သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဦးတေဇနဲ့ ထူးကုမ္ပဏီအုပ်စုကို ဗြိတိန် ဒဏ်ခတ်အရေးယူ


မြန်မာစစ်တပ် ကြည်း၊ရေ၊လေ ပူးတွဲ စစ်ရေးလေ့ကျင့်စဉ် (ဓာတ်ပုံ -AP)
မြန်မာစစ်တပ် ကြည်း၊ရေ၊လေ ပူးတွဲ စစ်ရေးလေ့ကျင့်စဉ် (ဓာတ်ပုံ -AP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထား အရေးယူတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာချက်လိုက်ပါတယ်။

မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူပေးနေတာကြောင့် ထူးကုမ္ပဏီနဲ့ ကုမ္ပဏီတည်ထောင်သူ ဦးတေဇရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကကျူးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာရှင်းလင်းရေးအစီအစဉ်တွေမှာ အသုံးပြုဖို့ လက်နက်ပွဲစားတဦးအနေနဲ့ ဦးတေဇက ဝယ်ယူပေးခဲ့တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့နေရာတွေမှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ ရရှိရေးအတွက်လည်း ဦးတေဇက ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ခေါင်းဆောင်တွေအပါအဝင် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တချို့ကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုမှာ အသုံးပြုတဲ့ လက်နက်တွေ ဝယ်ယူရေး စစ်တပ်က ငွေကြေးရရှိအောင်၊ ဒါမှမဟုတ် အဲဒီအတွက် ပံ့ပိုးပေးနေသူတွေကို ဗြိတိန်အနေနဲ့ လက်တွဲဖော်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်


ဦးတဇေနဲ့ ထူးကုမ်ပဏီအုပျစုကို ဗွိတိနျ ဒဏျခတျအရေးယူ

(Unicode)






XS
SM
MD
LG