သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခုံမွာ ကရင္နီပူးေပါင္းအဖြဲ႔နဲ႔ျမန္မာစစ္တပ္တိုက္ပြဲျဖစ္


KPDF troops in training

Zawgyi/Unicode

ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ဘက္မွာ ကရင္နီကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီ တပ္အၾကား ဒီမနက္မွာ တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့သလို ခ်င္းျပည္နယ္ မင္းတပ္ ၿမိဳ႕နယ္ဘက္မွာလည္း မေန႔ကတိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ စစ္ေရးတင္းမာမွဳ ျဖစ္စဥ္အတြင္းရြာသားေတြ ဖမ္းဆီး ပစ္ခတ္ခံရမွဳ ေတြလည္း ရွိေနပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္ လြယ္ဟြဲေက်းရြာဘက္မွာ ထိုးစစ္ဆင္လာတဲ့ျမန္မာစစ္တပ္နဲ႔ ကရင္နီကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႔တို႔ ဒီေန႔မနက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ ကရင္နီအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ KNDFတာ၀န္ရွိသူတဦးက ေျပာပါတယ္။

“လက္ရွိေတာ့ ဖယ္ခုံမွာ PDF (၃) ဖြဲ႔ ေပါင္းထားတဲ့အဖြဲ႔ေလ။ ဒီ (၃) ဖြဲ႔နဲ႔ အဲဒီမွာရွိတဲ့ KNDF တပ္ရင္းနဲ႔ ေတာ့ သူတို႔ ေပါင္းၿပီးေတာ့ ခုခံတိုက္ခိုက္ေနတာေပါ့ေလ။ ရွမ္းျပည္ကေနဆင္းလာတဲ့ စကစ ကို သူတို႔ အခုျဖတ္တိုက္ေနတယ္။ ဖယ္ခုံတိုက္ပြဲက က်ေနာ္တို႔ဘက္က တေယာက္ဒဏ္ရာရတယ္။ စကစ ဘက္က (၅) ဦးနဲ႔ အထက္ေလာက္က်တယ္။”

လက္ရွိတိုက္ပြဲျဖစ္ပြါးရာ ဖယ္ခုံၿမိဳ႕နယ္ဘက္ကို ကယားျပည္နယ္လြိဳင္ေကာ္ ဒီးေမာ့ဆိုဘက္က ျမန္မာ စစ္တပ္ကေန စစ္ကူပို႔လာေနဆဲလို႔ သူကေျပာပါတယ္။

မေန႔ကလည္း ဖယ္ခုံၿမိဳ႕နယ္အေနာက္ဖက္ျခမ္းမွာ ျမန္မာစစ္တပ္ကေန စစ္ေၾကာင္း (၃) ေၾကာင္း တပ္ျဖန္႕ခ်ီတက္လာတာမွာ ေဒသခံကရင္နီကာကြယ္ေရးအဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြါးခဲ့ပါေသးတယ္။

တိုက္ပြဲျဖစ္ပြါးရာ ဖယ္ခုံၿမိဳ႕နယ္ လြယ္ဟြဲေက်းရြာဘက္မွာ ရြာသားေတြ ေဘးလြတ္ရာေရွာင္တိမ္းေန ရတယ္လို႔ KNDF တာ၀န္ရွိသူတဦးကေျပာပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဖယ္ခုံဘက္ျဖစ္ပြါးတဲ့ဒီကေန႔ တိုက္ပြဲ အေျခအေန မသိေသးဘူးလို႔ ေျပာပါတယ္။

“ဒီမနက္ျဖစ္တာေတြ က်ေနာ္တို႔လည္း မသိေသးဘူးဗ်။ မေန႔က မိုးၿဗဲ၊ ဖယ္ခုံဘက္မွာမရွိပါဘူးဗ်။”

မေန႔က ၾသဂုတ္လ (၁၄) ရက္ေန႔မွာ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းရွိ ရိကၡာျပန္ လာယူတဲ့ အမ်ိဳးသားေလးဦးကို စစ္ေကာင္စီတပ္မွ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။ ဒီအေျခအေနကို ဒီးေမာ့ဆိုေဒသခံတဦးက အခုလို ေျပာပါတယ္။

“မေန႔ကဖမ္းမိထားတဲ့လူ (၄) ေယာက္က ဟိုတရက္ည စစ္ျဖစ္ေတာ့ သူတို႕ေရွာင္တိမ္းေနရတယ္ ေလ။ ေန႔လယ္ေလာက္မွာ သူတို႔မိသားစုအတြက္ သူတို႔ရိကၡာျပန္ယူၿပီးေတာ့လမ္းမွာ စစ္ေၾကာင္းနဲ႔ တိုးေတာ့ သူတို႔ကိုဖမ္းသြားတာေပါ့။”
ၾသဂုတ္လ (၁၃) ရက္ေန႔မွာ ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီတပ္တို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ အျပန္အလွန္ပစ္ခတ္ခဲ့လို႔ ေဒသခံအမ်ားျပား ထြက္ေျပးတိမ္းေရွာင္ခဲ့ရပါတယ္။

ဒါ့အျပင္စစ္ေကာင္စီတပ္နဲ႔ စစ္ေရးတင္းမာေနတဲ့ခ်င္းျပည္နယ္အတြင္းမွာလည္း တိုက္ပြဲေတြနဲ႔ ေဒသခံေတြကို ပစ္ခတ္ဖမ္းဆီးမွဳေတြ ရွိေနပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာလည္း မေန႔မနက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ မင္းတပ္ကာကြယ္ေရးအဖြဲ႔ CDF တို႔ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“မေန႔ကေတာ့ မင္းတပ္ဘက္မွာေတာ့ ထိေတြ႔မွဳတခုျဖစ္တာရွိတယ္။ ကြီရြာဘက္မွာလားမသိ။ အဲဒီမွာေတာ့ ထိေတြ႔မႈ တခုရွိတယ္။ မနက္ (၁၀) နာရီေလာက္မွာျဖစ္ခဲ့တာရွိတယ္။ အၾကမ္းဖက္အဖြဲ႔နဲ႔ က်ေနာ္တို႔နယ္ေျမလုံၿခံဳေရးလုပ္ေနတဲ့ အဖြဲ႔ေတြနဲ႔ (၁၅) မိနစ္ေလာက္ ထိေတြ႔မွဳျဖစ္ခဲ့တာရွိတယ္။ က်ေနာ္တို႔ဆီက စစ္သည္တေယာက္ ဒဏ္ရာရရွိသြားတာရွိပါတယ္။”

ဒီကေန႔မွာေတာ့ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ ကန္႔သာ႐ုံေက်းရြာအတြင္း ျမန္မာစစ္တပ္ကေန ပစ္ခတ္မွဳေၾကာင့္ သားအဖႏွစ္ဦး ထိိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“ဒီမနက္ (၁၁) ၀န္းက်င္မွာ ကန္႔သာ႐ံုေက်းရြာကို စစ္ေကာင္စီအဖြဲ႔ေတြသြားတယ္။ အသက္ (၃၀) အရြယ္ဦးထန္းဟုန္းနဲ႕ သူရဲ႕ သားေလး ေမာင္နိုင္းထားတို႔ကို သူတို႔ကသြားပစ္တယ္။ ဦးထန္းဟုန္း ကေတာ့ ဆီးခုံရယ္၊ ဒူးရယ္၊ လက္ေမာင္းရယ္ ဒဏ္ရာ ရရွိတယ္။ ေနာက္ၿပီးေတာ့ အခုမေကြးေဆး႐ံုကို ၾကက္ေျခနီအဖြဲ႔ေတြကေခၚသြားၿပီ။ သူ႕ရဲ႕သားငယ္ (၄) ႏွစ္ရွိ ေမာင္နိုင္းထားက်ေတာ့ လည္ပင္းမွာ က်ည္ဆံရွပ္ထၿပီးေတာ့မွ စိုးရိမ္ရတဲ့အေျခအေနမရွိဘူးခင္ဗ်။”

မေန႔ကလည္း အဲဒီ ကန္႔သာ႐ုံေက်းရြာက အလယ္တန္းျပေက်ာင္းဆရာဦးေအာင္ဖုန္းနဲ႔ လူငယ္ ႏွစ္ေယာက္ကို စစ္တပ္က စစ္ကားနဲ႔ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီျဖစ္စဥ္မရွိခဲ့ဘူးလို႔ ေျပာပါတယ္။

“ကန္ပက္လက္မွာေတာ့မရွိပါဘူး။ ”

လက္ရွိရွမ္းျပည္နယ္ဖယ္ခုံ ကယားျပည္နယ္ဒီးေမာ့ဆို ဖ႐ူဆို၊ လြိဳင္ေကာ္၊ ခ်င္းျပည္နယ္ မင္းတပ္၊ ဟားခါး၊ ကန္ပက္လက္ၿမိဳ႕ နယ္မွာ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္တို႔အၾကား ပစ္ခတ္ တိုက္ခိုက္မွဳေတြရွိေနသလို ဖမ္းဆီးမွဳေတြကလဲ တိုးလာေနဆဲအေျခအေနမွာရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

ဖယ်ခုံမှာ ကရင်နီပူးပေါင်းအဖွဲ့နဲ့မြန်မာစစ်တပ်တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဘက်မှာ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်အကြား ဒီမနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သလို ချင်းပြည်နယ် မင်းတပ် မြို့နယ်ဘက်မှာလည်း မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်းရွာသားတွေ ဖမ်းဆီး ပစ်ခတ်ခံရမှု တွေလည်း ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာဘက်မှာ ထိုးစစ်ဆင်လာတဲ့မြန်မာစစ်တပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDFတာဝန်ရှိသူတဦးက ပြောပါတယ်။

“လက်ရှိတော့ ဖယ်ခုံမှာ PDF (၃) ဖွဲ့ ပေါင်းထားတဲ့အဖွဲ့လေ။ ဒီ (၃) ဖွဲ့နဲ့ အဲဒီမှာရှိတဲ့ KNDF တပ်ရင်းနဲ့ တော့ သူတို့ ပေါင်းပြီးတော့ ခုခံတိုက်ခိုက်နေတာပေါ့လေ။ ရှမ်းပြည်ကနေဆင်းလာတဲ့ စကစ ကို သူတို့ အခုဖြတ်တိုက်နေတယ်။ ဖယ်ခုံတိုက်ပွဲက ကျနော်တို့ဘက်က တယောက်ဒဏ်ရာရတယ်။ စကစ ဘက်က (၅) ဦးနဲ့ အထက်လောက်ကျတယ်။”

လက်ရှိတိုက်ပွဲဖြစ်ပွါးရာ ဖယ်ခုံမြို့နယ်ဘက်ကို ကယားပြည်နယ်လွိုင်ကော် ဒီးမော့ဆိုဘက်က မြန်မာ စစ်တပ်ကနေ စစ်ကူပို့လာနေဆဲလို့ သူကပြောပါတယ်။

မနေ့ကလည်း ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းမှာ မြန်မာစစ်တပ်ကနေ စစ်ကြောင်း (၃) ကြောင်း တပ်ဖြန့်ချီတက်လာတာမှာ ဒေသခံကရင်နီကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ပွါးရာ ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာဘက်မှာ ရွာသားတွေ ဘေးလွတ်ရာရှောင်တိမ်းနေ ရတယ်လို့ KNDF တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖယ်ခုံဘက်ဖြစ်ပွါးတဲ့ဒီကနေ့ တိုက်ပွဲ အခြေအနေ မသိသေးဘူးလို့ ပြောပါတယ်။

“ဒီမနက်ဖြစ်တာတွေ ကျနော်တို့လည်း မသိသေးဘူးဗျ။ မနေ့က မိုးဗြဲ၊ ဖယ်ခုံဘက်မှာမရှိပါဘူးဗျ။”

မနေ့က သြဂုတ်လ (၁၄) ရက်နေ့မှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရိက္ခာပြန် လာယူတဲ့ အမျိုးသားလေးဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ဒီးမော့ဆိုဒေသခံတဦးက အခုလို ပြောပါတယ်။

“မနေ့ကဖမ်းမိထားတဲ့လူ (၄) ယောက်က ဟိုတရက်ည စစ်ဖြစ်တော့ သူတို့ရှောင်တိမ်းနေရတယ် လေ။ နေ့လယ်လောက်မှာ သူတို့မိသားစုအတွက် သူတို့ရိက္ခာပြန်ယူပြီးတော့လမ်းမှာ စစ်ကြောင်းနဲ့ တိုးတော့ သူတို့ကိုဖမ်းသွားတာပေါ့။”
သြဂုတ်လ (၁၃) ရက်နေ့မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုမြို့နယ်မှာ အပြန်အလှန်ပစ်ခတ်ခဲ့လို့ ဒေသခံအများပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေတဲ့ချင်းပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေနဲ့ ဒေသခံတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း မနေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့ကတော့ မင်းတပ်ဘက်မှာတော့ ထိတွေ့မှုတခုဖြစ်တာရှိတယ်။ ကွီရွာဘက်မှာလားမသိ။ အဲဒီမှာတော့ ထိတွေ့မှု တခုရှိတယ်။ မနက် (၁၀) နာရီလောက်မှာဖြစ်ခဲ့တာရှိတယ်။ အကြမ်းဖက်အဖွဲ့နဲ့ ကျနော်တို့နယ်မြေလုံခြုံရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ (၁၅) မိနစ်လောက် ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ ကျနော်တို့ဆီက စစ်သည်တယောက် ဒဏ်ရာရရှိသွားတာရှိပါတယ်။”

ဒီကနေ့မှာတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကန့်သာရုံကျေးရွာအတွင်း မြန်မာစစ်တပ်ကနေ ပစ်ခတ်မှုကြောင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဒီမနက် (၁၁) ဝန်းကျင်မှာ ကန့်သာရုံကျေးရွာကို စစ်ကောင်စီအဖွဲ့တွေသွားတယ်။ အသက် (၃၀) အရွယ်ဦးထန်းဟုန်းနဲ့ သူရဲ့ သားလေး မောင်နိုင်းထားတို့ကို သူတို့ကသွားပစ်တယ်။ ဦးထန်းဟုန်း ကတော့ ဆီးခုံရယ်၊ ဒူးရယ်၊ လက်မောင်းရယ် ဒဏ်ရာ ရရှိတယ်။ နောက်ပြီးတော့ အခုမကွေးဆေးရုံကို ကြက်ခြေနီအဖွဲ့တွေကခေါ်သွားပြီ။ သူ့ရဲ့သားငယ် (၄) နှစ်ရှိ မောင်နိုင်းထားကျတော့ လည်ပင်းမှာ ကျည်ဆံရှပ်ထပြီးတော့မှ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးခင်ဗျ။”

မနေ့ကလည်း အဲဒီ ကန့်သာရုံကျေးရွာက အလယ်တန်းပြကျောင်းဆရာဦးအောင်ဖုန်းနဲ့ လူငယ် နှစ်ယောက်ကို စစ်တပ်က စစ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဖြစ်စဉ်မရှိခဲ့ဘူးလို့ ပြောပါတယ်။

“ကန်ပက်လက်မှာတော့မရှိပါဘူး။ ”

လက်ရှိရှမ်းပြည်နယ်ဖယ်ခုံ ကယားပြည်နယ်ဒီးမော့ဆို ဖရူဆို၊ လွိုင်ကော်၊ ချင်းပြည်နယ် မင်းတပ်၊ ဟားခါး၊ ကန်ပက်လက်မြို့ နယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုတွေရှိနေသလို ဖမ်းဆီးမှုတွေကလဲ တိုးလာနေဆဲအခြေအနေမှာရှိနေပါတယ်။

#MyanmarMilitaryCoup #MyanmarViolence #Kayah #KNDF #VOABurmese#ကရင်နီပူးပေါင်းအဖွဲ့#မြန်မာစစ်တပ်#စစ်အာဏာသိမ်း#ဖယ်ခုံ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG