သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုအတြက္ စာနာမႈအကူအညီ ေဒၚလာသန္း ၅၀ ေက်ာ္ ကန္ကူညီမည္


ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield

(zawgyi/unicode)

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္မႈေတြကေန အိုးအိမ္စြန႔္ ထြက္ေျပးေနရသူေတြအပါအဝင္ လူသားစာနာမႈအကူအညီ အေရးတႀကီးလိုအပ္ေနသူေတြအတြက္ အေမရိကန္ျပည္ေထာင္စုက ရန္ပုံေငြ ေဒၚလာ သန္း ၅၀ ေက်ာ္ ကူညီမယ္လို႔ ဒီကေန႔ေၾကညာပါတယ္။
ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ရဲ႕ ထိုင္းႏိုင္ငံခရီးစဥ္အတြင္း အခုလိုေၾကညာတာျဖစ္ၿပီး ထိုင္းႏိုင္ငံမွာ COVID-19 ေရာဂါတိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၅ သန္းကူညီမယ္လို႔ လည္း ေၾကညာပါတယ္။
ျမန္မာလူထုအတြက္ အကူအညီကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြကေနတဆင့္ ေပးမွာျဖစ္ၿပီး အေရးေပၚ စားနပ္ရိကၡာအကူအညီ၊ အသက္ကယ္ အကာအကြယ္၊ အမိုးအကာ၊ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေရနဲ႔ သန႔္ရွင္းေရးတို႔ ေထာက္ပံ့ကူညီဖိုွ႔ျဖစ္ပါတယ္။
ဒီအကူအညီဟာ ျမန္မာႏိုင္ငံကေန ထြက္ေျပးရသူေတြ၊ ႏိုင္ငံတြင္းမွာ အိုးအိမ္စြန႔္ ထြက္ေျပးရသူေတြအတြက္ ျဖစ္ပါတယ္။
အေမရိကန္လူထုရဲ႕ ဒီအကူအညီဟာ ျမန္မာလူထု ၇၀၀,၀၀၀ ေက်ာ္အတြက္ အက်ိဳးရွိေစမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာလူထု လိုအပ္ေနတဲ့ အေရးေပၚ လူသားစာနာမႈအကူအညီေတြကို ရက္ရက္ေရာေရာ ေပးအပ္ၾကဖို႔ တျခားအလႉရွင္ေတြကို မိမိတို႔ တိုက္တြန္းပါေၾကာင္း၊ ထိုင္းႏိုင္ငံနဲ႔ ကမာၻတဝန္းမွာ COVID-19 ေရာဂါကို တိုက္ဖ်က္ဖို႔နဲ႔ ကပ္ေရာဂါကို အဆုံးသတ္ေရး ပိုမိုလုပ္ေဆာင္တာမွာ မိမိတို႔နဲ႔ ပူးေပါင္းပါဝင္ၾကဖို႔လည္း ႏိုင္ငံတကာအသိုင္းအဝိုင္းကို တိုက္တြန္းပါေၾကာင္း ေျပာခြင့္ရ Ned Price ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေကနေ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအပါအဝင် လူသားစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေသူတွေအတွက် အမေရိကန်ပြည်ထောင်စုက ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ကျော် ကူညီမယ်လို့ ဒီကနေ့ကြေညာပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အခုလိုကြေညာတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၅ သန်းကူညီမယ်လို့ လည်း ကြေညာပါတယ်။
မြန်မာလူထုအတွက် အကူအညီကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ပေးမှာဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ် အကာအကွယ်၊ အမိုးအကာ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့ သန့်ရှင်းရေးတို့ ထောက်ပံ့ကူညီဖိုှ့ဖြစ်ပါတယ်။
ဒီအကူအညီဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးရသူတွေ၊ နိုင်ငံတွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေအတွက် ဖြစ်ပါတယ်။
အမေရိကန်လူထုရဲ့ ဒီအကူအညီဟာ မြန်မာလူထု ၇၀၀,၀၀၀ ကျော်အတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာလူထု လိုအပ်နေတဲ့ အရေးပေါ် လူသားစာနာမှုအကူအညီတွေကို ရက်ရက်ရောရော ပေးအပ်ကြဖို့ တခြားအလှူရှင်တွေကို မိမိတို့ တိုက်တွန်းပါကြောင်း၊ ထိုင်းနိုင်ငံနဲ့ ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကို တိုက်ဖျက်ဖို့နဲ့ ကပ်ရောဂါကို အဆုံးသတ်ရေး ပိုမိုလုပ်ဆောင်တာမှာ မိမိတို့နဲ့ ပူးပေါင်းပါဝင်ကြဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပါကြောင်း ပြောခွင့်ရ Ned Price ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG