သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာပိုင္ေတြကို ဖိအားေပးဖို႔ ARF အဖဲြ႕၀င္ေတြကို ကန္ႏိုင္ငံျခားေရး၀န္ႀကီး တိုက္တြန္း


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအစိုးရအုပ္ခ်ဳပ္မႈ ျပန္ရေအာင္ ႀကိဳးပမ္းေနတဲ့ ျပည္သူေတြကို ကူညီပံ့ပိုးေပးဖို႔နဲ႔ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ရပ္သြားေစဖို႔အတြက္ လက္ရွိအာဏာသိမ္းထားတဲ့စစ္တပ္ကို အာဆီယံေဒသတြင္း ARF (ASEAN Regional Forum) အဖြဲ႔ဝင္ ႏိုင္ငံေတြက ဖိအားေပးၾကဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ၂၈ ႀကိမ္ေျမာက္ ARF ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ အာဆီယံအလွည့္က် ဥကၠဌ ဘ႐ူႏိုင္းလ္ က ကမကထလုပ္က်င္းပတဲ့ ARF အစည္းေဝးကိုတက္ေရာက္လာတဲ့ အဖြဲ႔ဝင္ ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြ၊ အာဆီယံအတြင္းေရးမႈးခ်ဳပ္နဲ႔ အီးယူဥေရာပသမဂၢ ေကာ္မရွင္နာမင္းႀကီးတို႔နဲ႔ ေတြ႕ဆံုၿပီး အင္ဒို ပစိဖိတ္ေဒသတြင္း အေရးကိစၥေတြ အတြက္ ဒီမိုကေရစီက်က် ပြင့္လင္းျမင္သာၿပီး တာဝန္ခံတာဝန္ယူမႈ ရွိရွိ လုပ္ေဆာင္ေရးဟာ အေရးပါေၾကာင္းလည္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာၾကားခဲ့တယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေသာၾကာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ၾကာသပေတးေန႔က မဲေခါင္ေဒသတြင္းႏိုင္ငံေတြနဲ႔ အြန္လိုင္းကေန ေတြ႕ဆံုအၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို အာဆီယံ ေခါင္းေဆာင္ေတြ ေျဖရွင္းဖို႔ ထပ္မံတိုက္တြန္းခဲ့တာပါ။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြရပ္ဖို႔၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ျပန္လုပ္ဖို႔နဲ႔ မတရားဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးေရး ျမန္မာစစ္တပ္ကို ေတာင္းဆို ဖို႔လည္း အာဆီယံေခါင္းေဆာင္ေတြနဲ႔ ဒီသီတင္းပတ္ထဲ ေတြ႕ဆုံရာမွာ တိုက္တြန္းခဲ့ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးဖို့ ARF အဖွဲ့ဝင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရအုပ်ချုပ်မှု ပြန်ရအောင် ကြိုးပမ်းနေတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်သွားစေဖို့အတွက် လက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်ကို အာဆီယံဒေသတွင်း ARF (ASEAN Regional Forum) အဖွဲ့ဝင် နိုင်ငံတွေက ဖိအားပေးကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၈ ကြိမ်မြောက် ARF နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဌ ဘရူနိုင်းလ် က ကမကထလုပ်ကျင်းပတဲ့ ARF အစည်းဝေးကိုတက်ရောက်လာတဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အာဆီယံအတွင်းရေးမှုးချုပ်နဲ့ အီးယူဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီးတို့နဲ့ တွေ့ဆုံပြီး အင်ဒို ပစိဖိတ်ဒေသတွင်း အရေးကိစ္စတွေ အတွက် ဒီမိုကရေစီကျကျ ပွင့်လင်းမြင်သာပြီး တာဝန်ခံတာဝန်ယူမှု ရှိရှိ လုပ်ဆောင်ရေးဟာ အရေးပါကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ကြာသပတေးနေ့က မဲခေါင်ဒေသတွင်းနိုင်ငံတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဖြေရှင်းဖို့ ထပ်မံတိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လုပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို တောင်းဆို ဖို့လည်း အာဆီယံခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့ကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG