သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရူဆိုနဲ့ဖယ်ခုံမှာ မြန်မာစစ်တပ်နဲ့ကရင်နီပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား


စစ်သင်တန်းမှာတွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တချို့ ( ဓာတ်ပုံ - AFP)
စစ်သင်တန်းမှာတွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တချို့ ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကယားပြည်နယ်ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာဒေသခံထောင်နဲ့ချီလည်း နေရပ်ကနေတိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် မနေ့ကဩဂုတ် ၉ ရက်နေ့ တရက်တည်းမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“မနေ့ညက နှစ်နေရာ သုံးနေရာလောက်ပစ်တယ်လေ။ ရှမ်းပြည်နယ်ဖယ်ခုံဘက်မှာလေ အဲဒီခေါင်းအိတို့ဘက်မှာကဖြစ်တယ်။ ပြီးတော့မှ ဒီုမိုခို ဟိုအစောက ဖြစ်တဲ့ဘီသူရွာ အဲဒီအပေါ်နားလေးမှာဖြစ်တယ်။ တမြိုင်နက်ထဲဖြစ်တယ်။ ဟိုဖယ်ခုံခေါင်းအိဘက်မှာ (၅)နာရီကျော် ဒီဘက်မှာလဲ(၅)နာရီကျော်ဖြစ်တယ်လေ။ ပြီးတော့မှ(၂)နာရီမှာလဲတပွဲဖြစ်သေးတယ်။ စကစက စစ်ကြောင်း လှုပ် ရှားမှုရယ် တပ်အင်အားဖြည့်တာကများတယ်။ ”

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုခိုကျေးရွာနဲ့ ဘီယာကျေးရွာအကြားမှာ အင်အား ၃၀၀ လောက်ရှိတဲ့ မြန်မာစစ်တပ်ကစစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကို ကရင်နီ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီခွဲမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးမှာလဲ စစ်ကောင်စီတပ်နဲ့ ညနေ ၅ နာရီခွဲမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ ဒိုမိုခိုကျေးရွာအကြားနဲ့ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ် ဘီသူကျေးရွာအထက်မှာ ထိုး စစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ် ကနေ နံနက်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း KNDF သတင်းနှင့်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ သိရှိဖို့ တပ်မတော်ပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကဒေသခံပြည်သူတွေလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ရွာသားတွေ ပစ်မရတဲ့နယ်မြေမှာ သွားပြီးတော့ နေနေရတာပေါ့။ ဖယ်ခုံမြို့နယ်ဆိုရင် အဓိကဒီခေါင်းအိပေါ့နော်။ ဖရူဆိုဘက်က တော့ နဲနဲပါးပါး။ ခန့်မှန်းခြေကတော့ (၃၀၀၀) (၄၀၀၀)ရှိမယ်ထင်ပါတယ်။”

ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ် နယ်စပ်မှာရှိတဲ့ ခေါင်းအိကျေးရွာနဲ့ဘီသူကျေးရွာအပါအဝင် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ ဒိုမိုခို၊ ဘီယာ၊ ခေါဘာ စတဲ့ ကျေးရွာသားတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဒီစစ်ရှောင်တွေအနေနဲ့ စားသောက်ရေးအခက်ခဲရှိနေတယ်လို့ပြောပါတယ်။

“ အဓိက ဒီအခက်ခဲက စားဖို့သောက်ဖို့ စားဝတ်နေရေးက အဲတာတော့အခက်ခဲဖြစ်တယ်။ ဒီကိုဗစ်လဲဖြစ်တော့ အခက်ခဲဖြစ် တယ်။”

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ကနေ ထိုးစစ်ဆင်မှုတွေ ပိုမိုလှုပ်ရှားလာတဲ့အတွက် နေ့၊ည မရွေး တိုက်ပွဲဖြစ်ပွား လာ နိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ရိက္ခာ၊ ဆေးဝါးတွေ ကြိုတင်စုဆောင်းထားဖို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးကြေညာထားပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလကစလို့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို ဖရူဆိုအစရှိတဲ့မြို့ နယ်တွေမှာ ဒေသ ခံကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ရရာလက်နက်စွဲကိုင်ပြီးတော့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွါးလာခဲ့ ပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရွာသား(၇)သောင်းကျော် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


..............................................................................................


(Unicode)















XS
SM
MD
LG