သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္သစ္ ခန္႔အပ္


Mr. Pete Vowles

Zawgyi/Unicode

ျမန္မာႏိုင္ငံဆုိင္ရာ ၿဗိတိန္သံအမတ္သစ္ ခန္႔အပ္လိုက္တဲ့အေၾကာင္း ၿဗိတိန္ႏုိင္ငံျခားေရးဌာနက ေၾကညာပါတယ္။
လက္ရွိသံအမတ္ႀကီး Dan Chugg ေနရာမွာ သံအမတ္ႀကီး Pete Vowles ကို ဒီေန႔ပဲ အသစ္ခန္႔အပ္လိုက္တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ေၾကညာတာပါ။
သံအတ္ႀကီး Vowles ဟာ အရင္တံုးက ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ အာဖရိကနဲ႔ အာရွေဒသဆိုင္ရာက႑ေတြနဲ႔ က်န္းမာေရး၊ လံုၿခံဳေရးဆိုင္ရာေတြမွာလည္း တာဝန္ယူခဲ့သူျဖစ္ပါတယ္။
အခု သံအမတ္ႀကီးရာထူးသစ္ကို ၾသဂုတ္လကစၿပီး တာဝန္ထမ္းေဆာင္မွာျဖစ္တယ္လို႔လည္း ၿဗိတိန္ႏိုင္ငံျခားေရးေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
သံအမတ္ႀကီး Vowels ဟာ ၂၀၁၈ ခုႏွစ္ကေန အခုရာထူးသစ္မယူခင္အထိ အရင္ DFID လို႔ အတိုေကာက္ေခၚတဲ့ ၿဗိတိန္ ႏိုင္ငံတကာဖြံ႔ၿဖိဳးေရးဌာနရဲ့ အာရွ၊ ကာရစ္ဘီယံနဲ႔ ႏိုင္ငံျခားေဒသမ်ားဆိုင္ရာ ညႊန္ၾကားေရးမွဴးတာဝန္ ယူခဲ့ပါတယ္။
ဒီ့မတိုင္ခင္ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အတြင္းမွာေတာ့ DFID ရဲ့ ကင္ညာႏိုင္ငံဆိုင္ရာ ညႊန္ၾကားေရးမွဴးျဖစ္ခဲ့ၿပီး ဒီ့အရင္ကလည္း အိႏိၵယအျပင္ အာဖဂန္နစၥတန္မွာ စီမံမူနဲ႔လံုၿခံဳေရးတာဝန္ေတြ၊ ေနာက္ ဘဂၤလားေဒ့ရွ္မွာလည္း ကမာၻ႔ဘဏ္ရဲ့က်န္းမာေရးအၾကံေပးလုပ္ခဲ့ဖူးပါတယ္။
အခုလိုအခ်ိန္မွာ ျမန္မာဘက္ကလည္း စစ္ေကာင္စီကို ဆန္႔က်င္ခဲ့တဲ့ ျမန္မာသံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းကို ဖယ္ရွားခဲ့ၿပီး သံအမတ္သစ္အျဖစ္ခန္႔ထားတဲ့ ေလတပ္အရာရွိေဟာင္း ဦးထြန္းေအာင္ေက်ာ္ကို ၿဗိတိန္ဘက္ကလည္း အသိအမွတ္ျပဳ၊ ဗီဇာေပးေရး ဆံုးျဖတ္ရဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====================
Unicode

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ် ခန့်အပ်လိုက်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
လက်ရှိသံအမတ်ကြီး Dan Chugg နေရာမှာ သံအမတ်ကြီး Pete Vowles ကို ဒီနေ့ပဲ အသစ်ခန့်အပ်လိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ကြေညာတာပါ။
သံအတ်ကြီး Vowles ဟာ အရင်တုံးက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဖရိကနဲ့ အာရှဒေသဆိုင်ရာကဏ္ဍတွေနဲ့ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာတွေမှာလည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အခု သံအမတ်ကြီးရာထူးသစ်ကို သြဂုတ်လကစပြီး တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သံအမတ်ကြီး Vowels ဟာ ၂၀၁၈ ခုနှစ်ကနေ အခုရာထူးသစ်မယူခင်အထိ အရင် DFID လို့ အတိုကောက်ခေါ်တဲ့ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာနရဲ့ အာရှ၊ ကာရစ်ဘီယံနဲ့ နိုင်ငံခြားဒေသများဆိုင်ရာ ညွှန်ကြားရေးမှူးတာဝန် ယူခဲ့ပါတယ်။
ဒီ့မတိုင်ခင် ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ DFID ရဲ့ ကင်ညာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး ဒီ့အရင်ကလည်း အိန္ဒိယအပြင် အာဖဂန်နစ္စတန်မှာ စီမံမူနဲ့လုံခြုံရေးတာဝန်တွေ၊ နောက် ဘင်္ဂလားဒေ့ရှ်မှာလည်း ကမ္ဘာ့ဘဏ်ရဲ့ကျန်းမာရေးအကြံပေးလုပ်ခဲ့ဖူးပါတယ်။
အခုလိုအချိန်မှာ မြန်မာဘက်ကလည်း စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဖယ်ရှားခဲ့ပြီး သံအမတ်သစ်အဖြစ်ခန့်ထားတဲ့ လေတပ်အရာရှိဟောင်း ဦးထွန်းအောင်ကျော်ကို ဗြိတိန်ဘက်ကလည်း အသိအမှတ်ပြု၊ ဗီဇာပေးရေး ဆုံးဖြတ်ရဖို့ရှိနေပါတယ်။

#BritainMyanmar #MyanmarDiplomacy #voaburmese #ဗြိတိန်သံအမတ် #မြန်မာ့သံတမန်ရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG