သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးေက်ာ္မိုးထြန္း လႊဲေပးေရးေတာင္းဆိုမႈ အေပၚ အေမရိကန္အစိုးရ တုန္႔ျပန္ခ်က္


ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ျမန္မာစစ္တပ္က တရားစြဲဆိုရံုတင္မဟုတ္ပဲ ျမန္မာျပည္ျပန္ပို႔ဖို႔ ေတာင္းဆိုေနတာကိုၾကည့္ရင္ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြရပ္ဆိုင္းဖို႔သာမက ဒီမိုကေရစီျပန္ထြန္းကားေအာင္ လုပ္ဖို႔ ဘယ္ေလာက္အေရးႀကီးေနတယ္ဆိုတာကိုပါ မီးေမာင္းထိုးျပေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္မႈေတြကို ျမန္ဆန္ထိေရာက္စြာ အဆံုးသတ္ဖို႔နဲ႔ ျပည္သူ႔ေတြရဲ႕ ဆႏၵကိုေလးစားဖို႔လည္း အေမရိကန္က တိိုက္တြန္းလိုက္ပါတယ္။

ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢမွာ ျမန္မာကိုယ္စားလွယ္အျဖစ္ အသိမွတ္မျပဳဖို႔နဲ႔ သူ႔အေပၚစြဲဆိုထားတဲ့အမႈအတြက္ တရားရင္ဆိုင္ဖို႔ ျမန္မာႏိုင္ငံဘက္ ျပန္လြဲေျပာင္းေပးေရး အတြက္ အေမရိကန္အစိုးရကို ျမန္မာစစ္ေကာင္စီက ေတာင္းဆိုထားတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕ သေဘာထားကို သိႏိုင္ဖို႔ VOA ျမန္မာပိုင္းက ေမးျမန္းရာမွာ အေမရိကန္ႏိုင္ငံျခားေရးဌာနက အီးေမးလ္နဲ႔ ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ျမန္မာ့ဒီမိုကေရစီေရးအေပၚ သစၥာေဖါက္မႈကို သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက လက္မခံပဲ ကမာၻ႔အလယ္မွာ ျမန္မာႏိုင္ငံအတြက္ ရပ္တည္ျပခဲ့တာကို အေမရိကန္က ခ်ီးၾကဴးေၾကာင္းလည္း ေျပာပါတယ္။ ျမန္မာျပည္သူေတြအတြက္ အေမရိကန္က ခိုင္ခိုင္မာမာ ရပ္တည္ေၾကာင္း ျပသတဲ့အေနနဲ႔ ဦးေက်ာ္မိုးထြန္း အပါအဝင္ ျမန္မာႏိုင္ငံမွာဒီမိုကေရစီအစိုးရျပန္ရဖို႔ လုပ္ေဆာင္ေနတဲ့ အဖြဲ႔အစည္းေတြ လူမႈအသိုင္းဝိုင္းက ပုဂၢိဳလ္အသီးသီးနဲ႔ ဆက္လက္ထိေတြ႕ဆက္ဆံ သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ႏိုင္ဖို႔ ၿငိမ္းခ်မ္းစြာလုပ္ေဆာင္ေနသူေတြကို ဆက္လက္ ပံ့ပိုးေပးမွာ ျဖစ္သလို ျမန္မာစစ္တပ္အေနနဲ႔လည္း အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္ပစ္ဖို႔နဲ႔ တရားမဲ့ဖမ္းဆီးထားသူအားလံုးကို ျပန္လႊတ္ေပးဖို႔ပါ ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္းၿပီးခ်ိန္ကစၿပီး စစ္တပ္က ကေလးငယ္ေတြ အပါအဝင္ ကိုယ့္ျပည္သူ ၉၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့တာ၊ ဒီမိုကေရစီေရးလုပ္ရွားသူေတြကို တရားစြဲဆိုေနတာေတြဟာ အဓိပၸါယ္ မရွိေၾကာင္းနဲ႔ ႏိုင္ငံတကာအသိုင္းဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံဒီမိုကေရစီလမ္းေပၚ ျပန္ေရာက္ေရးအတြက္ ဆက္လက္ပံ့ပိုးေပးၿပီး စစ္တပ္ကို နည္းမ်ိဳးစံုနဲ႔ ဆက္လက္ဖိအားေပးသင့္ေၾကာင္းလည္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။

၂၀၂၀ ေအာက္တိုဘာလ ကစၿပီး နယူးေယာက္အေျခစိုက္ ကုလသမဂၢရံုး ျမန္မာအၿမဲတမ္းသံအမတ္ႀကီးအျဖစ္ တာ၀န္ယူခဲ့ ဦးေက်ာ္မိုးထြန္းဟာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ေဖေဖာ္ဝါရီလ ၂၆ မွာေတာ့ သူ႕အေနနဲ႔ အာဏာသိမ္းစစ္တပ္ကို ကိုယ္စားမျပဳပဲ၊ NLD အစိုးရကိုပဲ ကိုယ္စားျပဳတယ္လို႔ ကုလသမဂၢအေထြေထြညီလာခံမွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဦးေက်ာ္မိုးထြန္း ကို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကတည္းက ရာထူးက ထုတ္ပယ္ထားၿပီး ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္ပုန္ကန္မႈ၊ မတရားအသင္းေၾကညာထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH၊ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG နဲ႔ တျခား အၾကမ္းဖက္ အဖြဲ႕အစည္းေတြရဲ႕ လမ္းၫႊန္ခ်က္ေတြအရ တရားမဝင္လုပ္ေဆာင္တယ္ ဆိုၿပီး သက္ဆိုင္ရာ ခ႐ိုင္တရား႐ုံးေတြမွာ တရားစြဲဆိုထားသလို ဖမ္းဝရမ္းထုတ္ထားတာပါ။ ဒါ့အျပင္ စစ္ေကာင္စီက ဦးေက်ာ္မိုးထြန္းကို သံအမတ္ႀကီးတာ၀န္က ႐ုပ္သိမ္းၿပီး၊ အေမရိကန္ဝါရွင္တန္ဒီစီက စစ္သံမွဴး ဗိုလ္မွဴးၾကီးေအာင္သူရိန္ကို သူ႕ေနရာမွာ အစားထိုးတယ္လို႔ ေၾကညာပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိေတာ့ ကုလသမဂၢ အစည္းအေ၀းေတြမွာ ဦးေက်ာ္မိုးထြန္းကပဲ ျမန္မာႏိုင္ငံအၿမဲတမ္းသံအမတ္ႀကီးအျဖစ္ ဆက္လက္ တက္ေရာက္ေနဆဲရွိၿပီး၊ ကုလသမဂၢအေနနဲ႕ ဘယ္သူ႔ကို အသိအမွတ္ျပဳမလဲဆိုတာကို စက္တင္ဘာလ ကုလ အေထြေထြညီလာခံမွာ ဆံုးျဖတ္ဖြယ္ရွိေနပါတယ္။

--------------------------

တိုက္႐ိုက္ လင့္ခ္


ဦးကျော်မိုးထွန်း လွှဲပေးရေးတောင်းဆိုမှု အပေါ် အမေရိကန်အစိုးရ တုန့်ပြန်ချက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာစစ်တပ်က တရားစွဲဆိုရုံတင်မဟုတ်ပဲ မြန်မာပြည်ပြန်ပို့ဖို့ တောင်းဆိုနေတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့သာမက ဒီမိုကရေစီပြန်ထွန်းကားအောင် လုပ်ဖို့ ဘယ်လောက်အရေးကြီးနေတယ်ဆိုတာကိုပါ မီးမောင်းထိုးပြနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို မြန်ဆန်ထိရောက်စွာ အဆုံးသတ်ဖို့နဲ့ ပြည်သူ့တွေရဲ့ ဆန္ဒကိုလေးစားဖို့လည်း အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် အသိမှတ်မပြုဖို့နဲ့ သူ့အပေါ်စွဲဆိုထားတဲ့အမှုအတွက် တရားရင်ဆိုင်ဖို့ မြန်မာနိုင်ငံဘက် ပြန်လွဲပြောင်းပေးရေး အတွက် အမေရိကန်အစိုးရကို မြန်မာစစ်ကောင်စီက တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ သဘောထားကို သိနိုင်ဖို့ VOA မြန်မာပိုင်းက မေးမြန်းရာမှာ အမေရိကန်နိုင်ငံခြားရေးဌာနက အီးမေးလ်နဲ့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့ဒီမိုကရေစီရေးအပေါ် သစ္စာဖေါက်မှုကို သံအမတ်ကြီးဦးကျော်မိုးထွန်းက လက်မခံပဲ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအတွက် ရပ်တည်ပြခဲ့တာကို အမေရိကန်က ချီးကြူးကြောင်းလည်း ပြောပါတယ်။ မြန်မာပြည်သူတွေအတွက် အမေရိကန်က ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဦးကျော်မိုးထွန်း အပါအဝင် မြန်မာနိုင်ငံမှာဒီမိုကရေစီအစိုးရပြန်ရဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ လူမှုအသိုင်းဝိုင်းက ပုဂ္ဂိုလ်အသီးသီးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံ သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်နိုင်ဖို့ ငြိမ်းချမ်းစွာလုပ်ဆောင်နေသူတွေကို ဆက်လက် ပံ့ပိုးပေးမှာ ဖြစ်သလို မြန်မာစစ်တပ်အနေနဲ့လည်း အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ပစ်ဖို့နဲ့ တရားမဲ့ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်က ကလေးငယ်တွေ အပါအဝင် ကိုယ့်ပြည်သူ ၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ၊ ဒီမိုကရေစီရေးလုပ်ရှားသူတွေကို တရားစွဲဆိုနေတာတွေဟာ အဓိပ္ပါယ် မရှိကြောင်းနဲ့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေးအတွက် ဆက်လက်ပံ့ပိုးပေးပြီး စစ်တပ်ကို နည်းမျိုးစုံနဲ့ ဆက်လက်ဖိအားပေးသင့်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

၂၀၂၀ အောက်တိုဘာလ ကစပြီး နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံး မြန်မာအမြဲတမ်းသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ ဦးကျော်မိုးထွန်းဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၆ မှာတော့ သူ့အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ကိုယ်စားမပြုပဲ၊ NLD အစိုးရကိုပဲ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်မိုးထွန်း ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ရာထူးက ထုတ်ပယ်ထားပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းကြေညာထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေအရ တရားမဝင်လုပ်ဆောင်တယ် ဆိုပြီး သက်ဆိုင်ရာ ခရိုင်တရားရုံးတွေမှာ တရားစွဲဆိုထားသလို ဖမ်းဝရမ်းထုတ်ထားတာပါ။ ဒါ့အပြင် စစ်ကောင်စီက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးတာဝန်က ရုပ်သိမ်းပြီး၊ အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို သူ့နေရာမှာ အစားထိုးတယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံအမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက် တက်ရောက်နေဆဲရှိပြီး၊ ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို စက်တင်ဘာလ ကုလ အထွေထွေညီလာခံမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG