သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခုံနဲ႔ ေဘာ္လခဲမွာ စစ္တပ္က ႐ြာသား ၂၀ ေက်ာ္ဖမ္းဆီး


ကယားျပည္နယ္တြင္း တိမ္းေရွာင္ေျပးေနၾကရတဲ့ ရြြာသားမ်ား (ဇြန္ -၃-၂၀၂၁)

ZAWGYI/UNICODE

ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္နဲ႔ကယားျပည္နယ္ ေဘာ္လခဲၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္ရဲ႕စစ္ေၾကာင္းကေန ေဒသခံ ႐ြာသား(၂၀)ေက်ာ္ကို လမ္းျပအျဖစ္နဲ႔လူသားဒိုင္အျဖစ္အသုံးျပဳဖို႔ဖမ္းဆီးေခၚေဆာင္ခဲ့ တယ္လို႔ေဒသခံ ေတြက ေျပာပါတယ္။ စစ္ေျမျပင္မွာအခုလိုအရပ္သားေတြကိုဖမ္းဆီးအသုံးျပဳေနတာဟာ စစ္ရာဇဝတ္မႈေျမာက္တယ္ လို႔ ကရင္ နီလူ႔အခြင့္ေရးအဖြဲ႕တာဝန္ရွိသူေတြကေျပာပါတယ္။ ဒီအေျခအေနကိုဗြီအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ေဒသခံကာကြယ္ေရးတပ္နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးေနတဲ့ ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္ နဲ႔ ကယား ျပည္နယ္ေဘာ္လခဲၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္ကေန အရပ္သားေတြအေပၚဖမ္းဆီးမႈေတြရွိေနတာပါ။ေ ဘာ္လခဲၿမိဳ႕နယ္မွာ ၾသဂုတ္လ(၁၈)ရက္ေန႔တုန္းက နန္းဖဲေက်း႐ြာအုပ္စုမွ ေဒသခံ(၁၀)ဦးကို ျမန္မာစစ္တပ္ဘက္ ကဖမ္းဆီးခဲ့ပါတယ္။ ဒီဖမ္ဆီးခံရတဲ့အထဲ(၆)ဦးဟာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ဆက္စပ္မႈရွိေၾကာင္းစစ္တပ္ဘက္က ေၾကးနန္းအစီရင္ခံစာမွာထုတ္ျပန္ထားပါတယ္။ ဒီအေျခအေနကို ကရင္နီလူ႔အခြင့္အေရးအဖြဲ႕တာဝန္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“ ေဘာ္လခဲၿမိဳ႕နယ္မွာ အဖမ္းဆီးခံရတာကေတာ့ကြၽန္ေတာ္တို႔(၁၀)ေယာက္ေပါ့ေနာ္။ (၁၀)ေယာက္ထဲမွာ စကစ ကေန ထုတ္တဲ့ထုတ္ျပန္ခ်က္အခ်ဳပ္ရွိတယ္။ အဲတာလဲ(၆)ေယာက္ကိုလက္နက္ေတြနဲ႔ ဖမ္းမိတယ္ဆိုတဲ့ စာတေစာင္ ေတာ့ထြက္လာတယ္။ (၆)ေယာက္က သူတို႔အေခၚအေဝၚကေတာ့ လက္နက္ေတြနဲ႔ဖမ္းမိတယ္ေပါ့ေနာ္။ ဒါေပမဲ့ က်န္ တဲ့(၄)ေယာက္ကေတာ့ အခုခ်ိန္ထိေတာ့ဒါဘယ္သူလဲဆိုတာကေတာ့ ကြၽန္ေတာ္တို႔မစီစစ္ႏိုင္ေသးဘူးေပါ့ေနာ္။ ဒါေပမဲ့ သူတို႔ဖမ္းထားတယ္ ဖမ္းထားၿပီးေတာ့မွ အခုစစ္ေၾကာင္းထိုးတဲ့ေဘာ္လခဲကေန နန္းဖဲဘက္ေပါ့ေနာ္။ သူတို႔ကိုႀကိဳးတုတ္ ၿပီးေတာ့မွ တက္လာတယ္။ တခ်ိဳ႕ျပည္သူလူထုကအသိေပး ကြၽန္ေတာ္တို႔သတင္းေတာ့ရထားတာရွိတယ္။ ”

ၾသဂုတ္လ(၁၈)ရက္မွာ ေဘာ္လခဲပူးေပါင္းစစ္ေဆးေရးဂိတ္ကေန ကားတစီးကိုရွာေဖြစစ္ေဆးရာမွာ ယူနီေဖာင္း ဝတ္ဆင္ထားတဲ့လူငယ္(၆)ဦးကို လက္နက္ခဲယမ္းေတြနဲ႔အတူဖမ္းဆီးရမိတယ္လို႔ ေဘာ္လခဲခ႐ိုင္စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕ရဲ႕ေၾကးနန္းအစီရင္ခံစာမွာေဖာ္ျပထားတယ္လို႔ သူကဆိုပါတယ္။

ၾသဂုတ္ ၁၈ ရက္ေန႔မွာဘဲ ရွမ္းျပည္နယ္ဖယ္ခုံၿမိဳ႕နယ္ လြယ္လုံေက်း႐ြာသား(၅)နဲ႔ စက္ေတာ္ေက်း႐ြာသား (၅)ဦးကို စစ္တပ္ကေနဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ဖယ္ခုံေဒသခံတဦးကေျပာပါတယ္။

“ ဖယ္ခုံၿမိဳ႕နယ္ ေခါင္းအိေက်း႐ြာအုပ္စု လြယ္လုံေက်း႐ြာသား(၅)ဦး ဖမ္းသြားတယ္ေျပာတာဘဲ။ ေနာက္ၿပီး(၅)ေယာက္ ကေတာ့ဖမ္းထားတယ္ေျပာတာဘဲ ။ ေအး ဗမာစစ္တပ္နဲ႔ PNOအဖြဲ႕ကဖမ္းထားတယ္တဲ့။ ”

မ်က္ျမင္ေတြရဲ႕ေျပာျပခ်က္အရအဖမ္းဆီးခံရတဲ့သူေတြဟာ လမ္းျပသူမ်ားအျဖစ္ လည္းေကာင္း လူသားဒိုင္အျဖစ္ လည္းေကာင္း အသုံးျပဳေနတာလို႔ဆိုပါတယ္။ ႐ြာသားေတြကိုဖမ္းဆီးတဲ့ျဖစ္စဥ္နဲ႔ပက္သက္ၿပီးအေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ဖယ္လုံၿမိဳ႕နယ္အတြင္းမွာ ေဒသခံကရင္နီကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲမၾကာခနျဖစ္ပြါးေလ့ရွိသလို လက္ရွိ စစ္တပ္ဘက္ကအင္အားထပ္မံျဖည့္တင္းထားပါတယ္။ အခုလိုအရပ္သားေတြကို လူသားဒိုင္းနဲ႔ လမ္းျပအျဖစ္အသုံးျပဳတဲ့လုပ္ရပ္ဟာ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ကြၽန္ေတာ္တို႔သိရသေလာက္ကေတာ့ စစ္တပ္ကသြားတဲ့ေနရာတိုင္းကိုသူတို႔ကေခၚသြားတယ္။ ၿပီးရင္လမ္းျပတဲ့ ပုံစံနဲ႔ ပါသလို လူသားတံတိုင္းပုံစံမ်ိဳးေပါ့ေနာ္။ အသုံးျပဳေနတာကြၽန္ေတာ္တို႔သိရတယ္။လူထုေတြကသြားၿပီးေတာ့မွ ျပန္လႊတ္ေပးဖို႔ေျပာတဲ့အခ်ိန္မွာ သူတို႔ဘာျပန္ေျပာလဲဆိုေတာ့ သူတို႔သတ္မွတ္တဲ့ဧရိယာ ေပါ့နယ္ေျမတခုကို ျပန္ ေရာက္ မယ္ဆိုရင္ ဒီလူေတြကိုျပန္လႊတ္ေပးမယ္ဆိုၿပီးေတာ့မွ ကနဦး ဖ႐ူဆိုရဲ႕အေရွ႕ဘက္ျခမ္းမွာ သူတို႔ေျပာသြား တာရွိတယ္။ ကြၽန္ေတာ္တို႔ေျပာမယ္ဆိုရင္ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ကြၽန္ေတာ္တို႔ေျပာလို႔ရတယ္ေပါ့။ လူသား မ်ိဳးႏြယ္အေပၚမွာခ်ိဳးေဖာက္တဲ့ ရာဇဝတ္မႈတခုလဲထေျမာက္တာကိုကြၽန္ေတာ္တို႔ေတြ႕ရတယ္။”

ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕ရဲ႕မွတ္တမ္းမ်ားအရ စစ္ေကာင္စီတပ္ဖြဲ႕ဟာ ၾသဂုတ္(၁၄)ရက္ကေန (၁၉)ရက္အတြင္း အသက္ ၁၅ ႏွစ္အ႐ြယ္ ကေလးငယ္အပါအဝင္ အရပ္သား ၂၉ ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ဲပီး စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ေရွ႕တန္းနယ္ေျမေတြကို ေခၚေဆာင္သြားျခင္း၊ လမ္းျပအျဖစ္ ခိုင္းေစျခင္းစတာေတြ လုပ္ေဆာင္ခိုင္းတာရွိတယ္လို႔ သူကဆိုပါတယ္။ ဖမ္းဆီးခံရတဲ့သူ (၂၉) ဦးအနက္ အသက္(၁၇)ႏွစ္အ႐ြယ္အပါအဝင္ အမ်ိဳးသား ၃ ဦး ျပန္လြတ္လာေပမဲ့ အသက္ ၁၅ ႏွစ္အ႐ြယ္ ကေလးငယ္ အပါအဝင္ အရပ္သား ၂၆ ဦးဟာ ဖမ္းဆီးခံထားရဆဲလို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ မွတ္တမ္းမ်ားအရသိရပါတယ္။

တိုက္႐ိုက္ လင့္ခ္


UNICODE

ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်နဲ့ကယားပြည်နယ်ဘော်လခဲမြို့နယ်တွေမှာ မြန်မာစစ်တပ်ရဲ့စစ်ကြောင်းကနေ ဒေသခံ ရွာသား(၂၀)ကျော်ကို လမ်းပြအဖြစ်နဲ့လူသားဒိုင်အဖြစ်အသုံးပြုဖို့ဖမ်းဆီးခေါ်ဆောင်ခဲ့ တယ်လို့ဒေသခံ တွေက ပြောပါတယ်။ စစ်မြေပြင်မှာအခုလိုအရပ်သားတွေကိုဖမ်းဆီးအသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ် လို့ ကရင် နီလူ့အခွင့်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီအခြေအနေကိုဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒေသခံကာကွယ်ရေးတပ်နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် နဲ့ ကယား ပြည်နယ်ဘော်လခဲမြို့နယ်တွေမှာ မြန်မာစစ်တပ်ကနေ အရပ်သားတွေအပေါ်ဖမ်းဆီးမှုတွေရှိနေတာပါ။ေ ဘာ်လခဲမြို့နယ်မှာ သြဂုတ်လ(၁၈)ရက်နေ့တုန်းက နန်းဖဲကျေးရွာအုပ်စုမှ ဒေသခံ(၁၀)ဦးကို မြန်မာစစ်တပ်ဘက် ကဖမ်းဆီးခဲ့ပါတယ်။ ဒီဖမ်ဆီးခံရတဲ့အထဲ(၆)ဦးဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်စပ်မှုရှိကြောင်းစစ်တပ်ဘက်က ကြေးနန်းအစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေကို ကရင်နီလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“ ဘော်လခဲမြို့နယ်မှာ အဖမ်းဆီးခံရတာကတော့ကျွန်တော်တို့(၁၀)ယောက်ပေါ့နော်။ (၁၀)ယောက်ထဲမှာ စကစ ကနေ ထုတ်တဲ့ထုတ်ပြန်ချက်အချုပ်ရှိတယ်။ အဲတာလဲ(၆)ယောက်ကိုလက်နက်တွေနဲ့ ဖမ်းမိတယ်ဆိုတဲ့ စာတစောင် တော့ထွက်လာတယ်။ (၆)ယောက်က သူတို့အခေါ်အဝေါ်ကတော့ လက်နက်တွေနဲ့ဖမ်းမိတယ်ပေါ့နော်။ ဒါပေမဲ့ ကျန် တဲ့(၄)ယောက်ကတော့ အခုချိန်ထိတော့ဒါဘယ်သူလဲဆိုတာကတော့ ကျွန်တော်တို့မစီစစ်နိုင်သေးဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ဖမ်းထားတယ် ဖမ်းထားပြီးတော့မှ အခုစစ်ကြောင်းထိုးတဲ့ဘော်လခဲကနေ နန်းဖဲဘက်ပေါ့နော်။ သူတို့ကိုကြိုးတုတ် ပြီးတော့မှ တက်လာတယ်။ တချို့ပြည်သူလူထုကအသိပေး ကျွန်တော်တို့သတင်းတော့ရထားတာရှိတယ်။ ”

သြဂုတ်လ(၁၈)ရက်မှာ ဘော်လခဲပူးပေါင်းစစ်ဆေးရေးဂိတ်ကနေ ကားတစီးကိုရှာဖွေစစ်ဆေးရာမှာ ယူနီဖောင်း ဝတ်ဆင်ထားတဲ့လူငယ်(၆)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ ဘော်လခဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့ကြေးနန်းအစီရင်ခံစာမှာဖော်ပြထားတယ်လို့ သူကဆိုပါတယ်။

သြဂုတ် ၁၈ ရက်နေ့မှာဘဲ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ် လွယ်လုံကျေးရွာသား(၅)နဲ့ စက်တော်ကျေးရွာသား (၅)ဦးကို စစ်တပ်ကနေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဖယ်ခုံဒေသခံတဦးကပြောပါတယ်။

“ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်လုံကျေးရွာသား(၅)ဦး ဖမ်းသွားတယ်ပြောတာဘဲ။ နောက်ပြီး(၅)ယောက် ကတော့ဖမ်းထားတယ်ပြောတာဘဲ ။ အေး ဗမာစစ်တပ်နဲ့ PNOအဖွဲ့ကဖမ်းထားတယ်တဲ့။ ”

မျက်မြင်တွေရဲ့ပြောပြချက်အရအဖမ်းဆီးခံရတဲ့သူတွေဟာ လမ်းပြသူများအဖြစ် လည်းကောင်း လူသားဒိုင်အဖြစ် လည်းကောင်း အသုံးပြုနေတာလို့ဆိုပါတယ်။ ရွာသားတွေကိုဖမ်းဆီးတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီးအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဖယ်လုံမြို့နယ်အတွင်းမှာ ဒေသခံကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲမကြာခနဖြစ်ပွါးလေ့ရှိသလို လက်ရှိ စစ်တပ်ဘက်ကအင်အားထပ်မံဖြည့်တင်းထားပါတယ်။ အခုလိုအရပ်သားတွေကို လူသားဒိုင်းနဲ့ လမ်းပြအဖြစ်အသုံးပြုတဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့သိရသလောက်ကတော့ စစ်တပ်ကသွားတဲ့နေရာတိုင်းကိုသူတို့ကခေါ်သွားတယ်။ ပြီးရင်လမ်းပြတဲ့ ပုံစံနဲ့ ပါသလို လူသားတံတိုင်းပုံစံမျိုးပေါ့နော်။ အသုံးပြုနေတာကျွန်တော်တို့သိရတယ်။လူထုတွေကသွားပြီးတော့မှ ပြန်လွှတ်ပေးဖို့ပြောတဲ့အချိန်မှာ သူတို့ဘာပြန်ပြောလဲဆိုတော့ သူတို့သတ်မှတ်တဲ့ဧရိယာ ပေါ့နယ်မြေတခုကို ပြန် ရောက် မယ်ဆိုရင် ဒီလူတွေကိုပြန်လွှတ်ပေးမယ်ဆိုပြီးတော့မှ ကနဦး ဖရူဆိုရဲ့အရှေ့ဘက်ခြမ်းမှာ သူတို့ပြောသွား တာရှိတယ်။ ကျွန်တော်တို့ပြောမယ်ဆိုရင် စစ်ရာဇဝတ်မှုမြောက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့။ လူသား မျိုးနွယ်အပေါ်မှာချိုးဖောက်တဲ့ ရာဇဝတ်မှုတခုလဲထမြောက်တာကိုကျွန်တော်တို့တွေ့ရတယ်။”

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းများအရ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ်(၁၄)ရက်ကနေ (၁၉)ရက်အတွင်း အသက် ၁၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၂၉ ဦးကို ဖမ်းဆီးချုပ်နှောင်ဲပီး စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရှေ့တန်းနယ်မြေတွေကို ခေါ်ဆောင်သွားခြင်း၊ လမ်းပြအဖြစ် ခိုင်းစေခြင်းစတာတွေ လုပ်ဆောင်ခိုင်းတာရှိတယ်လို့ သူကဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူ (၂၉) ဦးအနက် အသက်(၁၇)နှစ်အရွယ်အပါအဝင် အမျိုးသား ၃ ဦး ပြန်လွတ်လာပေမဲ့ အသက် ၁၅ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၂၆ ဦးဟာ ဖမ်းဆီးခံထားရဆဲလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းများအရသိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG