NUG ကြေညာတဲ့ ခုခံစစ်ပွဲ တွေ့ဆုံမေးမြန်းခန်း
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ နောက်ဆုံးနည်းလမ်းအဖြစ် ခုခံစစ်ပွဲကို ကမ္ဘာသိအောင် NUG က ပြတ်ပြတ်သားကြေညာလိုက်တာလို့ NUG အပြည်ပြည်ဆိုင်ရာဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။ နိုင်ငံတကာကတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။ မအင်ကြင်းနိုင် မေးမြန်းထားပါတယ်။