သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီကို အၾကမ္းမဖက္ပဲ ၿငိမ္းခ်မ္းစြာေဖာ္ေဆာင္ၾကဖို႔ ၿဗိတိန္တိုက္တြန္း


ကေလးၿမိဳ႕မွာျပဳလုပ္တဲ့ ၂၁၀ ရက္ေျမာက္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (စက္တင္ဘာ ၅၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ျဖစ္လာမယ့္ပဋိပကၡေတြေၾကာင့္ အကာအကြယ္မဲ့သူေတြ၊ ကိုဗစ္-၁၉ ဆိုင္ရာက်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးတို႔အေပၚမွာ ထိခိုက္နစ္နာေစလိမ့္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံရံုးက အဂၤါေန႔က သတိေပးေျပာၾကားလိုက္ပါတယ္။

အမ်ဳိးသားညီၫြတ္ေရးအစိုးရ NUG ကေန လက္နက္ကိုင္ေတာ္လွန္ေရးစတင္လိုက္ေၾကာင္း စက္တင္ဘာလ (၇)ရက္ေန႔က ေၾကညာၿပီးေနာက္ ထုတ္ျပန္တဲ့ ၿဗိတိန္သံရံုးရဲ႕ေၾကညာခ်က္မွာ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ေဖၚေဆာင္ႏိုင္ေရး ၿငိမ္းခ်မ္းစြာ ႀကိဳးပမ္းအားထုတ္မႈကို ၿဗိတိန္ႏိုင္ငံက ေထာက္ခံေၾကာင္းနဲ႔ သက္ဆိုင္ရာအဖဲြ႕အစည္းအားလံုးအေနနဲ႔ ေတြ႕ဆံုေဆြးေႏြးတဲ့လမ္းေၾကာင္းနဲ႔ ေဆာင္ရြက္ၾကဖို႔ တိုက္တြန္းေၾကာင္း ေဖၚျပထားပါတယ္။ ဒါအျပင္ စစ္အာဏာသိမ္းမႈနဲ႔ လူမဆန္တဲ့ လုပ္ရပ္ေတြကို ၿဗိတိန္အေနနဲ႔ အျပင္းအထန္ရွဳတ္ခ်ေၾကာင္းလည္း ေရးသားထားပါတယ္။

စစ္အာဏာသိမ္းမႈဆန္႔က်င္ေရးလႈပ္ရွားမႈကို တႏိုင္ငံလံုးခုခံၾကဖို႔ NUG အစိုးရရဲ႕ ေၾကညာခ်က္ အဂၤါေန႔က ထြက္လာၿပီးေနာက္ စိုးရိမ္ေနၾကတဲ့ ရန္ကုန္ၿမိဳ႕ခံေတြဟာ အစားအေသာက္၊ ကုန္ပစၥည္းေတြကို အျမန္၀ယ္ယူစုေဆာင္းေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕ စူပါမားကတ္ေတြနဲ႔ အျခားကုန္ပစၥည္းေတြေရာင္း၀ယ္တဲ့ ေနရာေတြမွာ တန္းစီေစာင့္ဆိုင္းေနတဲ့ ရွည္လ်ားလွတဲ့ ေစ်း၀ယ္သူေတြဟာ ဆန္၊ ေခါက္ဆဲြ၊ ဆီစတဲ့ အေျခခံစားေသာက္ကုန္ေတြ ၀ယ္ယူေနတာေတြ႕ျမင္ခဲ့ၾကရပါတယ္။

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ စက္တင္ဘာလ ၇ ရက္ေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ျမန္မာတႏိုင္ငံလံုး အေရးေပၚအေျခအေန ေၾကညာထားၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး ခုခံတြန္းလွန္စစ္မွာ တႏိုင္ငံလံုး ပူးေပါင္းပါ၀င္ဖို႔၊ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမွဴးမ်ား အားလံုး အလုပ္ကေန ထြက္ခြာဖို႔နဲ႔ အစိုးရ၀န္ထမ္းေတြအားလံုး ရံုးမတက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဒီမိုကရေစီကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာဖော်ဆောင်ကြဖို့ ဗြိတိန်တိုက်တွန်း

မြန်မာနိုင်ငံမှာ နောက်ထပ်ဖြစ်လာမယ့်ပဋိပက္ခတွေကြောင့် အကာအကွယ်မဲ့သူတွေ၊ ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ်မှာ ထိခိုက်နစ်နာစေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အင်္ဂါနေ့က သတိပေးပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ လက်နက်ကိုင်တော်လှန်ရေးစတင်လိုက်ကြောင်း စက်တင်ဘာလ (၇)ရက်နေ့က ကြေညာပြီးနောက် ထုတ်ပြန်တဲ့ ဗြိတိန်သံရုံးရဲ့ကြေညာချက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖေါ်ဆောင်နိုင်ရေး ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ဗြိတိန်နိုင်ငံက ထောက်ခံကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းနဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။ ဒါအပြင် စစ်အာဏာသိမ်းမှုနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ဗြိတိန်အနေနဲ့ အပြင်းအထန်ရှုတ်ချကြောင်းလည်း ရေးသားထားပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို တနိုင်ငံလုံးခုခံကြဖို့ NUG အစိုးရရဲ့ ကြေညာချက် အင်္ဂါနေ့က ထွက်လာပြီးနောက် စိုးရိမ်နေကြတဲ့ ရန်ကုန်မြို့ခံတွေဟာ အစားအသောက်၊ ကုန်ပစ္စည်းတွေကို အမြန်ဝယ်ယူစုဆောင်းနေကြပါတယ်။

ရန်ကုန်မြို့ စူပါမားကတ်တွေနဲ့ အခြားကုန်ပစ္စည်းတွေရောင်းဝယ်တဲ့ နေရာတွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ရှည်လျားလှတဲ့ ဈေးဝယ်သူတွေဟာ ဆန်၊ ခေါက်ဆွဲ၊ ဆီစတဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ယူနေတာတွေ့မြင်ခဲ့ကြရပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စက်တင်ဘာလ ၇ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာတနိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်မှာ တနိုင်ငံလုံး ပူးပေါင်းပါဝင်ဖို့၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အားလုံး အလုပ်ကနေ ထွက်ခွာဖို့နဲ့ အစိုးရဝန်ထမ်းတွေအားလုံး ရုံးမတက်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG