှစ်အတွင်းမှာ ကိုင်တွယ်ဖြေရှင်းဖို့အတွက် အာဆီယံအတွင်း တူညီဆန္ဒဆုံးဖြတ်ပေးဖို့အတွက် အဓိကတာဝန်ကျတာကတော့ ဘရူနိုင်းနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ပြီးရင်တော့ ၂ဝ၂၂ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌတာဝန်ယူရမှာ ကမ္ဘောဒီယားနိုင်ငံ နောက်ပြီးတော့ အလှည့်ကျမှာက အင်ဒိုနီးရှားနိုင်ငံပါ။

ကိုဝင်းမင်း ။. ။ ဒီခန့်အပ်မှုရဲ့ နောက်တခု အရေးပါပုံကိုလည်း ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ Panitan က ဆက်ပြီး

ဒေါက်တာ Prof. Panitan Wattanayagorn။. ။ ပိုအရေးကြီးတာက မြန်မာကိုပူးပေါင်းကူညီပေးဖို့၊ သတင်းပတ်ပေါင်းများစွာ ရပ်ဆိုင်းရခဲ့တာကနေ၊ အခု အထူးလမ်းကြောင်းသစ်ကိုသုံးပြီး၊ နိုင်ငံထဲသွားဖို့ အထူးကိုယ်စားလှယ်ရဲ့အဖွဲကိုဖွဲ့ပြီးတာနဲ့၊ အမြန်ဆုံး ပြန်စဖြစ်လာနိုင်မှာပါ။ နောက်၊ ကုလသမဂ္ဂတို့၊ တခြား ဒေသဆိုင်ရာအဖွဲ့တွေ၊ နောက် အစိုးရမဟုတ်တဲ့ NGO တွေ၊ ဝိုင်းကြိုးပမ်းပေးနေတာတွေလည်း၊ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ လက်တွဲလုပ်နိုင်တော့မှာပါ။ နောက်ဆုံးမှာတော့ လက်တွေ့ မြန်မာပြည်သူတွေ၊ နောက် နိုင်ငံရေးပါတီတွေနဲ့ အရေးကြီးဆုံးကိစ္စကို အလေးပေး လက်တွဲလုပ်သွားနိုင်မှာပါ။ အရေးကြီးဆုံးကတော့ မကြာခင်လအနည်းငယ်တွင်း၊ ပြဿနာတွေ ကူရှင်းပေးဖို့၊ နိုင်ငံရေးအကွဲအောက်က အကြမ်းဖက်မူတွေ၊ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါဒဏ်တွေနဲ့ နောက်ရှေရှည်မှာ ရွေးကောက်ပွဲအထိပေါ့နော်၊ ဒါတွေကို အထူးကိုယ်စားလှယ်တစ်ဖွဲ့ထဲလုပ်ဖို့ မဟုတ်ပါဘူး၊ အားလုံးနဲ့ အနီးကပ်တွဲလုပ်ဖို့ပါ။

ကိုဝင်းမင်း ။. ။ ဒီနေရာမှာ အခုခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်.Erywan Yusof ရဲ့ တကယ်တန်း အရေးပါမှုကို အာဆီယံကို အဓိကလေ့လာနေတဲ့ မမိုးသူဇာ က

မမိုးသူဇာ ။. ။ အမှန်မှာတော့ သူက နိုင်ငံခြားရေးဝန်ကြီး ကိုတာဝန်ယူထားတဲ့သူတယောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက Sultan ပဲဖြစ်ပါတယ်။ ဒါပေမယ့်. Hassanal Bolkiah ဘရူနိုင်းနိုင်ငံရဲ့ အစိုးရအကြီးအကဲဖြစ်တယ်ဆိုတဲ့နေရာမှာ ကနေပြီးတော့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးတော့ ဒီနေရာမှာလည်း အထူးကိုယ်စားလှယ်တယောက်တည်း ဖြေရှင်းနိုင်တဲ့အနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဝိုင်းဝန်းပံပိုး အကြံပြုပေးမယ့် တခြားအဖွဲ့ဝင်တွေကိုလည်း တာဝန်တွေပေးဖို့လိုတယ်လို့ပဲမြင်ပါတယ်။

ကိုဝင်းမင်း ။. ။ အဲဒီတော့ အခုအာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အရေးကြီးဆုံး ဘာစလုပ်သင့်ပါသလဲလို့မေးရာမှာ ဒေါက်တာ Panitan က

ဒေါက်တာ Prof. Panitan Wattanayagorn။. ။ အထူးကိုယ်စားလှယ်အနေနဲ့ အရေးတကြီး လုပ်သင့်တာက၊ မြန်မာနိုင်ငံထဲသွားဖို့၊ ပါတီမျိုးစုံနဲ့တွေ့ဖို့၊ အထူးသဖြင့် အရပ်သားအတိုက်အခံပါတီနဲ့တွေ့ဖို့၊ အခုချက်ချင်း လမ်းပြမြေပုံစပြင်ဖို့ပါ။ အဓိကတော့ မြန်မာပြည်သူတွေ အကြီးအကျယ်ခံစားနေရတဲ့ လူသားချင်းစာနာမူဆိုင်ရာပြဿနာတွေဖြစ်တဲ့ အကြမ်းဖက်မူတွေ၊ နောက် ကဏ္ဍများစွာမှာ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါအခုပျံ.နှံနေတာအတွက်ပါ ကူရှင်းပေးဖို့လမ်းကြောင်ပေါ်လာဖို့ပါ။ ဒီအစီအစဉ်တွေ မကြာခင်ပေါ်ထွက်လာဖို့ မျှော်လင့်ထားပါတယ်။ ထိုင်းအပါအဝင် နိုင်ငံများစွာမှာ ကိုဗစ်-19 ဒဏ် တကယ်ခံနေရပေမဲ့၊ ဒါကို အားလုံးဝိုင်းကူဖို့ အသင့်ပါ။ မြန်မာနိုင်ငံသားတွေက ထိုင်းအပါအဝင် နိုင်ငံများစွာမှာပျံ.နှံနေထိုင်နေကြပြီး၊ အာဆီယံနိုင်ငံသားအဖြစ် အခု သဘောထားကာ၊ အမြန်ဆုံးကူပေးသင့်ချိန်ရောက်နေပါပြီ။

ကိုဝင်းမင်း ။. ။ ဒါအပြင် မမိုးသူဇာ ကလည်း

မမိုးသူဇာ ။. ။ ရှေ့လျှောက်ကတော့ အချိန်ရော အားစိုက်မှုရော အများကြီး လိုအပ်ပါလိမ့်မယ်။ အခုလက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတာသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထူးသဖြင့် ကိုဗစ်ကိစ္စလိုအပ်နေတဲ့ ဆေးဝါးအကူအညီ ဦးစားပေးမယ်။ အရေးအကြီးဆုံး မြန်မာနိုင်ငံမှာ ခံစားနေရတဲ့အနေအထားတွေ အရေးကြီးတဲ့ သဘောထားတွေ ဆန္ဒတွေအားလုံးကို ရယူနားလည်နိုင်ဖို့က ပထမဆုံး သူကြိုးစားရပါမယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ မြန်မာအရေး အာဆီယံ ရဲ့လုပ်ဆောင်မှုတွေက နှောက်နှေးလွန်းတယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။ တရုတ်နဲ့ အမေရိကန် ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကပြောနေတာကတော့ အာဆီယံကို ရှေ့ကနေဦးဆောင်ဖို့ တိုက်တွန်းနေကြပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG