သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘာလခဲမွာ လက္နက္ႀကီးမွန္ၿပီး ေသဆံုးဒဏ္ရာရသူေတြရွိခဲ့


အရေးေပၚလူနာတင္ကားေပၚက ဒဏ္ရာရသူ၂ ဦး (ဓာတ္ပံု- ေဒသခံတဦး)

(Zawgyi/Unicode)

ကယား (ကရင္နီ) ျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ထဲက နန္းဖဲေက်းရြာအေပၚ စစ္တပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ႏွမ္းခုတ္ေနတဲ့ အမ်ဳိးသမီးတဦး ေသဆံုးၿပီး ကေလးငယ္ေတြအပါအဝင္ ၄ ဦးဒဏ္ရာရခဲ့တယ္လို႔ မိသားစုဝင္က ဗီြအုိေအကို ေျပာပါတယ္။ ဒဏ္ရာရသူေတြကို ေဆး႐ံုပို႔ဖို႔ ကူညီခဲ့တဲ့ ပရဟိသမားတဦးကိုလည္း စစ္တပ္က ဖမ္းဆီးသြားပါတယ္။ အဲဒီေနရာတဝိုက္ အခုရက္ပိုင္း တိုက္ပြဲေတြမ႐ွိေပမဲ့ စစ္ေကာင္စီတပ္ေတြဘက္က ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို နန္းေလာင္ဝ္က ေျပာျပပါမယ္။

ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်းရြာဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ စက္တင္ဘာ ၉ ရက္ ၾကာသပေတးေန႔က ပစ္ခတ္မႈအတြင္း ေတာင္ယာထဲ ႏွမ္းခုတ္ေနတဲ့ အမ်ဳိးသမီးတဦး ေသဆံုးၿပီး ေတာင္ယာထြက္ ႏွမ္းခုတ္သူ ၁၈ ဦးေလာက္ ေဘးလြတ္ရာသို႔ ေျပးထြက္ခ်ိန္ လက္နက္ႀကီးက်ည္ က်လာၿပီး တခ်ဳိ႕လည္း ဒဏ္ရာရခ့ဲၾကတယ္လို႔ ဒဏ္ရာရသူတေယာက္ရဲ႕ မိသားစုဝင္က ဗီြအိုေအကို ေျပာပါတယ္။

“ေတာင္ယာမွာ သြားတဲ့လူေတြေလ၊ အဲ့ဒါ မနားခင္မွာကိုက လက္နက္ႀကီးထုတာက်ေတာ့ ရမ္းသမ္းၿပီးထုေတာ့ သူတို႔က ေျပးတာေလ၊ ေျပးထြက္ကုန္ၾကတာ၊ က်မတို႔ေတာင္ယာကလူေတြေပါ့ေနာ္ ကေလးမတေယာက္ေတာ့ ပြဲခ်င္းၿပီးပါ၊ ၿပီးေတာ့ က်မရဲ႕ အမ်ဳိးသားရဲ႕ ညီတေယာက္ကေတာ့ အသည္းအသန္းျဖစ္ေနတယ္ ဗိုက္မွာ ထိသြားတာေပါ့ေနာ္ ဗိုက္ေပါက္သြားတာ ေသတဲ့ လူကေတာ့ တေယာက္ ဒဏ္ရာရတဲ့သူက ၄ ေယာက္ အသည္းအသန္းက ၄ ေယာက္စလံုးပဲေပါ့ေနာ္၊ အဲ့ဒီေတာင္ယာသြားတယ္ဆိုေတာ့ သတင္းၾကားတာေတာ့ အသံထြက္တာနဲ႔ကို တစ္ခါတည္းကို ေရာက္လာတာပဲ အဲ့မွာ ၄ ၊ ၅ ၊ ၁၀ ခ်က္ အဆက္မျပတ္ေပါ့ လက္နက္ႀကီးကေတာ့ က်မလည္း မမွန္းတတ္ဘူး သူကေတာ့ ၆၀ မမ လို႔ထင္တာပဲ၊ တိုက္ပြဲမျဖစ္ဘဲ ရမ္းသမ္းပစ္ေနတာ။”

အခုလက္နက္ႀကီးက်ည္က်တဲ့ ေနရာေတြမွာ လက္႐ွိ တိုက္ပြဲေတြမ႐ွိပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၾသဂုတ္လကေတာ့ ေဘာလခဲၿမိဳ႕နယ္ထဲမွာ ကရင္နီတပ္မေတာ္ KA၊ ကရင္နီအမ်ဳိးသားကာကြယ္ေရး KNDF အဖဲြ႔တို႔နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပဲြေတြျဖစ္ခဲ့ပါတယ္။
စက္တင္ဘာ ၉ ရက္ေန႔က စစ္တပ္ဘက္က လက္နက္ႀကီးက်ည္ပစ္ခတ္မႈေၾကာင့္ အသက္ ၂၁ ႏွစ္အရြယ္ မဖိုးမူ၊ အသက္ ၁၃ ႏွစ္အရြယ္ ေမာင္ထက္ေဇယ်ာဝင္း၊ အသက္ ၁၆ ႏွစ္အရြယ္ ေမာင္ညီညီစုိးႀကိဳင္၊ အသက္ ၁၆ ႏွစ္အရြယ္ မေဌးလာေပါနဲ႔ အသက္ ၄၀ အရြယ္ ဦးလယ္မူတို႔ ၄ ဦးလည္း က်ည္စထိမွန္ ဒဏ္ရာရခဲ့တယ္လို႔ အကူအညီေပးသူတဦးက ေျပာပါတယ္။

"စုစုေပါင္းကေတာ့ ၅ ေယာက္ေပ့ါ၊ က်ေနာ္ကေတာ့ ၄ ေယာက္ကို အခ်ိန္မီ ကယ္ထုတ္ႏိုင္တယ္၊ ဒဏ္ရာအေနအထားကေတာ့ ဒီ ကိုေဇယ်ာဝင္း အသက္က ၁၃ ႏွစ္ ဘယ္ေခါင္း အစထိမွန္ထားတယ္၊ ေဌးလာေပါက အသက္ ၁၆ ႏွစ္ သူကေတာ့ ဘယ္ဘက္ေပါင္မွာ အစထိမွန္ထားတယ္၊ ေနာက္တေယာက္ကေတာ့ ညီညီစိုးႀကိဳင္ အသက္က ၁၆ ႏွစ္ ဘယ္ဘက္ ဘယ္မ်က္ခံုး ဘယ္ပါးေပါ့ေနာ္ ဘယ္ဘက္အျခမ္းေတြပဲ ထိမွန္ထားတယ္၊ ေနာက္တေယာက္ကေတာ့ နည္းနည္းအေျခအေနဆိုးတဲ့ ဦးလယ္မူေပါ့ေနာ္ အေစာပိုင္းတုန္းကေတာ့ ကိုထက္ေဇယ်ာဝင္းရဲ႕အေဖ သူကေတာ့ ဘယ္ဘက္ဝမ္းဗိုက္ထိထားတယ္ အူေတြဘာေတြေတာင္ထြက္တဲ့ အေနအထားမ်ဳိးရွိတာေပါ့။”

လက္နက္ကိုင္ တုိက္ခိုက္ေနသူေတြမဟုတ္ဘဲ သာမန္ ေတာင္ယာစိုက္စားေနၾကတဲ့ ေဒသခံျပည္သူေတြအေပၚ ခုလို တိုက္ခိုက္မႈေတြ လုပ္ေနတဲ့အတြက္ ထိခိုက္ဆံုး႐ံုးမႈႀကီးမားတယ္လို႔ ဒဏ္ရာရသူ မိသားစုဝင္က ဆက္ေျပာပါတယ္။

“ဒီလိုမ်ဳိး အခုထိခိုက္မႈရွိသြားေတာ့ က်မတို႔ေတာ့ ေတာ္ေတာ္ဆံုး႐ံႈးမႈရွိၿပီေပါ့ေနာ္ ေတာင္ယာအေနနဲ႔လည္း ဆံုး႐ႈံးမႈရွိတယ္ မိသားစုစီးပြားေရးေတြလည္း ေတာ္ေတာ္ထိခိုက္သြားတယ္၊ ၿပီးေတာ့ အခုျဖစ္လာတဲ့ဟာမ်ဳိးက်ေတာ့ တိုက္ပြဲျဖစ္လို႔ ၾကားညပ္ခံရရင္ က်မတို႔က မေျပာလိုဘူးေပါ့ေနာ္ အခုကက်ေတာ့ ေတာင္ယာသြားတဲ့အခ်ိန္ ျပည္သူေတြပဲရွိတဲ့အခ်ိန္မွာ အဲ့လိုမ်ဳိးျဖစ္သြားတာေတာ့ မတရားလို႔ မတရားဘူးလို႔ပဲ က်မထင္တာေပါ့။”

က်ည္ထိမွန္ ဒဏ္ရာရရွိသူေတြ ေဘာလခဲၿမိဳ႕မွာရွိတဲ့ စစ္ေဆး႐ုံမွာ ကုသမႈ ခံယူေနၾကတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ ဒဏ္ရာရသူေတြကို ေဆး႐ုံကို ကူညီပုိ႔ေဆာင္ခဲ့တဲ့ ပရဟိတသမားတဦးကိုလည္း စစ္ေဆးေမးျမန္စရာရွိတယ္ဆိုၿပီး စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားပါတယ္။

သူ႔ကို ေခၚေဆာင္သြားတာ ၂၄ နာရီေက်ာ္သြားၿပီျဖစ္ေပမယ့္ ျပန္ လြတ္မလာေသးတာေၾကာင့္ မိသားစုဝင္နဲ႔ ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


ဘောလခဲမှာ လက်နက်ကြီးမှန်ပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့

ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်ထဲက နန်းဖဲကျေးရွာအပေါ် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နှမ်းခုတ်နေတဲ့ အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ ကူညီခဲ့တဲ့ ပရဟိသမားတဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီနေရာတဝိုက် အခုရက်ပိုင်း တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို နန်းလောင်ဝ်က ပြောပြပါမယ်။

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၉ ရက် ကြာသပတေးနေ့က ပစ်ခတ်မှုအတွင်း တောင်ယာထဲ နှမ်းခုတ်နေတဲ့ အမျိုးသမီးတဦး သေဆုံးပြီး တောင်ယာထွက် နှမ်းခုတ်သူ ၁၈ ဦးလောက် ဘေးလွတ်ရာသို့ ပြေးထွက်ချိန် လက်နက်ကြီးကျည် ကျလာပြီး တချို့လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဒဏ်ရာရသူတယောက်ရဲ့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။

“တောင်ယာမှာ သွားတဲ့လူတွေလေ၊ အဲ့ဒါ မနားခင်မှာကိုက လက်နက်ကြီးထုတာကျတော့ ရမ်းသမ်းပြီးထုတော့ သူတို့က ပြေးတာလေ၊ ပြေးထွက်ကုန်ကြတာ၊ ကျမတို့တောင်ယာကလူတွေပေါ့နော် ကလေးမတယောက်တော့ ပွဲချင်းပြီးပါ၊ ပြီးတော့ ကျမရဲ့ အမျိုးသားရဲ့ ညီတယောက်ကတော့ အသည်းအသန်းဖြစ်နေတယ် ဗိုက်မှာ ထိသွားတာပေါ့နော် ဗိုက်ပေါက်သွားတာ သေတဲ့ လူကတော့ တယောက် ဒဏ်ရာရတဲ့သူက ၄ ယောက် အသည်းအသန်းက ၄ ယောက်စလုံးပဲပေါ့နော်၊ အဲ့ဒီတောင်ယာသွားတယ်ဆိုတော့ သတင်းကြားတာတော့ အသံထွက်တာနဲ့ကို တစ်ခါတည်းကို ရောက်လာတာပဲ အဲ့မှာ ၄ ၊ ၅ ၊ ၁၀ ချက် အဆက်မပြတ်ပေါ့ လက်နက်ကြီးကတော့ ကျမလည်း မမှန်းတတ်ဘူး သူကတော့ ၆၀ မမ လို့ထင်တာပဲ၊ တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်နေတာ။”

အခုလက်နက်ကြီးကျည်ကျတဲ့ နေရာတွေမှာ လက်ရှိ တိုက်ပွဲတွေမရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လကတော့ ဘောလခဲမြို့နယ်ထဲမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေး KNDF အဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့က စစ်တပ်ဘက်က လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် မဖိုးမူ၊ အသက် ၁၃ နှစ်အရွယ် မောင်ထက်ဇေယျာဝင်း၊ အသက် ၁၆ နှစ်အရွယ် မောင်ညီညီစိုးကြိုင်၊ အသက် ၁၆ နှစ်အရွယ် မဌေးလာပေါနဲ့ အသက် ၄၀ အရွယ် ဦးလယ်မူတို့ ၄ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးသူတဦးက ပြောပါတယ်။

"စုစုပေါင်းကတော့ ၅ ယောက်ပေ့ါ၊ ကျနော်ကတော့ ၄ ယောက်ကို အချိန်မီ ကယ်ထုတ်နိုင်တယ်၊ ဒဏ်ရာအနေအထားကတော့ ဒီ ကိုဇေယျာဝင်း အသက်က ၁၃ နှစ် ဘယ်ခေါင်း အစထိမှန်ထားတယ်၊ ဌေးလာပေါက အသက် ၁၆ နှစ် သူကတော့ ဘယ်ဘက်ပေါင်မှာ အစထိမှန်ထားတယ်၊ နောက်တယောက်ကတော့ ညီညီစိုးကြိုင် အသက်က ၁၆ နှစ် ဘယ်ဘက် ဘယ်မျက်ခုံး ဘယ်ပါးပေါ့နော် ဘယ်ဘက်အခြမ်းတွေပဲ ထိမှန်ထားတယ်၊ နောက်တယောက်ကတော့ နည်းနည်းအခြေအနေဆိုးတဲ့ ဦးလယ်မူပေါ့နော် အစောပိုင်းတုန်းကတော့ ကိုထက်ဇေယျာဝင်းရဲ့အဖေ သူကတော့ ဘယ်ဘက်ဝမ်းဗိုက်ထိထားတယ် အူတွေဘာတွေတောင်ထွက်တဲ့ အနေအထားမျိုးရှိတာပေါ့။”

လက်နက်ကိုင် တိုက်ခိုက်နေသူတွေမဟုတ်ဘဲ သာမန် တောင်ယာစိုက်စားနေကြတဲ့ ဒေသခံပြည်သူတွေအပေါ် ခုလို တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ထိခိုက်ဆုံးရုံးမှုကြီးမားတယ်လို့ ဒဏ်ရာရသူ မိသားစုဝင်က ဆက်ပြောပါတယ်။

“ဒီလိုမျိုး အခုထိခိုက်မှုရှိသွားတော့ ကျမတို့တော့ တော်တော်ဆုံးရှုံးမှုရှိပြီပေါ့နော် တောင်ယာအနေနဲ့လည်း ဆုံးရှုံးမှုရှိတယ် မိသားစုစီးပွားရေးတွေလည်း တော်တော်ထိခိုက်သွားတယ်၊ ပြီးတော့ အခုဖြစ်လာတဲ့ဟာမျိုးကျတော့ တိုက်ပွဲဖြစ်လို့ ကြားညပ်ခံရရင် ကျမတို့က မပြောလိုဘူးပေါ့နော် အခုကကျတော့ တောင်ယာသွားတဲ့အချိန် ပြည်သူတွေပဲရှိတဲ့အချိန်မှာ အဲ့လိုမျိုးဖြစ်သွားတာတော့ မတရားလို့ မတရားဘူးလို့ပဲ ကျမထင်တာပေါ့။”

ကျည်ထိမှန် ဒဏ်ရာရရှိသူတွေ ဘောလခဲမြို့မှာရှိတဲ့ စစ်ဆေးရုံမှာ ကုသမှု ခံယူနေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ကူညီပို့ဆောင်ခဲ့တဲ့ ပရဟိတသမားတဦးကိုလည်း စစ်ဆေးမေးမြန်စရာရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သူ့ကို ခေါ်ဆောင်သွားတာ ၂၄ နာရီကျော်သွားပြီဖြစ်ပေမယ့် ပြန် လွတ်မလာသေးတာကြောင့် မိသားစုဝင်နဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG