သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ၀န္ႀကီးတခ်ဳိ႕အေပၚ ဆြစ္ဇာလန္ ဒဏ္ခတ္အေရးယူမႈအသစ္ ခ်မွတ္


အာဏာသိမ္းျမန္မာစစ္ဗိုလ္ခ်ဳပ္မ်ား (ဓာတ္ပံု - Thet aung/ AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း အၾကမ္းဖက္ ႏွိပ္ကြပ္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတာေၾကာင့္ စစ္တပ္အေပၚ ဆြစ္ဇာလန္ႏိုင္ငံက ဒီကေန႔ ဇူလိုင္လ ၁ ရက္ေန႔မွာ ဒဏ္ခတ္အေရးယူမႈအသစ္ေတြ ထပ္မံ ခ်မွတ္လိုက္ပါတယ္။ ႏိုင္ငံေတာ္ေရွ႕ေနခ်ဳပ္၊ ၀န္ႀကီး ၅ ဦးနဲ႔ ဒု၀န္ႀကီး ၂ ဦး စုစုေပါင္း ၈ ဦးအေပၚ ပစ္မွတ္ထား အေရးယူမႈေတြ ခ်မွတ္လိုက္တာပါ။

ဒဏ္ခတ္အေရးယူျခင္းခံရတဲ့စာရင္းထဲမွာ ပါ၀င္တဲ့သူေတြကေတာ့ စစ္ေကာင္စီ၀န္ႀကီး ၅ ဦးျဖစ္တဲ့ ျပည္ထဲေရး၀န္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြတ္၊ နယ္စပ္ေရးရာ၀န္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ႀကီးဌာနနဲ႔ စက္မႈ၀န္ႀကီးဌာန ၀န္ႀကီး ဦး၀င္းရွိန္၊ သဘာ၀အရင္းအျမစ္နဲ႔ ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ဗိုလ္မႈးႀကီး ခင္ေမာင္ရီ၊ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး၀န္ႀကီး ေရတပ္ဗိ္ုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းတို႔ျဖစ္ၾကပါတယ္။ ဒီ၀န္ႀကီး ၅ ဦးအျပင္ ႏိုင္ငံေတာ္ေရွ႕ေနခ်ဳပ္ ေဒၚသီတာဦး၊ ကာကြယ္ေရး၀န္ႀကီးဌာ ဒုတိယ၀န္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္လင္းထြန္းနဲ႔ စစ္ေကာင္စီေျပာခြင့္ရ ျပန္ၾကားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းတို႔လည္း ပါ၀င္ပါတယ္။

အခု ဒဏ္ခတ္ အေရးယူခံရတဲ့သူေတြဟာ “ျမန္မာႏိုင္ငံအတြင္း ဒီမိုကေရစီနဲ႔ တရားဥပေဒစိုးမိုးေရးကိစၥေတြ ထိခိုက္ ပ်က္ျပားေစတဲ့ မူဝါဒေတြ ခ်မွတ္တဲ့ေနရာမွာ ပါ၀င္ခဲ့သလို ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး၊ လုံျခံဳေရးနဲ႔ တည္ၿငိမ္မႈကို ၿခိမ္းေခ်ာက္တဲ့ လုပ္ရပ္ေတြကို လုပ္ေဆာင္ေနေၾကာင္း” ဆြစ္ဇာလန္ႏိုင္ငံ စီးပြားေရးရာဌာန အတြင္း၀န္႐ုံးက ဒီကေန႔ ၾကာသပေတးေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခု အေရးယူခံရတဲ့ လူပုဂၢဳိလ္ေတြအေနနဲ႔ ဆြစ္ဇာလန္ႏိုင္ငံကို လာေရာက္ခြင့္ ပိတ္ပင္ခံရတာအျပင္ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း ထိန္းခ်ဳပ္ခံထားၾကရမွာ ျဖစ္ပါတယ္။

ေက်ာက္မ်က္ရတနာနဲ႔ သစ္လုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ လုပ္ငန္း ၄ ခုကိုလည္း ဒီ အေရးယူ ဒဏ္ခတ္မႈအသစ္ထဲ ထည့္သြင္းလိုက္ပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံက အခုခ်မွတ္လိုက္တဲ့ ဒဏ္ခတ္ အေရးယူမႈအသစ္ေတြဟာ အီးယူ - ဥေရာပသမဂၢက ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ခ်မွတ္ခဲ့တဲ့ ဒဏ္ခတ္ အေရးယူမႈေတြနဲ႔ တထပ္တည္း ျဖစ္ပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ထိပ္တန္း စစ္ေခါင္းေဆာင္ ၉ ဦးတို႔အျပင္ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌတို႔ကို ဆြစ္ဇာလန္က ဧၿပီလအတြင္း ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ခဲ့ၿပီး ျဖစ္ပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


စစ်ကောင်စီဝန်ကြီးတချို့အပေါ် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှုအသစ် ချမှတ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်တပ်အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ပါတယ်။ နိုင်ငံတော်ရှေ့နေချုပ်၊ ဝန်ကြီး ၅ ဦးနဲ့ ဒုဝန်ကြီး ၂ ဦး စုစုပေါင်း ၈ ဦးအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်လိုက်တာပါ။

ဒဏ်ခတ်အရေးယူခြင်းခံရတဲ့စာရင်းထဲမှာ ပါဝင်တဲ့သူတွေကတော့ စစ်ကောင်စီဝန်ကြီး ၅ ဦးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွတ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်၊ သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဗိုလ်မှုးကြီး ခင်မောင်ရီ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ဖြစ်ကြပါတယ်။ ဒီဝန်ကြီး ၅ ဦးအပြင် နိုင်ငံတော်ရှေ့နေချုပ် ဒေါ်သီတာဦး၊ ကာကွယ်ရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနဲ့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့လည်း ပါဝင်ပါတယ်။

အခု ဒဏ်ခတ် အရေးယူခံရတဲ့သူတွေဟာ “မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ ထိခိုက် ပျက်ပြားစေတဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာ ပါဝင်ခဲ့သလို နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းချောက်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြောင်း” ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာဌာန အတွင်းဝန်ရုံးက ဒီကနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု အရေးယူခံရတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို လာရောက်ခွင့် ပိတ်ပင်ခံရတာအပြင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ခံထားကြရမှာ ဖြစ်ပါတယ်။

ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်း ၄ ခုကိုလည်း ဒီ အရေးယူ ဒဏ်ခတ်မှုအသစ်ထဲ ထည့်သွင်းလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံက အခုချမှတ်လိုက်တဲ့ ဒဏ်ခတ် အရေးယူမှုအသစ်တွေဟာ အီးယူ - ဥရောပသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချမှတ်ခဲ့တဲ့ ဒဏ်ခတ် အရေးယူမှုတွေနဲ့ တထပ်တည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်း စစ်ခေါင်းဆောင် ၉ ဦးတို့အပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့ကို ဆွစ်ဇာလန်က ဧပြီလအတွင်း ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG