သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသံအမတ္ႀကီးကို တိုက္ခိုက္ဖို႔ ၾကံစည္သူအျဖစ္ မသကၤာသူ ျမန္မာ ၂ ဦး ဖမ္းဆီးခံရ


ျမန္မာသံအမတ္ႀကီးကို တိုက္ခိုက္ဖို႔ ၾကံစည္သူအျဖစ္ မသကၤာသူ ျမန္မာ ၂ ဦး ဖမ္းဆီးခံရ

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ၾကံဖို႔ ၾကံစည္မႈ စြပ္စဲြခ်က္နဲ႔ နယူးေယာက္ၿမိဳ႕က ျမန္မာႏိုင္ငံသား ၂ ဦးကို အေမရိကန္ အာဏာပိုင္ေတြ ဖမ္းဆီးအေရးယူ ထားပါတယ္။ ျမန္မာႏိုင္ငံသားေတြ ျဖစ္ၾကတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ၿဖိဳးဟိန္းထြဋ္ နဲ႔ အသက္ ၂၀ အရြယ္ ရဲဟိန္းေဇာ္ တို႔ ၂ ဦးကို သံအမတ္ႀကီးကို လုပ္ၾကံဖို႔ ပူးေပါင္းၾကံစည္မႈနဲ႔ ဖမ္းဆီးလိုက္တဲ့အေၾကာင္း နယူးေယာက္ ေတာင္ပိုင္းခ႐ိုင္တရားသူႀကီး၊ အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) နယူးေယာက္႐ုံးနဲ႔ နယူးေယာက္ ရဲတပ္ဖဲြ႕ ေကာ္မရွင္နာ႐ုံးက ေသာၾကာေန႔မွာ ပူးတဲြေၾကညာလိ္ုက္တာ ျဖစ္ပါတယ္။

သံအမတ္ႀကီးကို အျပင္းအထန္ ဒဏ္ရာရေအာင္ ဒါမွမဟုတ္ သတ္ျဖတ္ဖို႔ ဇူလိုင္လကေလာက္ကေန ၾသဂုတ္လဆန္း တဝိုက္ေလာက္အတြင္း လွ်ိဳ႕ဝွက္ ၾကံစည္ခဲ့ေၾကာင္းလည္း တရား႐ုံးမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ အေမရိကန္ အာဏာပိုင္ေတြရဲ႕ စုံစမ္းေဖာ္ထုတ္ခ်က္အရ ပူးေပါင္းၾကံစည္မႈမွာ ပါ၀င္၀င္သူအျဖစ္ စြပ္စဲြခံထားရသူ တဦးျဖစ္တဲ့ ၿဖိဳးဟိန္းထြဋ္ ဟာ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းေနတဲ့ ထိုင္းႏိုင္ငံကလက္နက္ပဲြစား တဦးနဲ႔ ဆက္သြယ္ တိုင္ပင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ လက္နက္ပဲြစားနဲ႔ တိုင္ပင္ရာမွာ သံအမတ္ႀကီး ရာထူးက ဖယ္ရွားေပးေအာင္ အျပင္းအထန္ဒဏ္ရာရတဲ့အထိလုပ္ဖို႔ ဒါမွမဟုတ္ အျပတ္ရွင္းပစ္ဖို႔ သေဘာတူခဲ့ၾကတယ္လို႔လည္း ေျပာပါတယ္။

လုပ္ၾကံမယ့္ အစီအစဥ္အတြက္ စြပ္စဲြခံထားရသူ ေနာက္တေယာက္ျဖစ္တဲ့ ရဲဟိန္းေဇာ္ကို ေဒၚလာ ၄ ေထာင္ ၂ ႀကိမ္ လဲႊေပးခဲ့ၿပီး၊ ေနာက္ထပ္ ၁ ေထာင္ ထပ္ေပးဖို႔လည္း သေဘာတူခဲ့တယ္လို႔ တရား႐ုံးမွတ္တမ္းမွာ ေဖာ္ျပထားတာပါ။ ဖမ္းဆီးခံထားရသူေတြကို အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္မယ္ ဆိုရင္ေတာ့ အျမင္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၅ ႏွစ္ က်ခံရႏိုင္ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း တရား၀င္ ေျပာဆိုထားၿပီး၊ အာဏာသိမ္းတဲ့ လုပ္ရပ္နဲ႔ ေနာက္ဆက္တဲြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကိုလည္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းမွာ တင္ျပေနသူ ျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီ ကေတာ့ သံအမတ္ႀကီးကို ရာထူးကဖယ္ရွားထားၿပီး၊ ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္မႈနဲ႔ အလိုရွိေနတဲ့အေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}}

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသား ၂ ဦးကို အမေရိကန် အာဏာပိုင်တွေ ဖမ်းဆီးအရေးယူ ထားပါတယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် တို့ ၂ ဦးကို သံအမတ်ကြီးကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တဲ့အကြောင်း နယူးယောက် တောင်ပိုင်းခရိုင်တရားသူကြီး၊ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နယူးယောက်ရုံးနဲ့ နယူးယောက် ရဲတပ်ဖွဲ့ ကော်မရှင်နာရုံးက သောကြာနေ့မှာ ပူးတွဲကြေညာလိုက်တာ ဖြစ်ပါတယ်။

သံအမတ်ကြီးကို အပြင်းအထန် ဒဏ်ရာရအောင် ဒါမှမဟုတ် သတ်ဖြတ်ဖို့ ဇူလိုင်လကလောက်ကနေ သြဂုတ်လဆန်း တဝိုက်လောက်အတွင်း လျှို့ဝှက် ကြံစည်ခဲ့ကြောင်းလည်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန် အာဏာပိုင်တွေရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ဝင်သူအဖြစ် စွပ်စွဲခံထားရသူ တဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် ဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံကလက်နက်ပွဲစား တဦးနဲ့ ဆက်သွယ် တိုင်ပင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်နက်ပွဲစားနဲ့ တိုင်ပင်ရာမှာ သံအမတ်ကြီး ရာထူးက ဖယ်ရှားပေးအောင် အပြင်းအထန်ဒဏ်ရာရတဲ့အထိလုပ်ဖို့ ဒါမှမဟုတ် အပြတ်ရှင်းပစ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လုပ်ကြံမယ့် အစီအစဉ်အတွက် စွပ်စွဲခံထားရသူ နောက်တယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကို ဒေါ်လာ ၄ ထောင် ၂ ကြိမ် လွဲှပေးခဲ့ပြီး၊ နောက်ထပ် ၁ ထောင် ထပ်ပေးဖို့လည်း သဘောတူခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားတာပါ။ ဖမ်းဆီးခံထားရသူတွေကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ် ဆိုရင်တော့ အမြင်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း တရားဝင် ပြောဆိုထားပြီး၊ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ တင်ပြနေသူ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီ ကတော့ သံအမတ်ကြီးကို ရာထူးကဖယ်ရှားထားပြီး၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိနေတဲ့အကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG