သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးေတဇနဲ႔စီးပြားေရးလုပ္ငန္းေတြ ၿဗိိတိန္အေရးယူမႈ ကန္ႀကိဳဆို


အမေရိကန္ နိုင္ငံျခားေရး၀န္ၾကီး Antony Blinken (ဓာတ္ပံု -AP)

(Zawgyi/Unicode)

ျမန္မာစီးပြားေရးလုပ္ငန္းရွင္ႀကီးတဦးျဖစ္သူ ဦးေတဇနဲ႔ သူ႔ရဲ႕စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္အေရးယူလိုက္တဲ့အေၾကာင္း ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Dominic Raab က ေၾကညာခ့ဲတာကို ႀကိဳဆိုတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က Twitter မွာေရးပါတယ္။

႐ိုဟင္ဂ်ာမြတ္ဆလင္ေတြနဲ႔ တျခား လူနည္းစုတိုင္းရင္းသားေတြကို စစ္တပ္က ရက္ရက္စက္စက္ အၾကမ္းဖက္လုပ္ရပ္ေတြ က်ဴးလြန္ႏုိင္ေအာင္ ဘ႑ာေငြေၾကးအေထာက္အပံ့နဲ႔ လက္နက္ခဲယမ္းေတြ ဝယ္ေပးခဲ့တဲ့အတြက္ ဆိုၿပီး ဦးေတဇနဲ႔ သူပိုင္ ထူးကုမၸဏီအုပ္စုကို ၿဗိတိန္ႏုိင္ငံက ၾကာသပေတးေန႔မွာ ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ခဲ့တာပါ။

၂၀၁၇ ခုႏွစ္အတြင္း စစ္တပ္ကက်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ႔ ႐ိုဟင္ဂ်ာရွင္းလင္းေရးအစီအစဥ္ေတြမွာ အသုံးျပဳဖို႔ လက္နက္ပြဲစားတဦးအေနနဲ႔ ဦးေတဇက လက္နက္ခဲယမ္းေတြ ၀ယ္ယူေပးခဲ့တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနရဲ႕ မေန႔ကထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ျဖစ္ေပၚေစတဲ့ေနရာေတြမွာ အသုံးျပဳခဲ့တဲ့ နည္းပညာေတြ ရရွိေရးအတြက္လည္း ဦးေတဇက ဘ႑ာေငြေၾကး ေထာက္ပံ့ေပးခဲ့တယ္လို႔ အဲဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့အေပၚ ႏုိ္င္ငံအမ်ားအျပားက ျပစ္တင္ ေဝဖန္ ႐ႈတ္ခ်ၾကေပမယ့္လည္း စစ္တပ္ရဲ႕လုပ္ရပ္ ေျပာင္းလဲသြားေအာင္ ထိထိေရာက္ေရာက္လုပ္ႏုိင္တာ မရွိလွဘဲ အခုလို ဒဏ္ခတ္အေရးယူမႈေတြခ်တာက အျပင္းထန္ဆံုး လုပ္ႏုိင္တာပဲျဖစ္ပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အပါအဝင္ ထိပ္တန္းစစ္ေခါင္းေဆာင္ေတြနဲ႔ သူတို႔ရဲ႕မိသားစုေတြ၊ စစ္တပ္ပိုင္နဲ႔ စစ္တပ္နဲ႔ဆက္စပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ၊ စစ္ေခါင္းေဆာင္ေတြနဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို အေမရိကန္နဲ႔ ၿဗိတိန္တို႔လို အေနာက္ႏုိင္ငံတခ်ုိ႕က ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ သူတို႔ဟာ ဒဏ္ခတ္အေရးယူမႈနဲ႔ အထီးက်န္ျဖစ္ေအာင္ ဖယ္ထုတ္တာေတြကို မမႈဘူးလို႔ တံု႔ျပန္ထားပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


ဦးတေဇနဲ့စီးပွားရေးလုပ်ငန်းတွေ ဗြိတိန်အရေးယူမှု ကန်ကြိုဆို

(Unicode)

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်သူ ဦးတေဇနဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူလိုက်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြေညာခဲ့တာကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Twitter မှာရေးပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြား လူနည်းစုတိုင်းရင်းသားတွေကို စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နိုင်အောင် ဘဏ္ဍာငွေကြေးအထောက်အပံ့နဲ့ လက်နက်ခဲယမ်းတွေ ဝယ်ပေးခဲ့တဲ့အတွက် ဆိုပြီး ဦးတေဇနဲ့ သူပိုင် ထူးကုမ္ပဏီအုပ်စုကို ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့တာပါ။

၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာရှင်းလင်းရေးအစီအစဉ်တွေမှာ အသုံးပြုဖို့ လက်နက်ပွဲစားတဦးအနေနဲ့ ဦးတေဇက လက်နက်ခဲယမ်းတွေ ဝယ်ယူပေးခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့နေရာတွေမှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ ရရှိရေးအတွက်လည်း ဦးတေဇက ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့အပေါ် နိုင်ငံအများအပြားက ပြစ်တင် ဝေဖန် ရှုတ်ချကြပေမယ့်လည်း စစ်တပ်ရဲ့လုပ်ရပ် ပြောင်းလဲသွားအောင် ထိထိရောက်ရောက်လုပ်နိုင်တာ မရှိလှဘဲ အခုလို ဒဏ်ခတ်အရေးယူမှုတွေချတာက အပြင်းထန်ဆုံး လုပ်နိုင်တာပဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ စစ်တပ်ပိုင်နဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့လို အနောက်နိုင်ငံတချို့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ဟာ ဒဏ်ခတ်အရေးယူမှုနဲ့ အထီးကျန်ဖြစ်အောင် ဖယ်ထုတ်တာတွေကို မမှုဘူးလို့ တုံ့ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG